ကျင့်ရင်ရတယ်၊ လုပ်ရင်ရတယ်

Share

ကျင့်ရင်ရတယ်၊ လုပ်ရင်ရတယ်

download (2)လူငယ်လူရွယ်တော်တော်များများက ကျင့်ရင်ရတယ်၊ လုပ်ရင်ရတယ်၊ ကျင့်မှရမယ်ဆိုပြီး ယုံကြည်ချက်တွေ ပြင်းထန်လာတယ်။ ပွင့်အံလာတယ်။ အင်မတန်ကောင်းတဲ့ ခေတ်သမယလိုဖြစ်ပြီးတော့ ကြိုဆိုရမှာဖြစ်ပါတယ်။ အနုပညာပဲလိုက်လိုက်၊ ကွန်ပျူတာလိုင်းပဲလိုက်လိုက်၊  အားကစားလိုင်းပဲလိုက်လိုက်၊ ပညာရေးပဲလိုက်လိုက် ကြိုးစားရင်ဖြစ်တာပဲ၊ ကျင့်ရင်ဖြစ်တာပဲ ဆိုတဲ့ယုံကြည်ချက်က တော်တော်လေး  ပီပီပြင်ပြင် တည်ဆောက်လာနိုင်ကြတယ်။

တိုင်းပြည်ရဲ့ တိုးတက်ဖို့အတွက် လင်းရောင်ခြည်သန်းသကဲ့သို့ ယူဆနိုင်ပါတယ်။ အလုပ်လုပ်မှ ဖြစ်မယ်၊ အကျင့်ကျင့်မှ ဖြစ်မယ် ဆိုတဲ့ခံယူချက်ရှိမှ နောက်ပြီး စိတ်ဓာတ်ကျ အားငယ်စရာ မလိုပါဘူး။ အလုပ်မှ မလုပ်ရသေးတာ။ ဇွဲနဲ့ အသည်းနဲ့လုပ်တဲ့အခါကျ လုပ်ပါများ လာတဲ့အခါ အောင်မြင်မှုတွေက ရလာတာပဲ။ ဒီတော့ အကျင့်က အရေးကြီးပါတယ်။ ယောဂီတွေကျင့်နေလို့ သိပ်ဝမ်းသာစရာ ကောင်းတယ်။ ကျင့်ပါ၊ တစ်နေ့ ၅ မိနစ်ရရ၊ ၁၀ မိနစ် ရရ၊ နာရီဝက်ရရ၊ ၁ နာရီ ရရ ကြိုက်သလို ကျင့်ပါ။ ကျင့်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အများကြီးတည်ဆောက်နိုင်ပါတယ်။ လက်တွေ့ကျင့်လေ ကောင်းလေပါပဲ။ လက်တွေ့ကျင့်မှတော့ ကောင်းတယ်။ လက်တွေ့ကျင့်ဖို့လည်းလိုအပ်တယ်။ လက်တွေ့ကျင့်မှလည်းဖြစ်မယ်။ မကျင့်ရင် ကျင့်ခြင်းကြောင့်ရတဲ့ အမြတ်တွေ မရပါဘူး။ ဒါကို စာရေးသူ ထပ်ပြောမယ်။ မကျင့်လို့ရှိရင် ကျင့်လို့ရတဲ့ အသိပညာမျိုး မရနိုင်ဘူး။ မကျင့်ဘဲနဲ့ အပျင်းထူနေလို့ရှိရင်တော့၊ ဆင်ခြေပေးနေလို့ရှိရင်တော့ အောင်မြင်တဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဘူး။ အောင်မြင်တဲ့ပုဂ္ဂိုလ်ဟာ အကျင့် ကျင့်ကို ကျင့်ရမယ်။ ဒါဟာ ဒီခေတ်မှာ ပီပြင်တဲ့ သမိုင်းအမြင်တစ်ခုဖြစ်တယ်။ ဒီသမိုင်းအမြင် ဒဿနခံယူချက်ကို  ခံယူလာမှ အားလုံးလဲတိုးတက်မယ်။ ဒီတော့ အကျင့်ပိုင်းကနေ အားပေးပြီးတဲ့နောက် မြေတောင်မြှောက် လမ်းဖွင့်ခြင်းဟာ အကောင်းဆုံးပါပဲ။ စာရေးသူတို့လဲ ကျင့်ခဲ့တာပဲ။ ကျင့်တာ ဇွဲနဲ့ အသည်းနဲ့ကျင့်ရတာ တစ်ခုပါပဲ။ ကျင့်တယ်ဆိုပြီးတော့ ပစ်ထားလို့တော့မရဘူး။ ကျင့်၊ ရသလောက် ကျင့်။ တံစက်မြိတ်ကရေ ကျရင်းကျရင်းနဲ့ စဥ့်အိုးပြည့်တယ်ဆိုတာမျိုးလိုပဲ။ ကျင့်ရမှာပဲ။ သဲကန္တာရကြီးဟာ တစ်ပွင့် တစ်ပွင့်ခြင်းပေါင်းသလိုပဲ။ ကျင့်ပါများတဲ့အခါကျတော့ အဲ့ဒီ ကျင့်ခြင်းကြောင့် ရတဲ့ဂုဏ်ဟာ အင်မတန်ကို အားရှိစရာကောင်းကြောင်း သတင်ကောင်းပေးလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်()  

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *