မြတ်ပန်းမွှေးလှိုင်ကြူ -13

 

ဤလောက၌ အတွင်းကမ္ဘာကို နိုင်သောသူသည်

အရာရာကို နိုင်သောသူ ဖြစ်မည်တကား

 

            တစ်ဦးတည်း ကောက်ချက်ချနေမိသေးသည်။ မိမိသည် သဘာဝကျလျက် အေးအေးဆေးဆေး ရှိလှသည်။ ချောက်ချောက်ချားချား ဘာတစ်ခုမျှ မဖြစ်။ မိမိ ကျောင်းသင်္ခန်း၌ နေရသလိုရှိသည်။

တောကြီးမျက်မဲ ဂူကြီးထဲ တစ်ဦးတည်း တရားကျင့်နေရသည်ဟူသော အသိမျိုးနှင့်မတူ။ အစစ ဣနြေ္ဒ ရလျက်ရှိသည်။ လုပ်သင့်သော ၀ိပဿနာနည်းကိုသာ ရှုသတ်ဆင်ခြင်လျက် ရှိ၏။

အဆက်မပြတ် အားထုတ်နေသည်။ ခန္ဓာဉာဏ်စိုက်လျက်ရှိ၏။ အသိသည် ဉာဏ်၌ကိန်းနေ၏။ ဉာဏ်သိသာ ရှင်သန်နေ၏။ ထို့ကြောင့် ဟဒယသည် ဤမျှ ငြိမ်သက်ငြိမ်းချမ်းနေခြင်းဖြစ်မည်။ ၌ ဉာဏ်လွတ်၌တော့ မဖြစ်မှန်းသိသည်။

ဟဒယ၌ ဉာဏ်စိုက်ရှုရာ နှိုက်နှိုက်ချွတ်ချွတ် လှိုက်လှိုက်လှဲလှဲ ထိုးဖေါက်ရှုတတ်လေ ထိမိလေဖြစ်၏။ တရားရှုသတ်ရာ၌ အပေါ်ယံ ရှပ်၍မရှုအပ်၊ ဇစ်ဇစ်မြစ်မြစ် အခြေခံ မြေလှန်၍ ကုန်စင်အောင်ရှု၊ ကုန်သွားလျှင် ကိစ္စအေးမည်ဟု ယုံကြည်ချက်ရှိရမည်။

`တဏှာ နိရောဓော နိဗ္ဗာနံ´ ဟု ဆိုမိန့်ထားသည် မဟုတ်ပါလော။

ပဋိစ္စသမုပ္ပါဒ်ကို ဤနည်းဖြင့် ဖြတ်ရသည်။ ၀ိဇ္ဇာဉာဏ်သည် အဘယ်မည်သော သမုဒယကို အကြွင်း အကျန် လက်ခံထားမည်နည်း။ သမုဒယကုန်လျှင် ဒုက္ခချုပ်ရမည် မဟုတ်ပါလော။ ဒုက္ခကို ဒုက္ခမှန်း မသိသေးသမျှ သံသရာ စက်ရဟတ် လည်ပတ်နေဦးမည်သာ။

ဒုက္ခအမှန် အသိဉာဏ်ရောက်မှ သစ္စာဆိုက်မည်။

ဒုက္ခ မလိုချင်ခြင်းသည် သမုဒယ ပယ်ခြင်းဖြစ်၏။

ဒုက္ခကို မလိုချင်ခြင်းသည် ဒုက္ခကို လိုချင်သောသမုဒယအား ပယ်သတ်လိုက်ခြင်း မဟုတ်ပါလော။ မည်သို့ဆင်ခြင်မည်နည်း။

အကျိုးတရားကို ရလိုခြင်းသည် အကြောင်းခံခြင်းဖြစ်၏။

ရလိုခြင်း အကြောင်းခံ၍ ဒုက္ခဖြစ်ရသည်။ ဒုက္ခကို မရလိုခြင်းသည် (၀ါ) ပယ်သတ်လိုခြင်းသည် သမုဒယကို အကြောင်းမပြုခြင်းပင်။

သမုဒယကို အကြောင်းခံအဖြစ် ရင်ဝယ်မသိမ်းပိုက်လျှင် အကျိုးဒုက္ခသည် လာဦးမည်လော။

သမုဒယကို သတ်ခြင်းကြောင့် ဒုက္ခသေရသည်။ ဒုက္ခ သေဆုံးချုပ်ငြိမ်းလျှင် သုခပေါ်တော့မည်။

မမြဲခြင်း၏ နိဂုံး၌ မြဲခြင်းရှိ၏။

            ဒုက္ခ၏ အဆုံးစွန် လွန်မြောက်ရာမှာ သုခရှိ၏။

            မပိုင်ဆိုင်ခြင်း၏ အခြားတဘက်မှာ – 

            ပိုင်ဆိုင်ခြင်းရှိ၏။

            ၃၁ ဘုံသည် ပျက်နေ၏။

            နိဗ္ဗာန်သည် မြဲ၏။ တည်ငြိမ်၏။

            ၃၁ ဘုံ၌ ရုပ်နာမ်သည် အနိစ္စဖြစ်၏။

   လောကုတ္တရာ၌ နိဗ္ဗာန်သည် နိစ္စဖြစ်၏။

   ပြုပြင်ရာသည် စိတ် စေတသိက် ရုပ်ဖြစ်၏။

မပြုပြင်ရာသည် ဖြစ်၏။

 

သတိရှင် အသိဝင်နိုင်ကြပါစေဟု ဆန္ဒပြု၏။ နိဗ္ဗာန်သည် ကိလေသာ အကာခွံ ခွာချပြီးမှ မြင်အပ်၏။ ကိလေသာနှင့် နိဗ္ဗာန်သည် မအပ်စပ်ချေ၊ ဉာဏ်သည် ကိလေသာကိုသတ်၏။ ပြီးစီးလျှင် နိဗ္ဗန်အကြောင်း ထိုးထွင်းဆင်ခြင်၏။ ကိလေသာသည် ရုပ်နာမ်ကို ချယ်လှယ်၏။ ဉာဏ်နဲသူသည် ကိလေသာ၏ ကျေးကျွန်ဖြစ်၏။

ထိုသူအတွက် နိဗ္ဗန်တံခါး ပိတ်ထားသည်။ ထိုသူသည် နိဗ္ဗာန်အကြောင်းကို မသိနိုင်၊ ဉာဏ်ရှိသူသည် ကိလေသာကို အံတု၏။ တိုက်ခိုက်၏။ အောင်မြင်သော နိဗ္ဗာန်၏ အရသာကို ထိုဉာဏ်က ခံစား၏။ မျက်မှောက်ပြု၏။ ထိုအခါ ကိလေသာကို ထာဝရ ရွံကြောက်သွားတော့၏။

နောက်ထပ်တဖန် သူ့ကျွန်မခံလိုတော့ပြီ။ မိုက်တွင်းမနက်တော့ပြီ။ အလင်းဓာတ် ရရှိသွားပေပြီ။ စိတ်ချရတော့ပြီ။ ကိလေသာပူခြင်း နိဗ္ဗာန်၏ အေးခြင်းကို သိလျက် အေးခြင်းကို ဖြစ်စေသော သာသနာ့ အရိပ်ကို ခိုလှုံခံစားလို၏။

အကြောင်းမပြုသော မေတ္တာရှင်။

            သာသနာ့ရန်သူသည် သူ့ရန်သူ။

            သာသနာ၏ ခိုင်မာစိတ်ချရသော ဘက်တော်သားတစ်ပါး။

(စာပေခွင့်ပြုချက်အမှတ်-၁၁၀၃၂/၁၉၇၈-ခုနှစ်၊ ဇွန်လ)
ဆက်လက်ဖော်ပြပါမည် –
Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *