တရားရှုသာရှုပါ .. ..

Share

တရားရှုသာရှုပါ .. ..

သစ္စာဝါဒီများ –

သစ္စာဝါဒီများက အမြဲတမ်း နားလည်ပေးနေတော့၊ သာဓုခေါ်ပါတယ်။

မိမိမှာလည်း ၀ိပဿနာအကြောင်း ပြောရာက တစ်ခါတစ်ခါ အတိုက်အခံတွေ ဖြေရှင်းနေရတာနဲ့ ၀ိပဿနာက လစ်လပ်သွားတာလေးတွေ ရှိပါတယ်။ နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။

ဝိပဿနာဆိုတာ အထူးရှုရတာပဲ .. .. ရှုသာရှု – ရှုတယ်ဆိုတာ ပျက်တယ်လို့ ကောက်ချက်ချတာပါပဲ။ ရင်ချိုင့်မှာပဲရှု ယောဂီများ .. .. သူများတွေ ဘယ်နေရာရှုရှု – သူများတွေနဲ့ လုပ်မနေနဲ့တော့၊ သစ္စာဝါဒီများကတော့ ရင်ချိုင့်မှာပဲရှု။ ရင်ချိုင့်မှာပဲ အပျက်ရှု။ ရင်ချိုင့်မှာ ဖြစ်ပေါ်လာတာဟာ မမြဲဘူးလို့သာရှု၊ ရှုသာရှု .. .. တစ်လ နှစ်လလောက် ရှုလိုက်ရင် ထူးလာလိမ့်မယ်။

ရှုသာရှု ဒီက မှန်သောစကားပြောတယ်နော် – ရှုသာရှု။ ဖြစ်ပေါ်လာတဲ့ တရား မမြဲဘူး၊ ရင်ထဲမှာ ဟဒယမှာ ရင်ချိုင့်မှာ ပေါ်လာတဲ့တရား ရှုသာရှု။ ရှုလို့ရှိရင် ပြောပြပေးမယ်၊ ဟာတာတာလေး ဖြစ်တတ်တယ်၊ ဒါမှ မဟုတ် ကြည်တည်တည်လေး ဖြစ်တတ်တယ်၊ ဒါမှမဟုတ် ပေါ့တော့တော့လေး ဖြစ်တတ်တယ်။ ဒါမှမဟုတ် အေးတေးတေးလေး ဖြစ်တတ်တယ်၊ ဒါမှမဟုတ် ငြိမ်တိမ်တိမ်လေး ဖြစ်တတ်တယ်၊ ဒါမှမဟုတ်လည်း ကောင်းတောင်းတောင်းးလေး ဖြစ်တတ်တယ်၊

အဲဒီတော့ ရှုသာရှု ရှုလို့ရှိရင် –

လှုပ်နေတာက အလှုပ်လျော့လိမ့်မယ်

ပူနေတာက အပူလျော့လိမ့်မယ်

တင်းနေတာက အတင်းလျော့လိမ့်မယ်

လေးနေတာက အလေးလျော့လိမ့်မယ်

နောက်နေတာက အနောက်လျော့လိမ့်မယ် ကြည်တဲ့ဘက် လုသွားလိမ့်မယ်

ရှုသာရှု။

ဒီကပြောတဲ့ ကြည်လာပြီ၊ ပေါ့လာပြီ၊ ငြိမ်လာပြီ၊ ရှင်းလာပြီ ဆိုရင် – ဒါနပြုလိုက်ပါ၊ ကိုယ့်သာဓုခေါ်မယ့် ပုဂ္ဂိုလ်တွေကို ကော်ဖီတိုက်လိုက်ပါ။ အဲဒါ အောင်ပြီနော် – အောင်ပြီဆိုတာ အရိယာ ဖြစ်ပြီလို့ ပြောတာမဟုတ်ဘူး၊ စိတ္တနုပဿနာ အောင်ပြီ၊ ပထမခြေလှမ်း အောင်သွားတာပေါ့နော် – ဒုတိယ ခြေလှမ်းကတော့ ရှုရတယ်၊ ချုပ်အောင်ရှုရတယ်၊ ဒါကတော့ သစ္စာဝါဒီများရဲ့ သဘောပါပဲ။ ကြိုးစားရှုရင်တော့ အောင်သွားမှာပဲ၊ ချုပ်သွားမှာပဲနော်၊ ဒါတော့ မပြောလိုဘူး၊ သစ္စာဝါဒီများရဲ့ သဘောပါပဲ။ ပထမအဆင့်ပဲ ပြောလိုတယ်၊ ပထမအဆင့်ကို ဇွဲနဲ့ အသည်းနဲ့ရှု၊ ခိုင်ခိုင်မာမာသာ ရှုပါ။ ရှုသာရှုပါ၊ ရှေ့သွားရှိတယ်၊ အောင်မြင်ပြီးလို့ပြောတာ။ ဒါ မှန်းပြောရမ်းပြော မဟုတ်ဘူး၊ မလေ့လာဘဲ ပြောတာလည်း မဟုတ်ဘူး၊ အကြိမ်ပေါင်း မြောက်များစွာ အောင်မြင်ပြီးသားမို့ ပြောတာ။

ရှုသာရှု ရင်ချိုင့်မှာ ပေါ်လာတာ မမြဲဘူး၊ ဖြစ်ပေါ်လာတာ မမြဲဘူး – ဒါပဲ ရှုပါ – ရှုပါ တစ်လ နှစ်လ ရှုပါ။ လုံးဝအောင်မြင်ရမယ်။ ဒီကြားထဲ ခပ်မြန်မြန် အောင်မြင်ချင်ရင် ဒေါက်တာချစ်ငယ်က ဒီလိုဒီလို ပြောဖူးတယ် ဆိုပြီး သစ္စာအဓိဌာန်ပြုပြီးတော့သာ ရှုလိုက်တော့ .. .. ..

ဒီလို တရားအကြောင်းလေးလည်း ပြောချင်ဟောချင်ပါတယ်။ အခါအခွင့် မသင့်လို့ လောကဓံတွေရှိနေလို့ တုန့်ပြန် နေရတာတွေလည်း ရှိတယ်။ အမျိုးမျိုးပါပဲ ထားပါတော့။

ကျွန်တော်ကတော့ အကြောင်းမပြုပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဝေဖန်တယ်ဆိုတာ ဝေဖန်နိုင်လောက်တဲ့ အရည်အချင်း ရှိအောင် ကိုယ့်ဖာသာကိုယ် ကျင့်ရမယ်၊ တည်ဆောက်ရမယ်။ ကိုယ်ကတော့ ဗုဒ္ဓဘာသာကို ဘာမှတော့ မကျင့်ဘူး၊ ကြားဖူးနားဝလေးနဲ့ ဝေဖန်ချင်နေတယ်၊ ကိုယ်ထင်တာ စွတ်ပြောနေတယ်၊ ပြောပိုင်ခွင့်လည်း ရှိတာ မဟုတ်ပဲနဲ့ .. .. ကိုယ်တိုင် ကျင့်တာလည်း မဟုတ်၊ နားလည်တာလည်း မဟုတ်ဘဲနဲ့။ ကိုယ့်မှာ ဆရာကောင်းလည်း ရှိတာလည်း မဟုတ်ပဲနဲ့။ ဒီလိုပဲ လျှောက်ပြောကြတာတွေရှိပါတယ်။ ထားပါတော့ အခါအားလျော်စွာတော့ ပြန်ဖြေရှင်း ရတာပေါ့။ ဒါပေမယ့် ကိုယ့်တက်လမ်း ကတော့ကိုယ်ရှိဖို့ အရေးကြီးတယ်။ ဒါတော့ သစ္စာဝါဒီများလည်း မေ့မှာမဟုတ်ပါဘူး။ ကျင့်သုံးဆောက်တည်နေတယ်လို့ နားလည်ယုံကြည် ပေးထားတာပဲ။

ကြိုးစားပါ တရားက အင်မတန် ထူးမြတ်ပါတယ်၊ အင်မတန်မှကို ကောင်းပါတယ်။ ဖာသာလုပ်ရင် ဖာသာသိမှာပါ။ ကိုယ်တိုင်သိ ကိုယ်တိုင်တွေ့ ကိုယ်တိုင်မြင် ကိုယ်တိုင်ခံစား ကိုယ်တိုင်ဝင်စား ကိုယ်တိုင်မျက်မှောက်ပြုပြီး ကိုယ်တိုင်ချမ်းသာ ကိုယ်တိုင်လွတ်မြောက် သွားမှာဖြစ်ပါတယ်။ ကြိုးစားပါ သာဓုခေါ်လျှက်ရှိပါတယ် .. .. ၀မ်းသာပါတယ်၊ အားပေးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *