လောကုတ္တရာ

-lotus-2လောကုတ္တရာ ဆိုတာတော့ အရမ်းနက်ရိုင်းပါတယ်။

လောကလွန်မြောက်ရာလို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ လောကီဆိုတာကတော့ သာမန်ပဲလို့ ပြောရင်လည်း မမှားပါဘူး။ လောကုတ္တရာကမှ အင်မတန် အဓိကကျတဲ့ နက်ရိုင်းသိမ်မွေ့တဲ့ ဝင်စားရာ၊ တန်ဖိုးထားရာ၊ မြတ်နိုးရာ၊ နှစ်သက်ရာ သဘာဝတွေရှိပါတယ်။

 

လောကမှ လွန်မြောက်ဖို့ဆိုတော့ လောကမှာပဲ မွေ့လျော်ပြီး ဘိတ်ဘိတ်တုံး ဝင်စားမည့်သူတွေ အတွက်တော့ နားလည်နိုင်ဖို့ မလွယ်ပါဘူး။ လောက က လွန်မြောက်ရာဆိုတော့ လွန်မြောက်၊ လွတ်မြောက်ပြီး သုံးဆယ်တစ်ပုံက ထွက်လမ်း တက်လမ်းတွေမှာ ပညာသားပါပါ နက်နက်ရိုင်းရိုင်းးနဲ့ ကျင်လည်ဖြတ်သန်း သိရှိနားလည်ရတဲ့ သဘာဝတွေက ထူးကဲမှုနဲ့ ပြည်ဝပါတယ်။

 

အားလုံးဟာတော့ လောကုတ္တရာ အသိရှိဖို့ဆိုတာ မလွယ်ပါဘူး။ လောကုတ္တရာ အသိရှိဖို့ဆိုတာ သိရသလောက် ပါရမီရှိမှပဲ ဖြစ်နိုင်လိမ့်မယ်လို့တောင် ဆိုချင်စရာပါ။ လောကုတ္တရာ အသိကတော့ အားရဖွယ်ရာ ကောင်းတာပေါ့။ လောကီအသိကတော့လည်း သေးသိမ်ကျဉ်းမြောင်းတာပေါ့။  လောကုတ္တရာနဲ့ နှိုင်းရှင်ပြီးပြောရင် အဲဒီအဓိပ္ပာယ်မျိုးဘဲ ပြောရမှာဖြစ်ပါတယ်။ လောကုတ္တရာ အသိအတွက် လိုက်နိုင်ရင်တော့ ကောင်းကြမှာပဲ။ အင်မတန်မှ ကျယ်ပြော နက်ရှိုင်းတာကို ပညာသားလည်း ပါတယ်လေ။

 

ဒီတော့ ဘယ်သူမဆို လောကုတ္တရာအတွက် လိုက်မယ်ဆိုရင် သာဓုခေါ်ရမှာပဲ။ ဆီးကြိုရမှာပဲ အားပေးရမှာပဲ၊ လက်ကမ်းရမှာပဲ၊ ချီးကျူးရမှာပဲ၊ ဂုဏ်ပြုရမှာပဲလို့ ခံစားနားလည်မိပါတယ်။ လောကုတ္တရာ အသိပညာကို ရှာဖွေဆည်းပူး နိုင်ကြပါစေ။ ရှာဖွေဆည်းပူး စေချင်တဲ့အကြောင်း သတင်းကောင်းပေးရင်း ပြောကြားခြင်း ဖြစ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *