သာသနာမှာရှက်စရာ

 

သာသနာမှာရှက်စရာ

       Scan10194 copy   သာသနာမှာ ရှက်စရာတွေရှိတယ် – ဟီရိသြတ္တပ္ပ စကားလည်း ဘယ်ပျောက်နေလည်း မသိပါဘူး။ အမှန်ကတော့ ကိုယ်က ဘာမှမဟုတ်ဘဲနဲ့ ကမ္မဌာနစရိယ လုပ်ချင်တယ်၊ ကိုယ်က ဘာမှ မဟုတ်ဘဲနဲ့လည်း ကျောင်းတိုက်ကြီး တည်ဆောက်ချင်တယ်၊ ကိုယ်က ဘာမှမဟုတ်ဘဲနဲ့လည်း ရိပ်သာကြီး ဖွင့်ချင်တယ်၊ ကိုယ်က ဘာမှမဟုတ်ဘဲနဲ့ ယောဂီတွေကို ဆရာလုပ်ချင်တယ်။ မှန်ရာကန်ရာ သာသနာပြုတာ ကောင်းပါတယ်။ ချွင်းချက်ကရှိတယ် တစ်ချို့က ဘဝင်မြင့်ချင်တယ်။ နိုင်ငံခြားလေး တစ်ခေါက် နှစ်ခေါက်လောက် သွားရပြီးတဲ့နောက် မြန်မာ ပြည်သူလူထုအပေါ်မှာ သစ္စာတရားကို ချစ်မြတ်နိုးတတ်အောင် မသင်ဘဲ၊ ထင်ပေါ် ကျော်ဇောမှုတွေကို ချစ်မြတ်နိုးအောင် သင်နေတာ ဝမ်းနည်းစရာ ကောင်းတယ်။

          တစ်ချို့ကလည်း ဆရာတော်ဘုရားကြီးရဲ့ ရိပ်သာနာမည်သုံးပြီး ကိုယ်လုပ်ချင်တာ လုပ်နေတာ ဒါတွေဟာလည်း ရှေ့နောက် မညီညွှတ်ဘူး။ သာသနာမှာ ဒီလိုလုပ်နေတာတွေဟာ ရှက်စရာ ကောင်းပါတယ်။ ဒီ ပုဂ္ဂိုလ်မျိုးကို မေးချင်ပါတယ် ကိုယ့်ကိုယ်ကို ဖြစ်ပျက်မြင်ရဲ့လား၊ ဖြစ်ပျက် မုန်းရဲ့လား၊ ဖြစ်ပျက်ဆုံးရဲ့လား ဆိုတာကို မေးချင်ပါတယ်။ ဒါ သဘောပြောတာပါ – သိပ်ကြီးကျယ်နေလွန်းလို့ ပြောတာပါ။ ကိုယ့်ကိုယ်ကို ကြီးကျယ်နေပြီးတဲ့နောက် နိုင်ငံခြားလေး သွားရတာနဲ့ ယာဂီတွေ  စုစည်ပြီး ပြောချင်တာပြော၊ ဟောချင်တာဟောနဲ့။ အမှန်တရား ချစ်မြတ်နိုးတာကို မသင်ဘဲ ထင်ပေါ်ကျော်ဇောမှု ဟိတ်ဟန်ကို သင်နေတာတော့ သာသနာတော်တော် ရုပ်ပျက်တဲ့ ကိစ္စဖြစ်ပါတယ်။

အမှန်တကယ်တော့ တစ်ချို့က တရားဝင်ကို အဓမ္မဝါဒ အဖြစ်နဲ့ ကြေငြာခံရတဲ့ ပုဂ္ဂိုလ်တွေ ရှိတာပဲ။ ဒီပုဂ္ဂိုလ်တွေဟာ အခုတော့ မသိချင်ယောင်ဆောင်ပြီးတော့ လူကောင်း သူကောင်းပုံစံမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်ပြီးတဲ့နောက် – သာသနာအတွက် လုပ်ပါတယ်ဆိုပြီး ကိုယ့်အတ္တနဲ့ ထင်ပေါ်ကျော်ဇော်မှုနဲ့ ပရိသတ် စုစည်းနေတာတွေ့ရတာ များစွာ ဝမ်းနည်းစရာ ကောင်းတယ်။

သာသနာရေးဋ္ဌာနက တရားဝင် ကြေငြာတဲ့အထဲမှာ အဓမ္မဝါဒအဖြစ် ကြေငြာခံ ထားရတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်တမ်းကျတော့ သာသနာမှာ ဂုဏ်မရှိပါဘူး။ ဂုဏ်မရှိတာကို ဖာထေးပြီးတဲ့နောက် တောလုပ် တောင်လုပ်နဲ့ လျှောက်လုပ်ပြီးတဲ့နောက် ပေါ်ပြူလာဖြစ်အောင် လုပ်တာကတော့ အမှန်တရားနဲ့ တစ်ခြားစီဖြစ်ကြောင်း အထောက်အထား အခိုင်အမာနဲ့ သာသနာရေးဋ္ဌာနမှ အဓမ္မဝါဒ ကြေငြာတဲ့စာရင်းကို ဖတ်ဖူးသူတစ်ဦးအနေနဲ့ သတင်းကောင်း ပေးပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , . Bookmark the permalink.

One Response to သာသနာမှာရှက်စရာ

  1. U OAK TTTK says:

    အ မှန် တ ရား ကို ဟော ပြော ပြ သ တယ် ဆို တာ ကိုယ် တိုင် က မှန် ကန် ဖို့ လို ပါ တယ်။ ကိုယ် တိုင် သိ ဖို့ လို ပါ တယ်။ ကိုယ် တိုင် ကျင့် ဖို့ လို ပါ တယ်။ အဲ ဒီ လို မ ဟုတ် ပါ က အ ကန်း က အ ကန်း ကို တုတ် ဆွဲ ခေါ် ပါ က အား လုံး ချောက် ထဲ ကျ ကြ ပေ မည်။ အ ချိန် မှီ သ တိ ဝင် ပြင် ဆင် သင့် ပေ သည်။

    U OAK TTTK

Leave a Reply

Your email address will not be published. Required fields are marked *