ဟော့ကင်းနှင့်အင်တာဗျုး (၃)

Share

ဟော့ကင်းနှင့်အင်တာဗျုး

အပိုင်း(၃)

Portrait of a young Stephen Hawking.မေး။    ။ဆရာက သိပ္ပံပညာရှင်ဆိုတော့ စဉ်းစားဆင်ခြင် ထိုးထွင်းမှုဆိုတဲ့ အခန်းကဏ္ဍကိုတော့ ထည့်သွင်းစဉ်းစား လက်ခံလေ့ရှိပါသလား??

 

ဖြေ။    ။ကျွန်တော်လက်ခံပါတယ်၊ စဉ်းစားဆင်ခြင် ထိုးထွင်းမှုကို လက်ခံပါတယ်။ ကျွန်တော့် ဘဝမှာ သူဟာလည်း တော်တော်အရေးပါ အရာရောက်တာပဲ။ တစ်ခုရှိတာက ကျွန်တော်က သူတို့ကို သက်သေပြဖို့ ကြိုးစားတယ်ဈ ဒါပါပဲ။ ပြောရရင်တော့ (I rely on intuition a great deal.. .. but I have to prove it. ) ဆိုတာမျိုးပေါ့ – ဘလိုင်းကြီးလို စိတ်ကူးယဉ် စဉ်းစားတာချည်း သက်သက်မဟုတ်ပဲ၊ ကျွန်တော်က သက်သေသာဓကကို ရှာတဲ့အလေ့အကျင့်လည်း ရှိပါတယ်။

 

မေး။    ။ဆရာက ကို ဒီစကြဝဠာကြီးကို ဖန်ဆင်းရှင်အဖြစ်နဲ့ မသတ်မှတ်နိုင်ဘူးပေါ့ —

 

ဖြေ။    ။ကျွန်တော့် အမြင်ကတော့ စကြဝဠာကြီးဟာ God တစ်စုံတစ်ခု မလုပ်ဘဲနဲ့ သူ့ဥပဒေသနဲ့သူ လျှောက်လှမ်းနိုင်တယ်လိုပဲ ခံယူနားလည်ထားပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ခံယူချက်ပါ။

(.. the way the universe began would be determined by the laws of physics. ..)

 

မေး။    ။ကျေးဇူးတင်ပါတယ် ဆရာကြီး၊ ဆရာကြီး အသက်ရှည်နိုင်ပါစေ —

 

ဖြေ။    ။ဟုတ်ကဲ့ ကျွန်တော်က ရိုးရိုးလူထက် ပိုပျော်တယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော် သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ကျွန်တော်ဟာ ကျွန်တော့် အယူအဆကို ခိုင်ခိုင်မာမာ ရပ်တည်စေခြင်းအမှု မပြုရင်တော့ အခုလိုလည်း မေးခွန်းအမေးခံရမှာ မဟုတ်သလို ဝမ်းပမ်းတသာ ဖြေခွင့်လည်း ရမှာမဟုတ်ပါဘူး။ ဒီတော့ အခုလို ဖြေခွင့်ရတာကို ဝမ်းသာမိကြောင်း ဝန်ခံပါတယ်။

 

မေး။    ။ဆရာကြီးရောဂါက မကြာခင်သေမယ်လို့ သိရပြီးတဲ့နောက်၊ မသေတဲ့အခါကျ  ဆရာကြီး ဝမ်းသာမှာပေါ့နော်။

 

ဖြေ     ။ကျွန်တော် ဝမ်းသာပါတယ်၊ နောက်ပြီးတော့ ဘဝဟာ လူသားတွေအတွက် အကျိုးရှိရာ အကျိုးရှိကြောင်းကို ဆောင်ရွက်ထိုက်တယ်လို့ ခံယူချက်နဲ့ အတူတူ အသက်ရှင်ပါတယ်။ ချက်ခြင်းလည်း မသေတော့ ကျွန်တော်ဟာ အသက်ရှင်ရတဲ့ အခွင့်အရေးကို အပြည့်အဝယူမယ်လို့ ကျွန်တော် ပြဌာန်းမိပါတယ်။

 

Stephen-Hawking1မေး။    ။ဒါနဲ့ဆရာကြီး ဘယ်လိုမှ မအောင်းမေ့နဲ့နော် – ဆရာကြီးက အခုထက် တအားတော်နေတယ်လို့ ကျွန်မကိုယ်တိုင်က ချီးကျုးမိတာ အမှန်ပါ ဒါပေမယ့် ဆရာကြီးငယ်ငယ်တုန်းက အတန်းငယ်တွေမှာ ဆရာကြီးက သိပ်မစွာဘူး၊ အထူးသဖြင့် အဆင့်တစ် နှစ်တွေ ရတာမတွေ့ခဲ့ရဘူးလို့ သုတေသနလုပ်ခြင်း အားဖြင့် သိခဲ့ရပါတယ် —

 

ဖြေ။    ။သြော် ဒါကတော့ ကျွန်တော်က လက်ရေးညံ့လို့ပါ —

 

254175_origမေး။    ။ခွင့်ပြုပါ – ဆရာကြီးအမျိုးသမီးနဲ့ အဆင်ပြေသလား??

 

ဖြေ။    ။ကျွန်တော့်ကိုယ်ရေးကိုယ်တာထက် သိပ္ပံပညာရဲ့ တိုးတက်မှု အပိုင်းတွေကိုပဲ ပိုပြီးစိတ်ဝင်စား

မိပါတယ်။

 

မေး။    ။ဆရာကြီး တစ်ချို့ကတော့ ဆရာကြီးရောဂါကို ဂရုဏာသက်ပြီး လူစဉ်မမီရှာဘူးလို့ သနားကြတယ်။

 

images (19)ဖြေ။    ။ကျွန်တော့်ကို သနားစရာ မလိုပါဘူးဗျာ၊ ကျွန်တော့်မှာ သားသမီး (၃) ယောက် အနည်းဆုံး ရှိနေတာပဲ။

မေး။    ။ဆရာကြီးက သိပ္ပံဆိုင်ရာမေးခွန်း တော်တော်များများကို အဖြေပေးတတ်တယ်နော်၊ ဒီအပေါ်မှာ ဆရာကြီးဘယ်လို သဘောရပါသလဲ??

 

ဖြေ။    ။ကျွန်တော်က မေးတဲ့ပုဂ္ဂိုလ်တွေက မသိလို့မေးတာကို ဖြေချင်တဲ့ သဘောက ဝါသနာကို ပါနေတာ၊ ကျွန်တော် အဲဒီလို ဖြေနေရရင်လည်း ကျွန်တော်ပျော်တာပဲ၊ နောက် သိပ္ပံပညာရဲ့ တိုးတက်မှုတွေအကြောင်း ပြောရရင်လည်း ကျွန်တော်ပျော်တာပဲ။ အခုဆိုရင် ကျွန်တော် တွေ့ရသလောက် လူတွေက ကျွန်တော့်ကို သိပ်မမေးနိုင်ကြတော့ဘူး၊ ဒီတော့ ကျွန်တော် အောင်မြင်တာပေါ့နော် —

 

မေး။    ။ဆရာရဲ့ သိပ္ပံပညာအမြင် အနှစ်ချုပ်က ဘယ်လို နိဂုံးချုပ်ဆွဲယူနိုင်ပါသလဲ??

 

ဖြေ။    ။ကျွန်တော်ကတော့ စကြဝဠာကြီးဟာ ဘယ်လိုလှုပ်ရှားနေတယ် ဆိုတာကို သိချင်တာပါပဲ။ သိချင်တဲ့ အခါကျတော့ ကျွန်တော် ကြိုပြောပြီး ဟောကိန်းထုတ်နိုင်တာပေါ့။ ဘယ်လိုဆိုရင် ဘယ်လိုဖြစ်မယ် ဆိုတဲ့သဘောပါပဲ။ လူတစ်ယောက်ဟာ သူအကြောင်းကိုသိမှ (What) နဲ့ (How) ကိုသိမှ (Why) ဆိုတာကို ဖြေနိုင်လိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ ဒါကြောင့် စကြဝဠာကြီးဟာ ဘယ်လိုဆက်လက် လှုပ်ရှားမယ်ဆိုတာ သိချင်တဲ့အတွက် – အခုသူဘာဖြစ်နေတယ်ဆိုတာ သိဖို့အတွက် လေ့လာခဲ့ပါတယ်။

 

မေး။    ။ဆရာကြီးဟာ သဘာဝလောကကြီးရဲ့ လျို့ဝှက်ချက်ကို ဖော်ပြချင်တဲ့သဘော ရှိတယ်လို့ သိရပါတယ်။ ဟုတ်ပါသလား??

 

Hawking_diceဖြေ။    ။God ဟာ ကြွေအံမကစားဘူးလို့ အများသူငါ မှတ်ယူကြပေမယ့် တကယ်တမ်းကျ God ဆိုတာ မွေးရာပါ ကြွေအံကစားသူကြီးဖြစ်တယ်။ သူဟာကြွေစေ့တွေကို လူများ မမြင်နိုင်တဲ့နေရာကို ပစ်ပေါက်တတ်လို့ပဲ ကျွန်တော်ယူဆလိုက်ပါတယ်။ သဘောအားဖြင့်တော့ –

God not only plays dice, he also sometimes throws the dice where human beings cannot be seen.

 

မေး။    ။ဆရာက စိန်ခေါ်မှုတွေကို စိတ်ဝင်စားတယ်လို့ သိရပါတယ်၊ ဟုတ်ပါသလား??

 

ဖြေ။    ။ဟုတ်ပါတယ် – ကျွန်တော် ငယ်ငယ်တုန်းက၊ ကျွန်တော်ကိုယ်တိုင်က စိန်ခေါ်ရုံတင် မကဘူး၊ ကျွန်တော့်ဘဝကို စိန်ခေါ်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ဆိုကြပါစို့ — သူငယ်ချင်းနှစ်ယောက်က အလောင်းအစား လုပ်ကြတယ်၊ ကျွန်တော့်ကို အထင်မကြီးတဲ့ သူငယ်ချင်းကတော့ ဒီကောင် ဘာမှမဖြစ်ပါဘူးလို့ တင်ပြတယ်၊ ကျွန်တော့်ကို ချစ်တဲ့ပုဂ္ဂိုလ်ကတော့ ဒီကောင်ဟာ တစ်စုံတစ်ခု ဖြစ်ရမယ်လို့ တင်ပြတယ်၊ ဒီလိုနည်းအားဖြင့် သူတို့ (ချိုချဉ်အထုပ်ကြီးတစ်ထုပ် -သဘောမျိုးပေါ့) အလောင်းအစားပြုကြတယ်။ နောက်ပိုင်းကွဲသွားကြတဲ့အတွက် အဲဒီအလောင်းအစားဟာ ဘယ်လိုပြီးသွားသလဲတောင် မသိပါဘူး၊ နောက်ပြီး ဘယ်သူနိုင်သွားသလဲလည်း မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ လူ့အသိပညာအတွက် တစ်စုံတစ်ခု လုပ်ပေးနိုင်ခွင့် ရခဲ့တယ်လို့ပဲ ခံယူမိပါတယ်။

 

နောက်ပြီး စိန်ခေါ်မှု အလောင်းအစားတွေမှာလည်း ကျွန်တော် ရှုံးတာပိုများပါတယ်၊ ကစ်သရုန်းနဲ့ တုန်းကလည်း ကျွန်တော် ရှုံးခဲ့တယ်လေ ဒါပေမယ့် ရှုံးရကျိုးနပ်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အလောင်းအစား ရှုံးပေမယ့် သဘာဝတရားအပေါ်မှာ ကြိုတင်ပြောဟောမှုက ကျွန်တော်က အမှတ်ရသွားတာကိုး၊ ဘလက်ဟိုး(လ်) နဲ့ ပတ်သက်လို့ပါပဲ။

မေး။    ။ဆရာကြီးရဲ့ ရေးသားဟောပြော ဖော်ပြချက်တွေက စကြဝဠာကို အရမ်းစိတ်ဝင်စားတယ်လို့ နားလည်မိပါတယ်၊ ဆရာကြီး စိတ်အဝင်စားဆုံး စကြဝဠာဆိုင်ရာ အချက်အလက်က ဘာပါလဲ??

 

ဖြေ။    ။ကျွန်တော်ကတော့ စကြဝဠာကြီးဟာ ဘာဖြစ်လို့ သူ့ကိုယ်သူ ယခုလို တည်ရှိအောင် လုပ်နေရသလဲ ဆိုတဲ့မေးခွန်းကို စိတ်ဝင်စားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖြေဆိုဖို့ ကြိုးစားတန်သလောက် ကြိုးစားပါတယ်။ သိရှိရတဲ့အချက်အလက်တွေကို တင်ပြနိုင်သလောက်လည်း တင်ပြပါတယ်။ စကြဝဠာကြီးရဲ့ တည်ရှိရတဲ့အကြောင်းနဲ့ ကျွန်တော်တို့ တစ်တွေတည်ရှိရတဲ့ အကြောင်းကို သိရင် ကျွန်တော်တို့ဟာ လူ့အသိပညာရဲ့ အထွတ်အထိပ်ကို (The Highest Triumph of Human Knowledge) လှမ်းကိုင်နိုင်ပြီလို့ပဲ ခံယူမိပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Articles and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *