ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၉)

Share

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၉)

Bism 05သစ္စာဝါဒီများ တရားဆင်ခြင် ဝင်စားကြလို့ သာဓုခေါ်ပါတယ်။

တရားဆိုတာ ဆင်ခြင်ဝင်စားရမှာ ဖြစ်ပါတယ်။ ဆင်ခြင်တဲ့နေရာမှာ စာရေးသူလို မိတ်ကောင်းဆွေကောင်းက ပြောတဲ့နည်းအတိုင်း ဆင်ခြင်တဲ့အခါကျ အကျိုးများတာပေါ့။ စာရေးသူလည်း နှစ်ပေါင်းမြောက်များစွာ ကျင့်ကြံ ကြိုးစား အားထုတ်ခဲ့ဖူးလေတော့ ယောဂီများကို မှန်မှန်ကန်ကန်နဲ့ အကျိုးပြုလုပ်ငန်းများကို အကြံဥာဏ်ပေးပြီး ညွှန်ကြားနိုင်စွမ်းရှိပါတယ်။

တစ်ချို့ကတော့လည်း ကောင်းကောင်းမသိကြပါဘူး – အိုးလိုလို ချိုးလိုလိုနဲ့ ဟိတ်ဟန်ပြနေကြတာပါ။ တစ်ချို့ကလည်း ဟိုဂိုဏ်းကပ်လိုက်၊ ဒီဂိုဏ်းကပ်လိုက်၊ ဒီအဖွဲ့အစည်း ကပ်လိုက်နဲ့ လောကီပညာရပ်လိုလို ဘာလိုလိုနဲ့ ပေါ်ပြူလာဖြစ်အောင် လုပ်နေကြတာ – သူတို့နဲ့ တန်ဖိုးက တစ်ခြားစီပါ။ သစ္စာဝါဒီများကတော့ အမှန်တကယ် နှလုံးသွင်းကျင့်ကြံနေလို့ သာဓုခေါ်အပ်ပါတယ်။

တစ်ချို့ကတော့ မျောက်သစ်ကိုင်းလွတ်လို ဖြစ်နေကြတာ – ထောက်တည်ရာမရဘူး။ သစ္စာဝါဒီများကတော့ ထောက်တည်ရာရတယ် – “အနိစ္စဆင်ခြင်မယ်” ပြီးတာပဲ။

တစ်ချို့ကတော့ ကောင်းကောင်းမွန်မွန် သွန်သင်ညွှန်ကြားမယ့် ဆရာကောင်းလည်း မရှိတော့ အိုးနင်းခွက်နင်းပါပဲ၊ နေရာပျောက်နေကြတယ်၊ မဲ့နေကြတယ် – ဟိုသွားကပ်လိုက်၊ ဒီသွားကပ်လိုက်နဲ့ တော်တော့်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်ပါတယ်။ သူတို့ကတော့ ဘာမှ ခြေခြေမြစ်မြစ် မရှိတဲ့ အတန်းအစားဖြစ်တယ်။ သူတို့ကို လှည့်ကြည့်မနေနဲ့ — ကိုယ့်ကိစ္စသာ ကိုယ်လုပ်၊ ကိုယ့်ဖာသာ ကိုယ်သာဆင်ခြင်၊ ဆင်ခြင်နိုင်လေလေ ကောင်းလေလေပါပဲ၊ သာဓုခေါ်ပါတယ်။ အနိစ္စသာဆင်ခြင်ပါ – ဒါဟာ မမှားတဲ့ ကိစ္စပါပဲ။ ဆင်ခြင်ပါများလေ အသေးစိပ်မြင်လာမှာပါ – ဒါ တရားတော်မြတ်က ဦးဆောင်သွားမှာ ဖြစ်တယ်။ ဒီတော့ ဆင်ခြင်ပါ။

တစ်ချို့က မဂ်ပေါက်ဖိုလ်ဝင် မသိဘဲနဲ့ ရမ်းပြော၊ မှန်းပြောနဲ့ ဟိတ်ဟန် လုပ်နေကြတာ၊ ဂရုလည်းမစိုက်နဲ့ အဲဒါတွေကို လိုက်လည်းမလိုက်နဲ့ အထင်လည်း မကြီးနဲ့။ သူတို့ကိုယ် သူတို့လည်း ဘာလုပ်လို့ ဘာလုပ်ရမယ်မသိဘူး – ဟိုအဖွဲ့အစည်းကပ်လိုက်၊တစ်ခါ မဟုတ်သေးဘူး ဒီအဖွဲ့အစည်းကပ်လိုက်၊ ဟိုလိုကပ်လိုက်၊ ဒီလိုကပ်လိုက်နဲ့ ဆောက်တည်ရာ မရဖြစ်နေကြတာ — သစ္စာဝါဒီများကတော့ ခြေခြေမြစ်မြစ် ခိုင်ခိုင်မာမာနဲ့ တရားနှလုံးသွင်းနေတာ သိပ်ပြီးထူးခြားပါတယ်။

တစ်ခါကလည်း ဝိသုဒ္ဓိမဂ် တတိယနှစ် ကျောင်းသားတစ်ယောက်က ဆရာတော်ကို “လောကီနဲ့ လောကုတ္တရာကို မသိပါ” လို့ မေးတယ်တဲ့။ ဒီတော့ တတိယနှစ်တောင် ရောက်နေတာ လောကီနဲ့ လောကုတ်ကို မသိဘူးဆိုရင် သေချာစဉ်းစားကြည့်ပါ ဘယ်လောက် အဆင့်အတန်းနှိမ့်သလဲ —

လောကီဆိုတာ ပျက်တာပဲ၊ လောကုတ္တရာဆိုတာ ပျက်တာက လွန်ရာ- တနည်းအားဖြင့် မပျက်တာဘဲ – သစ္စာဝါဒီများကတော့ သိပြီးသား တတ်ပြီးသားပါ။ ဒါကို သူတို့မသိကြဘူး – ဒါမှမသိရင်လည်း ဘယ့်နှယ့်လုပ်မလဲ — “ပရိံဥာတပ္ဗ” ခေါ်တဲ့ ပိုင်းခြားတဲ့ကိစ္စဆို သူတို့ဘယ်လိုမှ ဥာဏ်မမီဘူး — သစ္စာဝါဒီများကတော့ ဥာဏ်မီတယ်၊ လိုက်နိုင်တယ်။ လောကီလုပ်စရာရှိတာလုပ် ဒါပေမယ့် တစ်နေ့ကို တစ်ချိန်ဖြစ်စေ အနည်းဆုံးက အနိစ္စဆင်ခြင်လိုက်ရင် ကိုယ့်ဘဝအတွက် နေ့တွက်ကိုက်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

One Response to ၀ိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၉)

  1. san lwin says:

    Thank for adviced.

Leave a Reply

Your email address will not be published. Required fields are marked *