ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၈)

Share

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၈)
Bism2သစ္စာဝါဒီများရဲ့ ဗဟုသုတဟာ တဖြည်းဖြည်းနဲ့ မသေးတော့ပါဘူး။
ရှင်ဟာရိပုတ္တရာ မိန့်တော်မူဖူးတယ် —
“ကိုယ့်ဗဟုသုတ ကြီးရင်လည်း ကြီးတယ်လို့သိရမယ်၊ သေးရင်လည်း သေးတယ်လို့သိရမယ်”
အခု သစ္စာဝါဒီများရဲ့ ဗဟုသုတဟာ တော်တော့ကို များပြားနေပါပြီ။ အထူးသဖြင့်တော့ လက်တွေ့နှလုံးသွင်းဖြစ်တာက အမြတ်အစွန်းပါပဲ။ တစ်ချို့က ဗျာများပြီး ဘာကျင့်လို့ ကျင့်ရမှန်းမသိဘူး ဖြစ်နေကြတာက သစ္စာဝါဒီတို့လောက် တန်ဖိုးမရှိဘူး။ သစ္စာဝါဒီတို့ကတော့ အနိစ္စနှလုံးသွင်းရမယ်ဆိုတာကို အပီအပြတ် ခံယူထားတော့ – ဒါ မြတ်တာပဲ။
တကယ်တမ်းကျတော့ မကျင့်ဖြစ်ကြတဲ့သူတွေထက်စာရင် သစ္စာဝါဒီတို့က အရမ်းကို အဆင့်မြင့် ဗဟုသုတရှိနေပါပြီ။ ဒါဟာတန်ဖိုးထားအပ်တဲ့အရာ ဖြစ်ပါတယ်။ အနိစ္စသာနှလုံးသွင်း ဒါဟာပွဲပြီးပါတယ်။ တဖြည်းဖြည်းနဲ့လည်း အနိစ္စနှလုံးသွင်းပါများတဲ့ အခါကျတော့ အသေးစိပ်လည်း သိမြင်တတ်တယ်၊ သိတိကပ်လွယ်တာပေါ့နော် — ဒီတော့ ကြိုးသာကြိုစားပါ။
စာလိုက်ပြီးတော့ အနက်အဓိပ္ပာယ် မပေါက်တော့လည်း အကျိုးရှိသင့်သလောက် မရှိပါဘူး။ ဥပမာ — အဘိဓမ္မာလိုက်ပြီးတော့ လောကီနဲ့ လောကုတ္တရာမကွဲကြဘူး။ ဒါဘ့ယ်နှယ်လုပ်မလဲ သစ္စာဝါဒီများ လက်တွေ့ဖြစ်ရပ်ပါ။ စာလိုက်တာ မှန်တယ် အဓိပ္ပာယ်ကို သေချာသိမှပေါ့ – အခုတော့ လောကီနဲ့ လောကုတ္တရာတောင် မသိဘူးဆိုတော့ တော်တော့ကို ဂွကျတယ်။ လောကီက ပျက်တယ်၊ လောကုတ္တရာက အပျက်မှလွန်တယ်။ ဒါပေမယ့် သူတို့က လောကုတ္တရာသွားတဲ့ အခါကျတော့ ရုပ်နာမ်နဲ့ သွားချင်သလိုလို၊ စိတ်နဲ့သွားချင်သလိုလိုတွေ ဖြစ်နေတဲ့အခါကျ အဘိဓမ္မာသမားတွေက ဒေါင်ချာစိုင်းနေကြတာပဲ။
တကယ်တော့ မြတ်စွာဘုရားရဲ့ တရားကို တကယ်ကြည်ညိုရာမကျဘူး ပေါ်ပြူလာဖြစ်အောင် လိုက်သလိုနေတယ်။ အမှန်အကန် တိတိကျကျ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုတတ်ဖို့ အရေးကြီးတယ် ဒါကိုလိုက်ရမှာ။ တိတိကျကျ လိုက်ရမှာ အဓိပ္ပာယ်မှန်မှဖြစ်မှာ။ သစ္စာဝါဒီများ အဓိပ္ပာယ် မမှန်ဘဲနဲ့တော့ တတ်တဲ့စာတွေက အဓိပ္ပာယ် မရှိပါဘူး။ အဓိပ္ပာယ် မှန်မှန်ကန်ကန် တတ်မှဖြစ်မှာပေါ့ – ဒါမှလည်း မြတ်စွာဘုရားရဲ့တရားကို ကြည်ညိုလေးစားရာ ကျမှာပေါ့။
အခုတော့ စကားလုံးတော့ရတယ် အနက်အဓိပ္ပာယ် တိတိကျကျ မသိဘူးဆိုတော့ တော်တော့ကိုခက်တယ်။ တစ်ချို့ဆို “”တောင် အဓိပ္ပာယ် မပြန်တတ်ဘူး – မခက်ဘူးလား။ အတ္တကို မပြန်တတ်တော့ ခက်နေတာပေါ့။
ဒီတော့ သစ္စာဝါဒီများ အနိစ္စကျင့်ရင် မြတ်တယ်၊ ကျင့်သာကျင့်။ အနိစ္စတစ်လုံးပဲ ရရင်ကို ရပြီ လုံလောက်ပြီ။ အားပေးပါတယ် တကယ်လည်း ထိရောက်နေပါပြီ။ အမှန်ဖြစ်နေတာကို အမှန်အကန်ဖြစ်တယ်လို့ သဘောပေါက်ရခြင်းဟာ ၀ါကြွားတာ မဟုတ်ပါဘူး၊ အမှန်အကန် ဖြစ်ရခြင်းအပေါ်မှာ ဂုဏ်ယူခြင်းအားဖြင့် တရားကိုလည်း ပူဇော်ရာကျပါတယ်။ သစ္စာဝါဒီများ အဆင့်မြင့်နေပြီ မကျင့်ကြံတဲ့ ပုဂ္ဂိုလ်တွေ မသိနိုင်တဲ့၊ မရနိုင်တဲ့ ရလာဒ်တွေကို ရနေပြီဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *