ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ (၃၇)

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ (၃၇)

Bism4သစ္စာဝါဒီများ တဖြည်းဖြည်းနဲ့ တရားဝင်စားချိန်၊ ပွားများချိန် များလာတော့ – အဲဒီ အကျိုးအမြတ်ကို ခံစားရတာ တရားတော်မြတ်ရဲ့ ဂုဏ်ကျေးဇူးပါ။ ဒီအကျိုးအမြတ်ကို တစ်ခြားလူ မပြောနဲ့ ကိုယ့်ဖာသာကိုယ် ဟုတ်မှ ဟုတ်ပါ့မလားလို့ သံသယဖြစ်တောင် မသက်ရောက်ဘူး။ သံသယဖြစ်တာ ဖြစ်တာပဲ ဒါပေမယ့် ဒီလိုကျင့်ကြံခဲ့တဲ့၊ နှလုံးသွင်းခဲ့တဲ့၊ ဆင်ခြင်ခဲ့တဲ့ အားကတော့ မပျက်ဘူး သစ္စာဝါဒီများ။ ဒါဟာ တရားတော်မြတ်ရဲ့ ဂုဏ်ကျေးဇူးပါပဲ။ တရားတော်ရဲ့ ဂုဏ်ကျေးဇူးဟာ အင်မတန် အံ့သြစရာ ကောင်းပါတယ်။

တရားထိုင်ရင် ငါးမိနစ်ရရ၊ ဆယ်မိနစ်ရရ ထိုင်ပါဆိုတာကို တစ်ချို့ကတော့လည်း နည်းတယ်လို့ ထင်ချင်လည်း ထင်မှာပေါ့။ ဒါပေမယ့် သစ္စာဝါဒီများကတော့ ဒီလို ပြောတဲ့အတိုင်းသာကျင့်ပါ၊ “ဒါပေမယ့် ကျုပ်တို့က နည်းပေမယ့်၊ ငါးရက်စခန်း၊ ဆယ်ရက်စခန်းနဲ့ ပြီးမှာမဟုတ်ဘူး၊ တစ်သက်လုံးစခန်း ဝင်ထားတဲ့သဘော ရှိတယ်” လို့သာ အခိုင်အမာ ကြွေးကြော်လိုက်ပါ။

ဒီနည်းဟာ သိပ်ကောင်းတာပဲ သစ္စာဝါဒီများ၊ ဘာကြောင့်လည်းဆိုတော့ ကိုယ်တိုင်ကျင့်လာတာ – အများကြီး အချိန်ယူမှ ရတယ်လို့ မဟုတ်ပါဘူး၊ ခိုင်မာတယ်၊ ဇွဲရှိတယ်၊ ယုံကြည်ချက်နဲ့ ကျင့်တယ်ဆိုရတာပဲ။ အခုဆို သစ္စာဝါဒီများ ရနေပြီ၊ ဒီထက်ဒီ ရဦးမှာ — တစ်အားကို ရဦးမှာ၊ ဘယ်လောက်အထိ ရသလည်းဆိုရင် ကိုယ့်ရဲ့တည်ငြိမ်မှုကို ကိုယ်ကိုယ်တိုင်တောင် အံ့သြမှာ – အဲဒီလောက်အထိ ရမှပါ။ ဒါ လက်တွေ့ တရားအားထုတ် ဖြတ်သန်းထားတဲ့ အတွေ့အကြုံတွေကို မှီးပြီး ပြောရတာ၊ အားပေးရတာပါ။

အချိန် နည်းတယ် များတယ်လို့ မအောင်းမေ့နဲ့၊ ကျင့်သာကျင့် နှလုံးသာသွင်း၊ နောက်ပြီး “မမြဲတဲ့တရားတွေ” လို့သာ နှလုံးသွင်း၊ ဒါပဲ သစ္စာဝါဒီများ။ တစ်ချို့က စမ်းတစ်ဝါးဝါးနဲ့ လိုက်နေကြတာရှိတာပေါ့လေ – သဘောတရား ရေးရာတွေ၊ သဘောတရားရေးရာဆိုတာကတော့ အများကြီးတတ်ကြတာ၊ လက်တွေ့မကျင့်လို့သာ မဖြစ်ကြတာ၊ တတ်ကြပါတယ် အားလုံး၊ ဒါပေမယ့် လက်တွေ့မကျင့်တော့ မဖြစ်ဘူး။ ဒါကတော့ လက်တွေ့ကျင့်ပြီးသား ပုဂ္ဂိုလ်ကဖြစ်လို့ ပြောတဲ့ သဘောပဲ။

ဒီတော့ သစ္စာဝါဒီများ တရားသာ ဝင်စားပါ၊ တစ်ခြားလည်း ဝင်စားစရာ များများမလိုဘူး၊ “သြော် မမြဲဘူး” ဒါပဲ။ တကယ် မမြဲခြင်းကို နှလုံးသွင်းရင်း သွင်းရင်းနဲ့ ဘယ်လိုဖြစ်တတ်သလည်းဆိုရင် ပိုအသေးစိပ်ကို မမြဲဘူးဆိုတာ သိမြင်ပေါက်ပိုင်လာတယ်။ ဒီတော့ လက်ခမောင်း ခတ်ရုံပဲ ရှိတာပေါ့။ အခုဆိုရင် ကိုယ်နှလုံးသွင်းလာတဲ့ အင်အားက မသေးတော့ဘူး၊ ဒါဟာ အရမ်းကုသိုလ်ရပါတယ်၊ လုံးဝလည်းကုသိုလ် ရပါတယ် ဘယ်လိုမှကို မမှားနိုင်တဲ့ နည်းနိဿယျလည်း ဖြစ်တယ်။ မမြဲဘူး၊ အနိစ္စဆိုတာ သစ္စာဝါဒီများလည်း တတ်ပါတယ်။ အနိစ္စတစ်လုံးပါပဲ — နှလုံးသွင်းပါ။

နှလုံးသွင်းခြင်းကြောင့် ရလာတဲ့ အမြတ်အစွန်းဟာ တကယ့်ကိုလည်း အဖိုးတန်သလို မည်သူကမှ ချေဖျက်လို့မရပါဘူး၊ မနာလို ဝန်တိုဖြစ်လို့လည်း မရပါဘူး။ တရားတော်အတိုင်း ကိုယ်လုပ်လို့ ကိုယ်ရတာ ဖြစ်ပါတယ်။ သစ္စာဝါဒီများ နှလုံးသွင်းသလောက်ရပြီးပြီ၊ ဆက်သာ နှလုံးသွင်းကြစို့– ဒီထက်ဒီရမှာပါ ရရင် တအားခိုင်မှာပါ။ အဲဒီကျရင်တော့ စာရေးသူပြောတာ ဟုတ်ပေသားပဲလို့ အောင့်မေ့မှာပါ၊ အခုလည်း အောင်းမေ့နေမှာပါပဲ၊ တကယ်လည်း အကျိုးကို မြော်မြင်တတ်သိလို့ ပြောပြခြင်း ဖြစ်တဲ့အတွက် ဆရာကောင်း သမားကောင်းရဲ့ အဆို အဆုံးအမကို ရထားလို့ လက်ဆင့်ကမ်ူတဲ့ အကြောင်း သတင်းကောင်း ပါးရပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

2 Responses to ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ (၃၇)

  1. Hnin Wink Khaing says:

    လက်တွေ့ကျကြံသူများသာအကျိုးကျေးဇူးခံစားရသည်

  2. Hnin Wink Khaing says:

    ဆရာကောင်းဆရာမြတ် ဂုဏ်ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *