ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၆)

Share

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၆)

bism4သစ္စာဝါဒီများကို တရားအကြောင်း ဟောရပြောရတာ – တရားဆိုတာ ပြောကောင်းတယ်၊ ဟောကောင်းတယ်၊ ကြားနာကောင်းတယ်၊ ကျင့်ကောင်းတယ်၊ ကြံကောင်းတယ်၊ ဆွေးနွေးကောင်းတယ် ပေါ့နော် — ဒီတော့လည်း ကုသိုလ်ရပါတယ်။

ကုသိုလ်ရတဲ့အလုပ်မှာ ကျင့်ကြံအားထုတ်ထားတဲ့ ပုဂ္ဂိုလ်နဲ့ ပြောရဆိုရတယ်တော့ အမြတ်ချည်းပဲပေါ့၊ အရှုံးမရှိဘူး။ ကျင့်ကြံထားခြင်းကြောင့် ရရှိတဲ့ အကျိုးတရားတွေကို မျှဝေခံစားရင်းနဲ့ ဤကဏ္ဍကို ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သစ္စာဝါဒီများ ကျင့်ကြံနေသမျှ ကုသိုလ်ရနေတယ်လို့သာ သဘောထား ယုံကြည်နိုင်ပါတယ်။ ဒီလိုယုံကြည်နိုင်လောက်အောင်လည်း စာရေးသူက ကြံဆပြီး အကျိုးရှိရာ ရှိကြောင်းတွေကို တင်ပြနေခြင်းဖြစ်ပါတယ်။

တရားဆိုတာကတော့ သိတဲ့အတိုင်း ကျင့်ကြံအားထုတ်မှသာလျှင် ကျင့်ကြံအားထုတ်ခြင်းရဲ့ အမြတ်အစွန်း အရသာကို ရရှိတာ ဖြစ်ပါတယ်။ (ဒီစကားကို ထပ်ပြောပါရစေ-) သစ္စာတရားနဲ့ ပတ်သက်လို့ ကတော့ ကျင့်ကြံအားထုတ်နိုင်မှသာလျှင် ကျင့်ကြံအားထုတ်ထားတဲ့ အကျိုးအမြတ်ကို ကိုယ်တိုင်သိ၊ ကိုယ်တိုင်ဖြတ်သန်း၊ ကိုယ်တိုင်ခံစားပြီး ကိုယ်တိုင်ဝင်စားနိုင်လို့ သစ္စာဝါဒီများကို ပြောရာမှာ မှန်မှန်ကန်ကန် တိတိကျကျ သူတော်ကောင်းတွေ အလိုတော်ကျ ပြောပြနိုင်ခြင်း ဖြစ်ပါတယ်။ ထင်မြင်ချက်တွေနဲ့ ရောင်ရမ်းပြောတဲ့ စကားတွေကတော့ ကိုယ့်ကို ချောက်ထဲဆွဲချတာနဲ့ အတူတူပါပဲ။ သစ္စာဝါဒီများ ဒီလိုချောက်ထဲ ဆွဲချမှုမှလွတ်အောင်ရုန်းစေချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ချောက်ထဲမကျစေချင် လို့ပါ။

ကျင့်ကြံအားထုတ်ထားခြင်း မရှိဘဲနဲ့ တိတိကျကျ ခိုင်ခိုင်လုံလုံ မြတ်စွာဘုရား အလိုတော်ကျ မပြောနိုင်တဲ့ စကားတွေကို နာကြားခြင်းအားဖြင့်တော့ မိမိဟာ အကျိုးယုတ်ဖို့ပဲ ရှိပါတယ်။ ဒါကြောင့် သတိထားပါ အဆင့်မြင့်တဲ့ ဝိပဿနာကဏ္ဍမှာတော့ အဆင့်မြင့်တဲ့ တရားနဲ့ လက်တွေ့နဲ့ယှဉ်တဲ့ကျင့်စဉ်နဲ့ ဟုတ်တိုင်းမှန်ရာကိုသာ ဝင်စားဆွေးနွေး အားထုတ်ဖို့ အမြဲတမ်း ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

ခရေစေ့တွင်းကျ တတ်စွမ်းသမျှ တင်ပြလျက်ရှိတာကို အခုဆိုရင် သစ္စာဝါဒီများက နှလုံးသွင်းတတ်၊ မိမိကလည်း သာဓုခေါ်နဲ့ အပေးအယူ မျှတတဲ့အခြေအနေရှိကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။ ဘာမှကို ဆွဲဆောင် ချော့မြှူတဲ့ကဏ္ဍတွေကို ရှောင်နိုင်အောင် ရှောင်ဖို့လည်း သတိထားစေချင်တဲ့သဘော အကျိုးပြု အကြံပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

 

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *