ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 21

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ

အပိုင်း(၂၁)

higher photo04 သစ္စာရှာမှီးသူများကို တရားအားထုတ်ဖို့ တိုက်တွန်း အကြံပေးလျက် ရှိပါသည်။ ယင်းအချိန်တွင် အနှောက်အယှက်များကိုလည်း ဖြေရှင်းနေရသဖြင့် ယောဂီများအတွက် စိတ်ကသိကအောက် ဖြစ်လျှင် နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သစ္စာဝါဒီများ လမ်းဖြောင့်ဖြောင့် သွားနိုင်ရန် အနှောက်အယှက် အဖျက်အဆီးများအား မိမိအနေနှင့် ကာကွယ်ဖြေရှင်း နေရသည့် သဘောများ ရှိနေသောကြောင့် ဖြစ်ပါသည်။

စာရေးသူအား ရုပ်နာမ်မကွဲတဲ့ ပုဂ္ဂိုလ်ဖြစ်မယ်ဟု ကောက်ချက်ချပါသည်။

`        ရုပ်နာမ်ကို အဘယ့်ကြောင့် မကွဲရမှာလည်း – ရုပ်နာမ်ဆိုတာ ရုပ်ကအခြေခံပဲ အသိမရှိဘူး။ နာမ်က အသိရှိတယ် – ရုပ်နဲ့တွဲပြီး လူသားဖြစ်နေတာ။ ဘာမသိစရာရှိလဲ — ရုပ်နာမ်တောင် မသိဘူးဟု ပြစ်ပြစ်နှစ်နှစ် ချိုးနှိမ်ပြောခြင်းသည် များစွာမတရားစွပ်စွဲခြင်း ဖြစ်ပါတယ်။

higher photo05 ဒါလေးတွေကို တစ်ဖက်ကလည်း အတိုက်အခံ ရှိနေတော့ ဖြေရှင်းတာကို ယောဂီများ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ကျင့်စရာ ရှိတာသာ ဆက်ကျင့်ပါ သစ္စာဝါဒီများ။ လမ်းစဉ် မှန်ကန်ကြောင်းကိုတော့ စာရေးသူကိုယ်တိုင် အာမခံတာဝန်ယူပြီး ဆက်လက်ဦးဆောင်နေပါ့မယ်။ ကိုယ်ကတော့ အနိစ္စသာရှုပါ – ဒါလိုရင်းပါပဲ။

သိစရာတွေကတော့ အများကြီးပေါ့ ပိဋကတ်သုံးပုံ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ပေါ့။ ဒါပေမယ့် ကျင့်တတ်လို့ရှိရင် – ကျင့်နိုင်သလောက် သိရင်ပြီးတာပါပဲ။ အပျက်ရှုရမယ်ဆိုရင် – ရှုနေရင် ပြီးတာပါပဲ။ အပျက်သာရှုပါ၊ လက်မခံပဲရှုပါ၊ ငြင်းပယ်ပြီးရှုပါ၊ အနိစ္စလက္ခဏာတင်ရင် ပြီးတာပါပဲ။ အခုလို ကျင့်နေတာ အားရစရာ ကောင်းပါတယ်။ တဖက်ကလည်း ဖြေရှင်းတာ ဗဟုသုတရတဲ့ အပိုင်းတော့ ရတာပေါ့လေ။ ဒီလိုလာရောက် စွပ်စွဲလို့ ဖြေရှင်းနေခြင်း ဖြစ်ပါတယ်။ သက်သက်ကြီး တင်ပြနေခြင်း မဟုတ်ပါဘူး။

အခုအခါမှာ သူတို့က —

“နိဗ္ဗာန်ကို တက်ပြီးကိုင်တယ်ဆိုတော့ တော်တော်သတ္တိကောင်းတယ်လို့ ပြောရမှာပေါ့နော်” ဟု

ခပ်ငေါ့ငေါ့ပြောပါတယ်။ တကယ်တမ်းကျတော့ နိဗ္ဗာန်ကိုင်ပုံ ကိုင်နည်း ဘယ်လိုကိုင်သလဲ၊ ဘယ်ဟာကိုင်တာက ဘယ်လိုမှားသလဲ၊ ဘယ်လိုမှန်သလဲ ဆိုတာကို သုံးသပ်ရင်သဘာဝကျပါတယ်။ နိဗ္ဗာန်မကိုင်ရဘူးဆိုတာတော့ ဗုဒ္ဓဘာသာတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်ပဲ။ သူတို့သာ ပြတိုက်ထဲမှာ အိပ်မောကျနေလို့ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ်တွေက အဆင့်မြင့်ပြီး နိဗ္ဗာန်တို့ဘာတို့ ကိုင်နိုင်တဲ့ အခါမှာ သူတို့ကတော့ မှိုတက်နေတဲ့ အတွေးအခေါ်နဲ့ပဲ အခန်းအောင်းပြီး မှိန်းနေတာ တကယ်တက်တက်ကြွကြွ ကျင့်ကြံအားထုတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရှေ့ရောက်တဲ့စခန်းကို သူတို့ နည်းနည်းမှ နားမလည်ပါဘူး။

နားမလည်လို့ နားမလည်ဘူးပြောလည်း သူတို့ခံရမှာပဲ – ဘာကြောင့်လည်းဆိုတော့ သူတို့နားမှမလည်တာကိုး — ဆရာကောင်းလည်း မရှိ၊ ကိုယ်တိုင်လည်း မဂ်ပေါက်ဖိုလ်ဝင် မကျင့်တော့ ရမ်းပြောမှန်းပြော ဖြစ်နေတာ။ အခုအခါမှာ တကယ်ကျင့်တဲ့ ပုဂ္ဂိုလ်တွေက မခံတော့ဘူး။ အဲဒီတော့ အမှန်အကန်ကို ဖော်ပြီ -ဒီတော့ သူတို့ အရှက်ကွဲယုံပဲရှိတယ်။ ဒီထက်ရှေ့လျှောက်ပြီး သူတို့မဆင်ခြင်ရင် ဒီထက်ပို အရှက်ကွဲမှာသာဖြစ်ကြောင်း သစ္စာဝါဒီများကို အားပေးစကားပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

One Response to ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 21

  1. U Oak TTTK says:

    လက်တွေ့ လည်းမကျင့် ဆရာကောင်းလည်းမရှိတော့ အမှန်တရားမှ ဝေးနေတာပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *