စတီဖင်ဟော့ကင်းနှင့်သူ့အကြောင်း

စတီဖင်နှင့်သူ့အကြောင်း18209305
စတီဖင်ဟော့ကင်း၏ စာအုပ်တစ်အုပ် ထွက်လာပါတယ်။ သူနာမည်ကြီးခဲ့တဲ့ (A Brief History of Time) ပုစံမျိုးပဲ (My Brief History) ဆိုပြီးတော့ ရေးထုတ်လိုက်ပါတယ်။
အိမ်ထောင်သက် နှစ်ခါကျခဲ့ကြောင်း (Jane) နဲ့ (Elaine) J & E ဖြစ်ပါတယ်။
ဟော့ကင်းဟာ ငယ်ငယ်တုန်းက အတန်းမှာ article-2355621-1AA79928000005DC-810_634x409(Top Ten) ထဲကို မပါခဲ့ဘူး – ဒါကတော့ လက်ရေးညံ့လို့လို့ သူကပြောပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ သူရေးသလောက် စာအုပ်တွေဟာ (Top Ten) ထဲပါတာချည်း ဖြစ်နေပါတယ်။
(A Brief History of Time, Black Holes and Baby Universes and other Essays, The Universe in a Nutshell, The Grand Design and My Brief History) စတဲ့ စာအုပ်များဟာ (Top Ten) hawkingauthorphotoထဲမှာ ပါခဲ့ပါတယ်။
သူကတော့ GOD ကို မယုံဘူးလို့ ကြေငြာခဲ့တယ်။ Universe can be explained by not introducing GOD. လို့ ပြောခဲ့ပါတယ်။ ယုတ္တိဗေဒမှာ (System without Axiom) ဆိုတဲ့သဘောပဲပေါ့။ စကြ၀ဠာကြီးကို သူက GOD မပါဘဲ ရှင်းနိုင်တယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။
လူသားတွေဟာ သိပ္ပံမတိုးတက်ခင်က (GOD) ကို သိပ္ပံရဲ့ ကွက်လပ်တွေမှာ အစားထိုးခဲ့တယ်။ သိပ္ပံမှာ ကွက်လပ်မရှိတော့ဘူးဆိုတော့ (GOD) လည်း နေရာပျောက်သွားတယ်လို့ သူကရှင်းပြခဲ့ပါတယ်။
သူဟာ စကြ၀ဠာဆိုင်ရာ အသိပညာကို တစ်စုံတစ်ခု ကောင်းကျိုးပြုနိုင် ခဲ့လို့ သူ့ဘ၀ဟာ ၀မ်းသာ ကျေနပ်ဖွယ်ကောင်းကြောင်း ၀န်ခံထားပါတယ်။ သူဟာ ကိုယ်တိုင်ရော ကိုယ်တတ်တဲ့ သိပ္ပံပညာအကြောင်းတွေကို အကျယ်ချဲ့ စိတ်ဝင်စားသူတစ်ဦး ဖြစ်ပါတယ်။ အခုထက်တိုင်လည်း သူဟာဆက်လက်ပြီးတော့ သုတေသနလုပ်ရင်းနဲ့ သိပ္ပံအသိပညာနဲ့ စကြ၀ဠာကြီးအကြောင်းကို ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။
စကြ၀ဠာဟာ ဘာဖြစ်လို့ ဖြစ်နေရတာလဲ ???
Why is the universe the way it is?
ဆိုတာကို သူအင်မတန် စိတ်ဝင်စားတယ်။
ဘလက်ဟိုးလ်က အမှုန်လေးတွေ ထွက်လာတာနဲ့ ပတ်သက်လို့ကတော့ အမှုန်အတွဲစုံဟာ ဘလက်ဟိုးလ်ထဲကို အဖိုဖြစ်စေ၊ အမဖြစ်စေ ကျရောက်သွားရင် ကျန်တဲ့အမှုန်လေးက ထွက်လာခြင်းအားဖြင့် ဘလက်ဟိုးလ်ထဲက တစ်စုံတစ်ခု ထွက်လာတယ်လို့ ယူဆနိုင်ကြောင်း ရှင်းပြခဲ့ဖူးပါတယ်။
သူဟာ (Sum over Histories) ဆိုတဲ့ သမိုင်းဟာ တစ်ခုတည်း မဟုတ်ဘူးဆိုတဲ့ အမြင်ကို ယုံကြည်လက်ခံပြီးတော့ တန်ဖိုးထားခဲ့ပါတယ်။ ထို့နောက် အချိန်ယောင် (Imaginary Time) ကိုလည်း သူရှင်းပြခဲ့တယ်၊ နောက်ဆုံးပေါ်စာအုပ်ထဲမှာတော့ အချိန်ယောင်ဆိုတာဟာ အချိန်အစစ်နဲ့ မတူဘူးဆိုတာလောက်ပဲ အကျမ်းဖျဉ်းပဲ သူဖြေရှင်းပါတယ်။
သူ့ရဲ့ (Sum over Histories) အပေါ်မှာ အမြင်ကတော့ တော်တော်ခိုင်မာပါတယ်။ သူဟာ မကြာခဏ အလောင်းအစား လုပ်လေ့တော့ရှိတယ်။ အခါများစွာတော့ ရှုံးပါတယ် တစ်ခါခါတစ်ခါတော့ နိုင်ပါတယ်။ အခါအားလျော်စွာ သူရဲ့ အလောင်းအစား အကြောင်းတွေကို ရေးပြပေးပါဦးမယ်၊ အခုတော့ သူဟာ (My Brief History) နဲ့ (Top Ten) ထဲမှာပါနေတဲ့ သဘောတရားရေးရာဆိုင်ရာ ရူပဗေဒပညာရှင်အဖြစ် ထင်ရှားကျော်ကြားလျက် ရှိပါတယ်။
သူဟာ ကမ္ဘာပေါ်မှာ သိပ္ပံပညာရှင် အဖြစ်နဲ့ လူသိများတာကတော့ မနာမကျန်းဖြစ်ရင်းနဲ့ သူဟာ အောင်မြင်ကျော်ကြားလာ၊ လူသိပိုများလာတယ်လို့ ဖြေရှင်းခဲ့ပါတယ်။ သူဟာ အင်္ဂလိပ်စာကို ရိုးရှင်းပြီး ပျော်ရွှင်ဖွယ်ကောင်းအောင် ရေးတတ်တဲ့အတွက် နာမည်ကြီးကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)7m

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *