ဟော့ကင်းနှင့်သူ့အကြောင်း(၃)

Share

နှင့်သူ့အကြောင်း(၃)

ဟော့ကင်း သူကိုယ်တိုင်ရေးသော သူ၏ (My Brief History) 18209305အတ္ထုပ္ပတ္တိအကျဉ်း စာအုပ်တွင် သူ့ကိုယ်သူ အကျော်ကြားဆုံး သိပ္ပံပညာရှင်တစ်ယောက် ဖြစ်သွားခဲ့ရကြောင်းကို ဖော်ပြခဲ့သည်။ ယင်းကိစ္စမှာ အိုင်းစတိုင်းကလွဲ၍ သိပ္ပံပညာရှင်များဟာ သိပ်ပြီးလူသိ မများကြတာလည်း ပါတယ်။ နောက်ပြီး သူကိုယ်တိုင်ကလည်း ရောဂါရှင်တစ်ယောက် ဖြစ်နေတာလည်းပါတယ်။ ဒါကြောင့်မို့လည်း သူဟာ ကမ္ဘာမှာ နာမည်ကျော်ကြားလာတယ်လို့ ဖြေရှင်းခဲ့တယ်။

ဘာပဲဖြစ်စေ ဖြစ်စေ အိုင်းစတိုင်းပြီးသည်၏ နောက်၌ သူအား အိုင်းစတိုင်းကဲ့သို့ ထင်ပေါ်ကျော်စောသော ပုဂ္ဂိုလ်ဟု အသိအမှတ်ပြုကြပါတယ်။ သူကတော့ စာဖတ်ပရိသတ် လူထုကိုမျှဝေ ခံစားပေးလိုစိတ်ရှိတယ်။20141211_142105

(I hoped that most people would be able to share in the excitement and feeling of achievement in the remarkable progress that has been made in physics in the last fifty years.)

လွန်ခဲ့တဲ့ အနှစ် (၅၀) လောက်က ရူပဗေဒ အောင်မြင်ခဲ့ပုံ မှတ်မှတ်သားသား စွမ်းဆောင်နိုင်ခဲ့ပုံကို ပရိသတ်ကြီးဟာ ရင်ခုန်စွာနဲ့အတူ မျှဝေခံစား ဖို့အတွက် သူမျှော်လင့်ခဲ့တဲ့ အကြောင်း ရှင်းပြခဲ့တယ်။

သူဟာ အလောင်းအစား ဝါသနာပါကြောင်း ဖော်ပြခဲ့ဖူးတယ်။ အလောင်းအစား တစ်ခုမှာ –

20141211_142022Nature abhors a naked .

အမှတ်ထူးကြီးကို ဗလာကြီးအတိုင်း ကြည့်ရတာ သဘာဝတရားက ကြောက်လန့်ထိတ်ရွံ့မှာပဲ ဆိုပြီးတော့ သူတို့ လောင်းကြတယ်။ အဲဒီပွဲမှာတော့ သူရှုံးသွားပုံရတယ်။ အလောင်းအစား လုပ်တဲ့နေရာမှာ တစ်ခါတစ်ခါ သူ ဆန့်ကျင်ဘက်က လောင်းလေ့ရှိတာကို လေ့လာသိရှိနိုင်တယ်။ ဥပမာ – ဘလက်ဟိုလ်း ရှိကြောင်းကိုသူ ယုံကြည်ပေမယ့် ဘလက်ဟိုလ်း မရှိကြောင်းကို သူလောင်းလိုက်တယ်။ သူတွက်ပုံက ဘလက်ဟိုလ်း မရှိကြောင်း လောင်းလို့ ဘလက်ဟိုလ်း မရှိဘူးဆိုရင် သူလောင်းကြေး အနိုင်ရမယ်လို့ မျှော်လင့်တယ်၊ တကယ်လို့ ဘလက်ဟိုလ်း ရှိတယ်ဆိုရင်လည်း သူတစ်သက်တာလုံး လုပ်ဆောင်ခဲ့တဲ့ သူရဲ့လုပ်ဆောင်ချက်ဟာ အောင်မြင်တယ်လို့ သူခံယူတယ်။ ဒါကြောင့် သူဟာ ယုံကြည်ချက်ရဲ့ ဆန့်ကျင်ဘက်ကနေ လောင်းလေ့ရှိတဲ့အကြောင်း မှတ်တမ်းအရ သိရတယ်။

ဘလက်ဟိုလ်း ဖြစ်လာပုံကို –

Burnt-out stars above this mass would collapse in on themselves and from black holes 20141211_141930containing singularities of infinite density.

ဆုံးစမထင်နိုင်တဲ့ သိပ်သည်းခြင်းနဲ့အတူတူ အမှတ်ထူးပါလာတဲ့ တွင်းမဲကြီးတွေဟာ လောင်ကျွမ်းပျက်ဆီးသွားတဲ့ ကြယ်သေများမှ အားခန်းပြီးတဲ့နောက် ဖြစ်လာတယ်လို့ ရှင်းပြခဲ့တယ်။ ဒါဟာ ဘလက်ဟိုလ်း အပေါ်မှာ ဟော့ကင်းလေ့လာ သုံးသပ်ခဲ့တဲ့ အချက်အလက်များပဲ ဖြစ်ပါတယ်။

ဟော့ကင်းက သူ့ဘဝကိုသူ ကျေနပ်နေတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ စကြဝဠာကြီးကို 20141211_142213သိနားလည်ဖို့အတွက် လူသားတို့ရဲ့ အသိပညာနယ်ပယ်ကို သူက တစ်စုံတစ်ခု ဖြည့်စွက်ခွင့် ရတဲ့အတွက် အထူးပင် ကျေနပ်နှစ်သက်မိကြောင်း သူ့ဘဝပေါ်သူ သုံးသပ်ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *