ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ

Share

၏မြင့်မြတ်ပုံ

ဗုဒ္ဓဘာသာသည် မြင့်မြတ်သော အကျင့်၌ တည်သည် .. ..

ထို့ကြောင့် မြတ်စွာဘုရားကို မြတ်စွာဘုရားဟု ကြည်ညိုပူဇော်ရသည်၊ အမြတ်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာ၌  ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဆရာမြတ်စသော မြင့်မြတ်သော ကျင့်စဉ် ကျင့်ကြံအောင်မြင် အားထုတ်ကြသူများကို ပူဇော်ကြသည်။ ၏ တရားသည် သက်ရှိသတ္တ၀ါ အားလုံးအား ချမ်းသာစေသည်။ သမုဒ္ဒရာရေသည် ငန်သောအရသာ ရှိသကဲ့သို့ မြတ်စွာဘုရား တရားသည် နိဗ္ဗာန်တည်းဟူသော လွတ်မြောက်ခြင်းသို့ ပို့ဆောင်သည်။

နိဗ္ဗာန်သည် လွတ်မြောက်သည်၊ ချမ်းသာသည် – “နိဗ္ဗာနံ ပရမံသုခံ” ဟု အဆိုရှိသည်။ အမြင့်မြတ်ဆုံးသော ချမ်းသာမှုကိုရခြင်းသည် နိဗ္ဗာန်စံရခြင်း ဖြစ်သည်။ ထိုသို့ နိဗ္ဗာန်စံရာ၌ ရုပ်နာမ် မရှိကြောင်းကို နားလည်ရမည်။ ထို့ကြောင့် “ခန္ဓာ့ နိယောဓော နိဗ္ဗာနံ” ဟု အဆိုရှိခြင်း ဖြစ်သည်။ ၌ ခန္ဓာမရှိချေ .. .. ရုပ်နာမ် ခန္ဓာရှိနေသမျှ ဒုက္ခနှင့် မကင်းချေ။  နိဗ္ဗာန်၌ ရုပ်နာမ်မရှိချေ .. ..  ချမ်းသာခြင်း အတိပြီးသည်။ နိဗ္ဗာန်၏ ဂုဏ်ရည်များသည် များပြားလှသည်၊ မြတ်စွာဘုရားသည် သတ္တ၀ါအားလုံးအား ရင်ဝယ်သားလို ချစ်သဖြင့် နိဗ္ဗာန်ကို စံစေလိုသည်။ နိဗ္ဗာန်သည် လွတ်မြောက်ခြင်းနှင့် ချမ်းသာခြင်း တည်ရာ ဖြစ်သောကြောင့်ဖြစ်သည်။

ဤသို့ ရုပ်နာမ်မရှိသော နိဗ္ဗာန်ကို မျက်မြောက်ပြုရာ၌ “မဂ်စိတ် ဖိုလ်စိတ် ချမ်းသာသောစိတ်ကလေး” ဖြင့် နိဗ္ဗာန်စံသည်ဟု မဆိုအပ်ချေ – ဤသို့ဆိုသောအခါ ကမ္ဘာက ထောက်ပြစရာ ဖြစ်လာမည်။ ဗုဒ္ဓဘာသာ အစစ်အမှန်သည် ကမ္ဘာက ထောက်ပြစရာ အားနည်းချက် မရှိသော ဘာသာသာ ဖြစ်သည်။ တင်ပြသော ပုဂ္ဂိုလ်များက မပြည့်စုံသဖြင့် ထောက်ပြစရာများ ဖြစ်လာခဲ့သည် ရှိသော် သာသနာပြုရာ မကျဘဲ ဗုဒ္ဓဘာသာကို ညှိးမှိန်အောင် လုပ်ဆောင်သကဲ့သို့ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သာသနာပြု ပုဂ္ဂိုလ်များသည် အထူးသတိ ရှိရပေလိမ့်မည်။

“နိဗ္ဗာန်သို့ မျက်မှောက်ပြုသောအခါ မဂ်စိတ် ဖိုလ်စိတ်” ဟု မသုံးအပ်ချေ .. ..

နိဗ္ဗာန်ကို စံခြင်းသည် ချမ်းသာသော စိတ်ကလေး ဖြစ်ပေါ်ခြင်း ဟု မသုံးအပ်ချေ .. ..

နိဗ္ဗာန်၌ ခန္ဓာသည် မရှိချေ

ဤသဘောတရားများကို ပြည့်ပြည့်စုံစုံ ရည်ရည်လည်လည် နားလည်အပ်သည်သာ ဖြစ်သည်။ နိဗ္ဗာန်သည် ချမ်းသာသည်၊ ဒုက္ခမှ လွတ်သည်၊ လွတ်မြောက်သောကြောင့် ရဟန္တာကိုယ်တော် မြတ်ကြီးများက နိဗ္ဗာန်ချမ်းသာကို ရရှိလျှင် ကြွေးကြော်တော်မူကြသည် ဥဒါန်းကျူးတော်မူကြသည်။ ဥဒါန်းပါဠိတော် ဟူ၍ ရှိသည်။ ဥဒါန်းကျူးတော် မူကြသည်၊ ၀မ်းမြောက် ဂုဏ်ယူကြသည်။ မြတ်စွာဘုရားသည်ပင် (၃၁) ဘုံမှ လွတ်၍ နောက်ထပ်တဖန် ရုပ်နာမ် မရတော့ဟု ကြွေးကြော်တော် မူခဲ့ဖူးသည် – အားလုံး အသိပင်ဖြစ်သည်။

နိဗ္ဗာန်သည် လွန်စွာမှ ချမ်းသာခြင်း မျိုးစုံစုပုံ၍ ပြည့်စုံသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာမှန်က – “နိဗ္ဗာန်” ကို ဆုတောင်းရသည်၊ ဆရာတော် သမားတော်များကလည်း နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများ ဟောတော် မူကြသည်။ ဗုဒ္ဓဘာသာများကလည်း နိဗ္ဗာန်ကို ဆုတောင်းကြသည်။

ဗုဒ္ဓဘာသာ ဖြစ်ပါလျက် “နိဗ္ဗာန်ကို ဆုမတောင်းဘူး” ဟု – မကြွေးကြော်ကောင်းချေ .. .. ကြွေးကြော်လျှင် ဦးနှောက်ပျက်သူကဲ့သို့ ဖြစ်နေလိမ့်မည် .. .. ဗုဒ္ဓဘာသာတို့သည် နိဗ္ဗာန်ကို အဓိကထား၍ နိဗ္ဗာန်ကို ပန်းတိုင်ထားသည်။ နိဗ္ဗာန်ကို မရောက်နိုင်သေးလျှင်ရှိစေ – “နိဗ္ဗာန်သို့ မရောက်ချင်” ဟု မပြောကောင်းချေ .. .. ပြောသော ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓဘာသာမဟုတ် (သို့မဟုတ်) ရှုးနှမ်းသူများသာ ဖြစ်ပေလိမ့်မည်။ နိဗ္ဗာန်သည် အရမ်းကောင်းသည်ကို မသိသောကြောင့် ဖြစ်သည်၊ သို့သော် နိဗ္ဗာန်ကို မသိလျှင် မသိဟု ၀န်ခံရမည်သာ ဖြစ်သည်။ “နိဗ္ဗာန်ကို ရောက်အောင် ဆုမတောင်းပါ” ဟု ဖွင့်ပြောခြင်းသည် ရှုးသွတ်မှုပင် ဖြစ်သည်။

ဤကဲ့သို့သော ဦးနှောက်ပျက်သူများ ကြီးစိုးလွှမ်းမိုးလာလျှင် ဗုဒ္ဓဘာသာကို လူတိုင်းက အထင်သေး ပေလိမ့်မည် .. .. လူတိုင်းသည် ဗုဒ္ဓဘာသာမှန်က နိဗ္ဗာန်ရောက်လိုကြသည်။ နိဗ္ဗာန်သည် အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်။ နိဗ္ဗာန်သည် တုနှိုင်းစရာ မရှိလောက်အောင် မွန်မြတ်ကောင်းမွန်သည်။ ထို့ကြောင့် နိဗ္ဗာန်ရအောင် ဆုတောင်းရမည်၊ နိဗ္ဗာန်ရောက်အောင် ကြိုးစားရမည်၊ နိဗ္ဗာန်ကို ရောက်အောင် ဆောင်ရွက်ရမည်။

ဗုဒ္ဓဘာသာ ဖြစ်လျက် “နိဗ္ဗာန်ကို ဆုမတောင်းပါ” ဟု ဖွင့်ပြောသူသည် ရှုးသွတ်သူသာ ဖြစ်ပေလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာမှန်က နိဗ္ဗာန်အကြောင်း သိသည်ဖြစ်၍  –

နိဗ္ဗာန်သည် “နိဝါန , နိ=မရှိခြင်း၊ ၀ါန=ဆင်းရဲစေသော

တဏှာမရှိသော နိဗ္ဗာန်ဖြစ်၍ လွန်စွာမှ မြင့်မြတ်လှပေသည်။ မြတ်စွာဘုရားသည် သတ္တ၀ါများအား ချစ်သနားသဖြင့် မဟာဂရုဏာတော်ထား၍ နိဗ္ဗာန်ရောက်ကြောင်း ဟောတော်မူသည်၊ နိဗ္ဗာန်စံစေလိုသည်။ ထို မြတ်စွာဘုရား၏ ဆန္ဒတော်ကို ရိုသေဦးညွှတ်ရမည်သာ ဖြစ်သည်။ ထိုကြောင့် သူတော်ကောင်းများကို မပစ်မှားအပ်ချေ .. .. နိဗ္ဗာန်သည် ရောက်သင့်သည်သာ ဖြစ်သည်။

ယခုတစ်လော ဗုဒ္ဓဘာသာ သူတော်ကောင်းများ၏ စကားကို ဆန့်ကျင့်၍ ပြောသော စကားများ ထွက်နေသည် .. ..

ဥပမာ —- “ခန္ဓာဉာဏ်ရောက်” ဟု ဆိုကြသည် “တရားရှာ ခန္ဓာမှာတွေ့” ဟု သုံးနှုန်းရသည်၊ သူတော်ကောင်းကြီးများ သုံးတော်မူခဲ့ကြသည်။ ၄င်းကိစ္စ၌ “တရားရှာ ခန္ဓာမှာတွေ့” ဟု သုံးသည့် စကားအစား “တရားရှာ ထောင်မှာတွေ့” ဟု – ဤကဲ့သို့ သုံးနှုန်းလာကြသည်။ ၄င်းတို့သည် လွန်စွာ ရိုင်းစိုင်းရာကျသည်။ သူတော်ကောင်းများသည် “တရားရှာ ခန္ဓာမှာတွေ့သည်” ဟူ၍သာ မိန့်သည်။ ယင်းကို “တရားရှာ ထောင်မှာတွေ့သည်” ဟု ဆိုလာကြသည်။

ယခုတစ်လောတွင် ကိုးလို့ကန့်လန့် စကားများပေါ်လာသည် .. ..

ဥပမာ —- “ဘုရားမှာ လိုအပ်သည်ထက်ပို၍ အလှူခံငွေတွေများနေပါသည်၊ ဆင်းရဲသားများကို ဝေပါဦး” ဆိုသော သဘောများ ထွက်လာသည်။

ဤကိစ္စမှာ မှားယွင်းနေသည် – ဆင်းရဲသားကို ကိုယ်ပေးချင်က ပေးနိုင်သည်၊ မြတ်စွာဘုရားဆီက ငွေတွေကိုယူ၍ ဆင်းရဲသားများကို ပေးချင်သည် ဆိုသောစကားသည် ဗုဒ္ဓဘာသာ မပီသချေ .. .. မလှပသော စကားများသာဖြစ်သည်။ ဤသို့ မသုံးနှုန်းသင့်ချေ။ ဆင်းရဲသော ပုဂ္ဂိုလ်များကို ဂရုဏာ ထားနိုင်ပါသည်၊ ထောင်ကျသူများကို သနားနိုင်ပါသည် – ဒါက ကိုယ့်အခွင့်အရေးဖြစ်သည် သို့သော် “တရားရှာ ထောင်မှာတွေ့” ဟူ၍ လည်းကောင်း၊ “ဆင်းရဲသော ပုဂ္ဂိုလ်များအား မြတ်စွာဘုရားဆီက အလှူငွေတွေကို ပေးချင်သည်” ဟူ၍ လည်းကောင်း၊ မပြောအပ်ချေ။ ဗုဒ္ဓဘာသာများသည် လွန်စွာမှ အသည်းနာကြသည်။ မြတ်စွာဘုရားဆီက ဖဲ့ချိုး၍ ဆင်းရဲသားတွေ ဝေချင်သည် ဟူသောစကားသည် ဗုဒ္ဓဘာသာတိုင်းက ခါးသီးသော ရွံမုန်းသော စက်ဆုတ်သော စကားများသာလျှင် ဖြစ်ပေသည်။

ထို့ကြောင့် သူတော်ကောင်း၏ စကားများအား ဆန့်ကျင်ဘက် မပြုသင့်ကြောင်း သတိထားအပ်လေသည်။ “တရားရှာလျှင် ခန္ဓာမှာသာတွေ့သည်” စာရေးသူတို့သည် နှစ်ပေါင်း (၄၀) ကျော် တရားရှုလာရာ ခန္ဓာမှာပဲ ရှုရသည်။  ထို့ကြောင့် “တရားရှာ ခန္ဓာမှာတွေ့” ဟူသော စကားသာလျှင် ကြည်ညိုဖွယ်ရာ ကောင်းသည်။ “တရားရှာ ထောင်မှာတွေ့” ဟူသော စကားသည် ကိုးလို့ကန့်လန့်ကြီး ဖြစ်နေသည်။ အသုံးအနှုန်းများ သတိထားအပ်ကြောင်း ဖော်ပြလိုပါသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *