ဝီရိယလွန်ကဲသူများ

ဝီရိယလွန်ကဲသူများ

  max born  သိပ္ပံပညာရှင်များသည် ဝီရိယလွန်ကဲသူများဟုပင် ကောက်ချက်ချနိုင်သည်။ သူတို့သည် အမှန်တကယ် သုတေသန လုပ်သောအခါ အစားအသောက် အအိပ်အနေပင် သတိမရနိုင် လောက်အောင် ဇွဲကောင်းကြသည်။

ဇွဲတော့ အထူးကောင်းမွန်ကြပါသည်။ သိပ္ပံပညာရှင်များ အုပ်စုလိုက် ဇွဲကောင်းကြသည်။ အသစ်အဆန်း ရှာဖွေမှု၌ လွန်စွာစိတ်ဝင်စားကြသည်။ သူတို့ကို သူတို့တော့ စပ်စုလွန်းချင်သူများဟု သတ်မှတ်ကြသည်။

သူတို့သည် စပ်စုကြခြင်းဖြစ်သည်။ ဤစကားကို သုံးနှုန်းရာ၌ သူတို့ကိုယ်တိုင် ထိုသို့ခံယူထားခြင်းများကို ဝန်ခံသောကြောင့် ဖြစ်သည်။ သူတို့သည် ရည်ရွယ်ချက်နှင့် စူးစမ်းရှာဖွေကြသည်ဟု ဝန်မခံကြချေ။ သူတို့သည် သိလိုသောကြောင့်သာ ရှာဖွေကြသည်ဟု ဝန်ခံလေ့ရှိကြသည်။ သူတို့သည် “ဘာဖြစ်လျှင် ဘယ်လိုဖြစ်မည်၊ ဘာကိုသိရလျှင် အနုမြူဗုံးလုပ်မည်။ ဘာကိုသိရလျှင် လက်နှက်လုပ်မည်” ဟူသော သဘောနှင့် လေ့လာကြသည်တော့မူ မဟုတ်ဟု အဆိုရှိသည်။ သူတို့သည် သဘာဝတရား၏ လျှို့ဝှက်ချက်များကို သိချင်သောကြောင့်ဟု ဖွင့်ဟဝန်ခံကြသည်။ သိချင်လွန်း အားကြီးသဖြင့် သူတို့သည် မကြာခဏ ခရီးဆုံးများရောက်ပြီလားဟု အောင်းမေ့ခဲ့ကြ ဖူးသည်။ သို့သော် အမှန်တကယ်တော့မူ ခရီးဆုံးသို့ မရောက်သေးချေ။ ယခုထက်တိုင် ရောက်သည်ဟု တရားဝင် ကြေငြာဖို့ အခက်အခဲများ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးပေါ် ကွမ်တမ်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြင့်ပင်လျှင် ခရီးဆုံးသို့ ရောက်သည်ဟု မဆိုနိုင်အောင် ရှိနေသည်။ သို့သော် လွန်စွာဝီရိယစိုက်၍ ရှာဖွေစူးစမ်းကြသည်။

သူတို့သည် စူးစမ်းခြင်း၌ မည်မျှ ဝါသနာပါသနည်းဟူမူ လမ်းဆုံးကို မရောက်လိုပါ ဟူသောသဘောပင် ဖြစ်လာကြသည်။ သိပ္ပံပညာရှင် နိုဘယ်(လ်) ဆုရှင် မက်(စ)ဘွန်းကိုယ်တိုင်က ကျွန်တော်တို့သည် ပျော်ပျော်ရွှင်ရွှင်နှင့် မဆုံးနိုင် မမောနိုင်သော ခရီးကြီးအား လျှောက်လှမ်း ကြသည်ဟု ဝန်ခံခဲ့ဖူးသည်။ သူတို့သည် ရည်မှန်းပန်းတိုင်မှာ ဘယ်နားရောက်နေမှန်းကို မသိချေ။ ရည်မှန်းချက် ပန်းတိုင်ကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ လက်တွေ့သုတေသန ပြုလုပ်ခြင်းဖြင့် သဘာဝ၏ အမှန်တရားကို ဖော်ဆောင်ရန်သာဖြစ်သည် ဟူသောသဘောနှင့် ရပ်တည်နေကြကြောင်းကို တွေ့ရသည်။

ဤကိစ္စ၌ မက်(စ)ဘွန်းသည် (Far from any goal .. ..) ဟု ဖွင့်ဟ ဝန်ခံခဲ့သည်။ သူ၏ (Cause and Chance) စာအုပ်တွင် ထိုအကြောင်းကို ဖွင့်ဆိုခဲ့ခြင်း ဖြစ်သည်။

(I am convinced that we are on a never-ending way; on a good and enjoyable way, but far from any goal.)

ထိုနည်း၎င်းပင် ကိုယ်တိုင်ကလည်း သွားနေရခြင်းသည် ရောက်ခြင်းထက် ပို၍ တန်ဖိုးရှိပါလိမ့်မည်ဟူသော အဆိုကို ထောက်ခံသကဲ့သို့ ပြောဖူးခဲ့သည်။

AlbertEinstein 1

    (The search for truth is more precious than its possession.)

ယင်းစကားကလည်း ထူးဆန်း၍ အံ့သြဖွယ်ရာကောင်းသည်။ ရောက်ချင်၍ သွားသည်ကို သွားခြင်းဖြင့်သာလျှင် တန်ဖိုးကို ပိုယူသည်မှာ ထူးဆန်းသည်ဟု ဆိုရမည်။

အနှစ်ချုပ်လျှင်မူ သူတို့သည် ခရီးဆုံးရောက်သွားလျှင် ဆုံးသွားပြီး လုပ်စရာ မရှိခြင်းအဖြစ်ကို မလိုလားသောကြောင့် ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။

သူတို့နောက်ပိုင်း ကိုယ်တိုင်ကလည်း လူသည် အဆုံးကို ရောက်သွားလျှင် လုပ်စရာမရှိဘဲ ရှုံ့တွ၍ စိတ်ဝင်စားဖွယ်ရာ ကုန်ခန်းပြီး၊ ချုပ်ဆုံးသေဆုံး သွားမည်ဟုပင် ပြောခဲ့ဖူးလေသည်။

Sir Stephen Hawking makes a rare public appearance(It is better to travel hopefully than to arrive.)

(If we reached the end of the line, the human spirit would shrivel and die.)

ဤအယူအဆများသည် အမှန်တော့ ဗုဒ္ဓဘာသာနှင့် စိစစ်၍ မရနိုင်ချေ။ ဗုဒ္ဓဘာသာတွင် နိဗ္ဗာန်သည် ပန်းတိုင်ဖြစ်သည်။ နိဗ္ဗာန်သည် အဆုံးဖြစ်၍ အဆုံးရောက်လျှင် ငြိမ်းချမ်းသည်။ နိဗ္ဗာန်ရောက်သူတိုင်းက နောင်တရသည်ဟူ၍မရှိချေ။

အခုမူ သိပ္ပံပညာရှင် အချို့သည် ဆုံးသွားလျှင်မူ လုပ်စရာ ကိုင်စရာမရှိသဖြင့် ဘဝ၏ ပျော်ရွှင်ချမ်းမြေ့မှု မရနိုင်ဘဲ ရှုံ့တွကုန်ဆုံး ချုပ်ငြိမ်းဖွယ်ရာ ရှိသည်ဟု အောင်းမေ့ခြင်းသည် သိပ္ပံပညာရှင်များ၏ ထူးဆန်းသော အံ့သြဖွယ်ရာကောင်းသော ဝီရိယပိုင်း၌သန်သော၊ ဗုဒ္ဓဘာသာကဲ့သို့ ခရီးဆုံးရောက်အောင် ဉာဏ်ပညာ မတွေ့ကြသေးသော ပုဂ္ဂိုလ်များအဖြစ် မှတ်တမ်းပြုနိုင်ပါတော့သည်။

  ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *