နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း 06

Share

နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း

အပိုင်း(၆)

အောင်မြင်သောဗုဒ္ဓဘာသာတစ်ဦး

cartoon-lotus-picture,1366x768,56674လောကမှာ ဗုဒ္ဓဘာသာလည်း အောင်မြင်နိုင်တာပဲ။ သိပ္ပံပညာရှင်များလည်း အောင်မြင်တာပဲ။ အားကစားသမားများလဲ အောင်မြင်တာပဲ။ ကွန်ပြူတာစတဲ့ ပညာရှင်များ အတတ်ပညာရှင်များလည်း အောင်မြင်တာပဲ။ ဒီလိုပါပဲ ဗုဒ္ဓဘာသာများလည်း အောင်မြင်တာပါပဲ။ အောင်မြင်အောင်ကျင့်ရင် အောင်မြင်တာပါပဲ။

စာရေးသူက နှစ်ပေါင်း ၅၀ ကျော်ကျင့်ကြံလာတော့ မပျက်မကွက် ကျင့်ကြံလာတော့ ဒါ အောင်မြင်တာပဲ။ အောင်မြင်တယ်ဆိုတာ မဆန်းပါဘူး။ တစ်ချို့ကတော့ ကိုယ်တိုင်မကျင့်ဘဲနှင့် မနာလို ၀န်တို အဖျက်သဘော ဖျက်ကြတယ်။ ဒါပေမယ့် သူတို့ဖျက်ပေမယ့် ကိုယ့်အောင်မြင်ခြင်းက အောင်မြင်ခြင်းပါပဲ။ ဘယ်သူမှ ဖျက်မရဘူး။ ဒါ ဟာ အောင်မြင်တာကတော့ အလုပ်လုပ်ရင် အောင်တာပါပဲနော်။

ဗုဒ္ဓဘာသာက မအောင်မြင်ရဘူးလို့ ဘယ်သူကပြောသလဲ။ ဘယ်ကွန်မြူနစ်ကပြောသလဲ။ ကွန်မြူနစ်အဆိုတွေက ဗုဒ္ဓဘာသာမှာ လွှမ်းနေတယ်။ မှန်တာကန်တာ အောင်မြင်ရင်အောင်မြင်တာပေါ့။ အောင်မြင်လို့ အောင်မြင်တယ် ပြောတာပဲ။ မအောင်မြင်ဘဲနဲ့ အောင်မြင်တယ်လို့သာ မညာကောင်းတာ။ အောင်မြင်တဲ့ အတွက် အောင်မြင်တယ်ပြောတာ။ ညာတာမှ မဟုတ်ဘဲ။ မှန်တာပြောတာ။ သူတော်ကောင်းတွေက ဟုတ်တာ မှန်တာ အကျိုးရှိရာ ပြောကောင်းတယ်လို့ မိန့်ပြီးသားပဲ။ ဒီတော့ အောင်မြင်တယ်။ အောင်မြင်တယ်ပြောမှလည်း ဗုဒ္ဓဘာသာတွေလည်း ဂုဏ်ရှိတယ်။

အဟုတ်ကျင့်ကြံကြိုးစားအားထုတ် အလုပ်လုပ်ဖူးတဲ့ ပုဂ္ဂိုလ် သာဓက အဖြစ်နဲ့လည်း တင်ပြနိုင်တယ်။ အသက်ရှင်နေတဲ့ အတွက်လည်း ပြောစရာရှိ ပြောနိုင်တယ်။ အောင်မြင်တာဟာ အောင်မြင်တာပါပဲ။ ဒါကြောင့် အများလည်း ကြိုးစားအောင်မြင်သလို ဗုဒ္ဓဘာသာဝင် တွေလည်း ဗုဒ္ဓဘာသာကျင့်စဉ် ကို ကျင့်ရင်လည်း အောင်မြင်နိုင်ကြောင်း သတင်းကောင်းပေးအပ်ပါတယ်။

အောင်မြင်သူတို့ရဲ့ ကြွေးကြော်မှုဟာ အောင်အောင်မြင်မြင်ဖြစ်တယ်။ အလုပ်ကြိုးစားလို့ဖြစ်တယ်။ သမားကောင်း ရှိခဲ့လို့ဖြစ်တယ်။ ဆရာကောင်းသမားကောင်းရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံလို့ဖြစ်တဲ့အကြောင်း သတင်းကောင်း ပေးလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *