နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း 04

Share

သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း 04

cropped-cropped-Home1.jpgအပိုင်း(၀၄)
စာဖတ်သူများက နိဗ္ဗာန်အကြောင်း စိတ်ရှည်လက်ရှည် ဖတ်တော့ မိမိလည်း ပြောအားရှိပါတယ်၊ ပြောလည်းပြောပေးပါ့မယ်။ နိဗ္ဗာန်နဲ့ ပတ်သက်လို့ကတော့ ခက်ခဲနက်နဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် အယူအဆတွေက ပရမ်းပတာ ဖြစ်နေကြတယ်။ မပြောကောင်းသလိုလို၊ မပြောရဘူးလိုလို ဖြစ်နေကြတယ် – ဒါတွေကတော့ အစွန်းတစ်ဖက် ရောက်သွားတာပါ၊ မှန်မှန်ကန်ကန် ပြောနိုင်ရင် ပြောရမှာပေါ့။
နိဗ္ဗာန်ကို မပြောရင် ဗုဒ္ဓဘာသာဟာ သိက္ခာကျသွားမှာပေါ့။ ဒီလိုလည်း မတွက်တတ်ဘူး။ ဗုဒ္ဓဘာသာရဲ့ ရည်မျန်းချက် ပန်းတိုင်ဟာ နိဗ္ဗာန်ဖြစ်ပြီး၊ နိဗ္ဗာန်ကြီးအတွက် ဂုဏ်ယူနေရတာကို၊ နိဗ္ဗာန်မပြောရဘူးဆိုတော့ လဲသေဖို့ပဲကောင်းတယ်။ သို့သော် မှန်မှန်ကန်ကန် ပြောဖို့တော့ ဂရုစိုက်ရမယ် – ဒါလည်း အားလုံးမှာ တာဝန်ရှိတယ်။ နိဗ္ဗာန်နဲ့ ပတ်သက်လို့လည်း မသိဘဲနဲ့တော့ ကိုယ်က မပြောပါဘူး၊ သိမှပြောမှာပါ။ တစ်ခါတစ်ခါကျရင် သိတဲ့ပုဂ္ဂိုလ်တွေကို ပညတ်ချင်ကြတယ်။ ဒါဘာသဘောလည်း မသိဘူး။
ကွန်ပြူတာတတ်လို့ ကွန်ပြူတာတော်ရင် ကွန်ပြူတာနဲ့ ပတ်သက်လို့ အခွင့်အရေး ရှိရမှာပေါ့။ အားကစားတတ်လို့ အားကစားတော်ရင်လည်း အားကစားနဲ့ ပတ်သက်လို့က အခွင့်အရေးရှိရမှာပေါ့။ ဒီလိုပဲ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အကျင့်မြတ် ပဋိပတ် ၀ိပဿနာတော်ရင် ၀ိပဿနာနဲ့ ပတ်သက်လို့ကလည်း အခွင့်အရေးရှိရမှာပေါ့။ ဘာဖြစ်လို့ဒါကို ချုပ်ချယ် ပိတ်ပင်ချင် ရတာလည်း။ တော်တော်ကို မလိုတမာ ရှိတဲ့သဘောပဲ။
နိဗ္ဗာန်ကို မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် ပြောရင် အားပေးရမှာ မြှောက်စားရမှာပေါ့။ သို့သော်လည်း သစ္စာဝါဒီများ ရှိလို့တော်သေးတာပေါ့။ တော်တော်များများက ပိတ်ပင်ချင်ကြတယ်။ သူတို့ ကျင့်တာလည်း မဟုတ်ဘူး။ သတ္တိရှိရှိ ပေါက်ပေါက်မြောက်မြောက် ကျင့်ဖူးလို့ ပြောတယ်ဆိုရင်လည်း ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ဒါပေမယ့် သူတို့က မကျင့်ပါဘူး။ မကျင့်မှန်း သိပ်သိသာတာပဲ – မကျင့်လို့ စာရေးသူ မှန်မှန်ကန်ကန် ပြောတာကို သူတို့ မလိုတမာဖြစ်တာ။ သူတို့ ကျင့်ရင် – “သြော် ဒီလိုရှိရှာသားပဲ´´ လို့ နားလည် ပေးဖို့ပဲရှိတယ်။
နိဗ္ဗာန်နဲ့ ပတ်သက်လို့တော့ လာမစမ်းစေချင်ဘူး – ဘာလို့လည်းဆိုတော့ စာရေးသူက အထူးလေ့လာထားတာ။ မိမိ သမားကောင်းကလည်း သေသေချာချာ သင်ထားတာ။ နိဗ္ဗာန်နဲ့ ပတ်သက်လို့တော့ ကိုယ်က အတိမ်းအစောင်းတော့ မခံနိုင်ဘူး။ ဒါ ဗုဒ္ဓဘာသာရဲ့ အသက်သွေးကျောပဲ။ နိဗ္ဗာန်နဲ့ပဲ ဂုဏ်ယူနေကြတာ။ ကမ္ဘာကလည်း ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်ဆိုရင်- နိဗ္ဗာန်ဆိုတာ ဘယ်လိုလည်း တဖွဖွ မေးနေကြတာ။ ဒီတော့ နိဗ္ဗာန်အကြောင်းကတော့ ပြောရမှာပဲ။ စာဖတ်သူများရှိလို့လည်း ပြောအားရှိပါတယ်။
နိဗ္ဗာန်ထူးတာက ရုပ်နာမ် မပါရဘူး၊ အဲဒါ ထူးတာ။ ရုပ်နာမ် မပါတော့ တော်တော်များများက အဘိဓမ္မာ သင်ထားတဲ့ ပုဂ္ဂိုလ်တစ်ချို့တောင်မှ ရုပ်နာမ် မပါရင် သူတို့က နိဗ္ဗာန်မစံရမလိုလို ဖြစ်နေတယ်။ တော်တော်လည်း ပေါကြောင်ကြောင်နိုင်တဲ့သူတွေပဲ။ တစ်ချို့ကို ပြောတာပါ။
နိဗ္ဗာန်ကို စိတ်နဲ့ သွားချင်နေကြတာ – ဒါ တော်တော့်ကို ရှေ့နောက် မညီညွှတ်တဲ့ အယူအဆတွေပဲ။ (ခန္ဓာ နိယောဓေါ) ဆိုတာကို သူတို့ မသိဘူးလား။ တစ်ခုပြောချင်တယ် စာဖတ်သူများကိုလည်း အားကိုးလို့ – ဗုဒ္ဓဘာသာဟာ ဘယ်တော့မှ ရှေ့နောက် မညီညွှတ်တာ မပါဘူး။ ဒါတစ်ခုကို အာမခံနဲ့ ပြောချင်တယ်။ ဒါကလည်း ကိုယ်က အာမခံစရာ မလိုပါဘူး – ပြောချင်လို့။ သူတို့ ရှေ့နောက် မညီညွှတ်တာကို ပြောချင်လို့။ နိဗ္ဗာန်ကို ရုပ်နာမ်နဲ့ သွားချင်တဲ့ ပုဂ္ဂိုလ်တွေက ပေါ်ပေါ်လာလွန်းလို့၊ စွာစွာလာလွန်းလို့ — ဘာအဘိဓမ္မာလည်း။ မြတ်စွာဘုရားရဲ့ တရားကို တကယ်နားလည်အောင် ကြိုးစားပါလား။ မတောက်တစ်ခေါက် တတ်ပြီးတဲ့နောက် သူတို့က လူလည်လုပ်ပြီး အဘိဓမ္မာ လိုက်တယ်၊ ဘာညာနဲ့ — မှန်ကန်အောင် လိုက်ပါ။ အဘိဓမ္မာ လိုက်တိုင်း အထင်မကြီးဘူး။ မှန်မှန်ကန်ကန် လိုက်မှ အထင်ကြီးမယ်။ ဒါကို သူတို့ နားမလည်ဘူး။ အဘိဓမ္မာလိုက်ရင်ပဲ သူတို့ကို အထင်ကြီးရမလိုဖြစ်နေတယ်။ ဒီတော့ သစ္စာဝါဒီများ ကိုယ့်အပျက်သာ ကိုယ်ရှုပါ။ ၀ိပဿနာကျင့်တာ အထင်ကြီးစရာပါ။ ဒါလက်တွေ့ကျတယ်။ မြတ်စွာဘုရားရဲ့ တရားတော်ကို ကျင့်မှပဲရမယ်။ မကျင့်ရင်တော့ မရပါဘူး။
ကျင့်တဲ့အပိုင်းမှာ စာရေးသူကတော့ ခိုင်ခိုင်လုံလုံ ကျင့်ထားတဲ့အတွက် သစ္စာဝါဒီများ စိတ်ချလက်ချ လိုက်နိုင်ပါတယ်။ ဒါကိုလည်း စာဖတ်သူများကို ပြန်ပြန်ပြောနေရတာက သူတို့တစ်တွေက မလိုတမာတွေက များနေလို့ — ဒီတစ်ခါ ငြိရင်တော့ စာရေးသူနဲ့ ထိပ်တိုက်တွေ့ကြတော့မှာ သေချာပြီ။ စာရေးသူလည်း အသက်အရွယ်က ရလာပြီဆိုတော့ ဒါတော့ မလျော့နိုင်ဘူး။ ထိပ်တိုက်တွေ့ရင်တော့ ပယ်ပယ်နယ်နယ် တိုင်းသိပြည်သိပဲ တွေ့ရတော့မလို ဖြစ်လာပြီ။
စာရေးသူ မှန်ကန်စွာ အကြံဥာဏ် ပေးပါမယ် – စာဖတ်သူများ ရှုနေကြအတိုင်း အပျက်သာရှုပါ။ ဘာမဆိုပျက်တယ် – ဒါပဲ။ ဒီတစ်ချက်ပဲကိုင် ဒါသော့ချက်ပဲ၊ ကျင့်ရင် အဖိုးတန်မှာပဲ။ ငါးမိနစ်ရရ ဆယ်မိနစ်ရရ ကျင့်ရင် အဖိုးတန်တာပဲ။ နောက်ဆုံးတော့ အပျက်ကိုရှုတာ ဥာဏ်ထွက်သွားတယ်။ အမှန်က အပျက်ကို ရှုရင်း ရှုရင်းနဲ့က ပျက်သွားတဲ့အခါမှာ ဥာဏ်ထွက်သွားတယ်။ ဥာဏ်ထွက်အောင်လည်း သူတို့မကျင့်နိုင်ပါဘူး – အလကား အာလူးဖုတ်နေကြတာပါ။ ဒါလည်း စာဖတ်သူများ အားရှိစေချင်လို့ ပြောတာပါ။ ကိုယ့်ရှေ့ ကိုးလို့ကန့်လန့် ဆိုရင် ကျင့်သလား မေးလိုက်တော့။
ဒီတော့ စာဖတ်သူများ ကျင့်ပါ အားပေးနေပါတယ်။ အပျက်သာရှုပါ၊ အပျက်သာ ဆင်ခြင်။ ကိုယ့်ရင်ထဲမှာ ပေါ်လာတဲ့ တရားတွေဟာ – သြော် ပျက်မှာပဲ။ အနိစ္စသာဆင်ခြင်။ အပျက်မြင် မဂ္ဂင်ပဲ။ ပျက်တာမြင်ပြီးတဲ့နောက် သူလမ်းပြရင် နိဗ္ဗာန်ကို ချည်းနင်းဝင်ရောက်မှာ သေချာကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *