ကြောင်းကျိုးပညာသာသနာ

Share

ကြောင်းကျိုးပညာသာသနာ

ဤလောက၌ ကြောင်းကျိုးပညာ တည်ရှိသည်။ အေ Bism and Sci ကြာင်းခံလျှင် အကျိုးရှိသည်၊ မည်သည့် ဖြစ်ရပ်မှ အကြောင်းမဲ့ မဖြစ်ချေ။ ဤသဘောကို (ယေဓမ္မာ ယေတုပ္ပဘဝါ) ဟူသော ပါဠိဖြင့် လေ့လာနားလည် နိုင်ကြသည်။ ဖြစ်ရပ်တိုင်း၌ အကြောင်းရှိသည်။

ဒဿန ပညာ၌လည်း (Law of Causality) ဆိုသည်ကို တန်ဖိုးထား၍ လေ့လာ ဆွေးနွေးကြသည်။ သဘာဝ၌ အကြောင်းအကျိုး ဆက်စပ်မှု အသိပညာသည် တည်ရှိသည်ဟု ယူဆကြသည်။

သိပ္ပံပညာကလည်း (Cause and Effect) ဟူ၍ နားလည်ထားသည်။ (The same causes produce the same effects.) ဟူ၍ တူသော အကြောင်းခံ တရားတို့သည် တူသောအကျိုးကို ပေးသည်ဟုသာ ခံယူကြသည်။

ဤသို့ဖြင့် အကြောင်းအကျိုးပညာသည် လူ့အသိပညာ နယ်ပယ်၌ အရေးပါ အရာရောက်သော အခန်းကဏ္ဍ၌ လွှမ်းလွှမ်းမိုးမိုး တည်ရှိနေသည်။ အကြောင်းမခံလျှင် အကျိုးမဖြစ်နိုင်ပေ။ အကြောင်းဟု ဆိုရာ၌ ထောက်ကူချက် စုပေါင်းမှုကို ဆိုလိုခြင်း ဖြစ်သည်ကို ယုတ္တိဗေဒ၌ တင်ပြသည်။

ဥပမာ — ဆိုပါစို့ သစ်ပင်တစ်ပင်ကို ပေါက်စိန်နှင့် ခုတ်လှဲရာ ဆယ်ချက်မြောက်တွင် သစ်ပင်လဲပြိုမည် ဆိုပါစို့ ငါးချက်အထိသည် ထောက်ကူချက်များသာ ဖြစ်သည်။ အကြောင်းဟု မခေါ်နိုင်ချေ။ အဘယ့်ကြောင့် ဆိုသော် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မှ အကျိုးဟု ခေါ်သည်။ ထိုအကြောင်း၌ ခွဲခြမ်းစိတ်ဖြာလျှင် ထောက်ကူချက်များ ရှိသည်။ ဤထောက်ကူချက်များ စုပေါင်း၍ ပြည့်စုံလာလျှင် အကြောင်းဖြစ်သည်။ ထို့ကြောင့် (Sufficient Condition, Necessary Condition) ဟူ၍ ယုတ္တိဗေဒ၌ ခွဲခြားထားသည်။ မရှိမဖြစ် လိုအပ်သော ထောက်ကူချက် ရှိရမည်။ ထို့နောက် ထောက်ကူချက်များသည် ပြည့်စုံလုံလောက်ရမည် ဟူသော ကန့်သတ်ချက်များ ရှိသည်။ တစ်ချက်၊ နှစ်ချက် ခုတ်ရုံနှင့် သစ်ပင်မလဲသောအခါ မလဲပါဘူး၊ အလကားပါပဲဟု လက်လျှော့၍ မရချေ။ ဤကား ယုတ္တိဗေဒနယ်ပယ်မှ ထောက်ကူချက်နှင့် အကြောင်းတရားကို ခွဲခြားထားခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာ၌မူ မြတ်စွာဘုရား၏ သာသနာတော်၌ အကြောင်းနှင့် အကျိုးဆက်စပ်လျှက် ရှိကြောင်းကို နားလည်ကြည်ညို ပူဇော်နိုင်သည်။ အကြောင်းခံ တရားတို့၏ ပြည့်စုံလုံလောက်မှုကြောင့် အကျိုးသည် ပေါ်ထွန်းရခြင်းဖြစ်သည်။

ထို့ကြောင့် ဤလောက၌ ဖြစ်ရပ် ဖြစ်စဉ်တို့အား စီစစ်ဝေဖန်၍ ကောက်ချက်ချရလျှင် အကြောင်းနှင့်အကျိုး ဆက်စပ်လျှက် တည်ရှိဖြစ်ပေါ် နေသည်သာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

  ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , . Bookmark the permalink.