Category Archives: Philosophy of Science

သိပ္ပံဒဿနပညာ – ၁၅

သိပ္ပံဒဿနပညာ – ၁၅ သိပ္ပံပညာရှင်များ၏ တစ်ဦးပေါ်တစ်ဦး အယူအဆဆိုင်ရာ လွှမ်းမိုးသက်ရောက်မှု ရှိပုံ အိုင်းစတိုင်းသည် သိပ္ပံနယ်ပယ်တွင် လွှမ်းမိုးမှု အရှိဆုံးဖြစ်၍ ကြောက်စရာ ကောင်းလောက်အောင် သူ့အယူအဆများက တစ်ခြားသိပ္ပံပညာရှင်များကို သက်ရောက်စေသည်။ ဥပမာ — (The Fundaments of Theoretical Physics) စာစောင်တွင် “.. never completely final,” ဟု သုံးနှုန်းလိုက်ရာ Tags: Buddhism and Science, Myanmar Posts, ဒဿန, သိပ္ပံ, အိုင်းစတိုင်း

Posted in Philosophy of Science | Tagged , , , , | Leave a comment

သိပ္ပံဒဿနပညာ – ၁၄

သိပ္ပံဒဿနပညာ – ၁၄ သိပ္ပံဒဿနပညာ နယ်ပယ်မှာတင်ပြတဲ့ ဝေါဟာရ စကားလုံးတွေဟာ တာဝန်ယူနိုင်တဲ့ စကားလုံးပဲ ဖြစ်ရမယ်။ တာဝန်မယူနိုင်ဘဲ ခွဲခြမ်းစိတ်ဖြာမှုကင်းမဲ့စွာ မှန်းဆချက်တွေနဲ့ ထိုးဖောက်ပြီးတော့ သယ်ဆောင်နေတဲ့ စကားလုံးမျိုးကို သုံးလေ့မရှိကြဘူး။ သိပ္ပံဒဿနပညာရပ်မှာ အသိပညာဆိုတာ ရနိုင်တဲ့ပုံသဏ္ဍာန်နဲ့ တည်ရှိဖို့အတွက်သာ တည်ဆောက်လိုတယ်။ အတွေ့အကြုံကမ္ဘာရဲ့ လွန်နေတဲ့ အမှန်တရားကြီးကို လှစ်လျှူရှုနိုင်ရတယ်။ သိပ္ပံဒဿနပညာဟာ ယုတ္တိနည်းကျ တိကျတဲ့ နည်းစနစ်ကို လေ့လာရတယ်။ ယုတ္တိလွန် ထင်မြင်ချက်ကမ္ဘာမှာပဲ အဆုံးမသတ်စေရဘူး။ ဒါဟာ သိပ္ပံဒဿနပညာရှင်တွေရဲ့ အရေးကြီးတဲ့ ခံယူချက် တွေပဲ ဖြစ်ပါတယ်။ … Continue reading

Posted in Philosophy of Science | Tagged , , , | Leave a comment

သိပ္ပံဒဿနပညာ – ၁၃

သိပ္ပံဒဿနပညာ – ၁၃ သိပ္ပံဒဿနပညာရှင်များဟာ သူတို့ရဲ့ အထူးပြုလေ့လာတဲ့ သုတေသနနယ်ပယ်ကနေ ခွဲထွက်ပြီးတဲ့နောက် ဒဿနဆန်တဲ့ စူးစမ်းလေ့လာမှုဖက်ကိုသာ ယိမ်းညွတ်လာကြတယ်။ သူတို့က လက်တွေ့အသိပညာကို ယုတ္တိနည်းကျ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းနိဿယရဲ့ တိကျမှုကို တိုးချဲ့လိုကြတယ်။ ဒီလိုတိုးချဲ့ရာမှာ ရုပ်လွန်ကမ္ဘာရဲ့ ထိုးဖောက်ဆင်ခြင်မှုကို မမှီခိုလိုကြဘူး။ အဲဒီလိုမှီခိုရင် ခွဲခြမ်းစိတ်ဖြာမှုကင်းမဲ့တဲ့ ပြီးပြည့် စုံတဲ့ အမှန်တရားဖက်ကို တိမ်းညွတ်သွားမှာ စိုးရိမ်ရတယ်။ သူတို့ဟာ သိပ္ပံဒဿနကို မှန်းဆမှုသက်သက်လို့ သဘောမထားလိုကြဘူး။ မှန်းဆမှု သက်သက်ဟာ လေးနက်တဲ့ အဖြေတွေကိုလည်း မပေးနိုင်ပါဘူး။ သာမာန်အမြင်ကိုတော့ သူတို့ဟာ … Continue reading

Posted in Philosophy of Science | Tagged , , , | Leave a comment

သိပ္ပံဒဿနပညာ – ၁၂

သိပ္ပံဒဿနပညာ – ၁၂ သိပ္ပံက အတွေ့အကြုံကို တန်ဖိုးထားတယ်ဆိုတာ ဥပမာက- မနက်ဖြန်ခါ ကိစ္စကို ပြောမယ်ဆိုရင် မှန်းဆချက်ပဲ ပြောလို့ရတယ်၊ တိကျသေချာ တရားဝင်တော့ ပြောလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မနက်ဖြန်ခါဟာ မရောက်လာသေးလို့ — မနက်ဖြန်ခါက ဒီနေ့ရောက်လာရင်တော့ အဲဒီအခါမှာ ဖြစ်ရပ်ဖြစ်စဉ်တွေ အမှန်အတိုင်း သိရပါမယ်။ ဒီနေ့ ရောက်မလာသေးသမျှ ကာလပတ်လုံး မနက်ဖြန်ကာအတွက် ပြောရတဲ့ ကိစ္စတွေဟာ မှန်းဆချက်ပဲလို့ တစ်ခါတည်း ယတိပြတ်ယူကြတယ်။ ဒါ (Scientific Approach) ပေါ့နော်။ နောက်ဥပမာ … Continue reading

Posted in Philosophy of Science | Tagged , , , | Leave a comment

သိပ္ပံဒဿနပညာ – ၁၁

သိပ္ပံဒဿနပညာ – ၁၁ ပညာရှင်များက – “Philosophy is logical analysis of all forms of human thought;” လို့ယူကြတယ်။ ဒဿနပညာဆိုတာ သူ့အတွေးအခေါ်ကို ယုတ္တိနည်းကျ ခွဲခြမ်းစိတ်ဖြာထားတာပါပဲ။ “Philosophy is scientific in its method;” ဒသနပညာဆိုတာက သူ့ပင်ကိုယ်မူလ သဘာဝကိုက သိပ္ပံနည်းကျဖက်ကို ညွှတ်နေတယ်။ ဒါကို သူတို့ “Philosophy is scientific in its method;” လို့ … Continue reading

Posted in Philosophy of Science | Tagged , , , | Leave a comment

သိပ္ပံဒဿနပညာ – ၁၀

သိပ္ပံဒဿနပညာ – ၁၀ သိပ္ပံဒဿနပညာရပ်ကို ဖော်ပြတဲ့အခါတော့ ခက်ခဲနက်နဲမှုလေးတွေ ရှိမှာပါပဲ။ ဒါကို စာရေးသူကလည်း နားလည် သဘောပေါက်ပါတယ်။ ကျွမ်းကျင်ရာ လိမ္မာပါပဲ – မလေ့လာဘူးသေးရင်တော့ အခက်အခဲတော့ ရှိမှာပဲ။ နောက် စာရေးသူကလည်း ခိုင်မာတိကျ စိမ့်သောငှါ (Original Text Book) များကို အမှီသဟဲပြုပြီး ရေးလိုက်မိတော့ – သူတို့ရဲ့ (Original) အတိုင်း ပြောတဲ့အခါကျ ဆက်စပ်မှု အခက်အခဲလေးတွေ ရှိတတ်ပါတယ်။ မိမိကိုယ်တိုင် စကားပြေပြန်ပြီး ရေးပြမှ ပိုလွယ်မယ်မှာပဲ၊ နည်းနည်းပိုရှင်းမှာပဲ။ … Continue reading

Posted in Philosophy of Science | Tagged , , | Leave a comment

သိပ္ပံဒဿနပညာ – ၀၉

သိပ္ပံဒဿနပညာ – ၀၉ သိပ္ပံဒဿန ပညာက အကြောင်းအကျိုး ဆက်သွယ်မှု တရားသေဆန်ခြင်းကို အခုလို ဖေါ်ပြထားတယ်။ ” .. causality is an empirical law and holds only for macroscopic objects, whereas it breaks down in the atomic domain.” သူတို့ခံယူချက်က နေ၊ လ၊ နက္ခတာရာ တွေနဲ့ပက်သက်လို့ အကြောင်းအကျိုး ဆက်သွယ်မှု တရားကိုဖေါ်ရင် ဖေါ်လို့ရတယ်၊ … Continue reading

Posted in Philosophy of Science | Tagged , , , | Leave a comment

သိပ္ပံဒဿနပညာ – ၀၈

သိပ္ပံဒဿနပညာ – ၀၈ သိပ္ပံပညာနှင့်အတူ သိပ္ပံဒဿနပညာ တိုးတက်လာသည်နှင့်အမျှ သိပ္ပံဒဿနသည် သိပ္ပံအပေါ်သာ လုံးဝ မှီခိုလာကြောင်း လေ့လာသိရှိလာရသည်။ ” .. it constructs theory of knowledge by the analysis of the results of science and is aware of the fact that  neither the physics of the universe nor … Continue reading

Posted in Philosophy of Science | Tagged , , | Leave a comment

သိပ္ပံဒဿနပညာ – ၀၇

သိပ္ပံဒဿနပညာ – ၀၇ ဒဿနအကြောင်းအရာနဲ့ပတ်သက်လို့ နိုဗယ်ဆုရှင်မက်(စ်)ဘွန်းကလည်း သူ့ရဲ့(Natural Philosophy of Cause and Chance) စာအုပ်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။ (I am convinced that we are on a never-ending way; on a good and enjoyable way, but far from any goal.) ဆိုပြီး ဖော်ပြခဲ့တယ်။ တကယ်တော့ အိုင်းစတိုင်းရဲ့ လွမ်းမိုးမှုတွေဟာ သိပ္ပံပညာရှင်တွေ … Continue reading

Posted in Philosophy of Science | Tagged , , , | Leave a comment

သိပ္ပံဒဿနပညာ – ၀၆

သိပ္ပံဒဿနပညာ – ၀၆ စကားချပ်အနေနဲ့ – စာရေးသူ လွယ်ကူတဲ့ ဥပမာလေးတစ်ခုပေးကြည့်ချင်တယ်။ ဥပမာ “လူအားလုံး သေမျိုး” ဆိုတဲ့ အဆိုတစ်ခု ရှိတယ်ဆိုပါတော့။ လူအားလုံးသေတယ်ဆိုတာကို လက်တွေ့ တွေ့မြင်ရဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ အားလုံး သေအောင်လည်း မစောင့်နိုင်ဘူး။ ဒါပေမယ့် အဆိုကတော့ ပြုတယ်ဆိုတော့ “လူအားလုံးသေမျိုး” ဆိုတဲ့ အဆိုကိုတော့ ထုတ်ဖော်ရတာပေါ့။ ဒါပေမယ့် သူက ဘယ်တော့မှ ပြည့်ပြည့်စုံစုံ လက်တွေ့ စမ်းသပ်ပြီးသား ဖြစ်တယ်လို့ ပြောလို့ မရတဲ့အတွက် အနုမာန မျက်မှန်းဆတယ်ပေါ့ … Continue reading

Posted in Philosophy of Science | Tagged | Leave a comment

သိပ္ပံဒဿနပညာ – ၀၅

သိပ္ပံဒဿနပညာ –  ၀၅ အတွေ့အကြုံ အကြောင်းအရာတွေနဲ့ပတ်သက်လို့ အိုင်းစတိုင်းကလည်း သူ့ရဲ့ (The Fundaments of Theoretical Physics)  စာစောင်မှာ ရေးသား ဖော်ပြခဲ့ဖူးတယ်။ အိုင်းစတိုင်းရေးပုံကတော့ “The sense-experiences are the given subject-matter.” အာရုံတွေ့ကြုံသိတွေကတော့ ပေးထားချက်ဆိုင်ရာ အချက်အလက်တွေပါပဲ။ “But the theory that shall interpret them is man-made.” အဲဒီအကြောင်းအချက် အာရုံသိတွေကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ Tags: Myanmar Posts, … Continue reading

Posted in Philosophy of Science | Tagged , , | Leave a comment

သိပ္ပံဒဿနပညာ – ၀၄

သိပ္ပံဒဿနပညာ – ၀၄ ရှေ့ပိုင်းတွင် ဖွင့်ဆိုချက်များကို လေ့လာကြည့်လျှင် သိပ္ပံပညာဟာ အနာဂတ်နဲ့ ပတ်သက်လို့ အာမခံချက် မပေးနိုင်တာတွေ ရှိကြောင်း သိသာပါတယ်။ သူတို့ဟာ – “Future is uncertain.. ” လို့ခေါ်တဲ့ အနာဂတ်ဟာ မသေချာပါဘူး ဆိုတဲ့အဆိုကို လက်ခံထားတယ်။ သိပ္ပံပညာရှင် ဟိုက်ဇင်ဘတ်ကလည်း “Principle of indeterminacy”  ဆိုတာ အနာဂတ်ကို သူတို့ ဆုံးဖြတ်လို့ မရတာတွေ ရှိတဲ့အကြောင်း ဥပဒေသအဖြစ်နဲ့ တင်ပြခဲ့ဖူးတယ်။ ဒါကို သိပ္ပံပညာရှင် အားလုံးက … Continue reading

Posted in Philosophy of Science | Tagged , , | Leave a comment

သိပ္ပံဒဿနပညာ – ၀၃

သိပ္ပံဒဿနပညာ – ၀၃ သိပ္ပံပညာရှင် ဟော့ကင်းဟာ သိပ္ပံဒဿနပညာရှင် Karl Popper ကို တော်တော် အမွှန်းတင်တင် ဆရာတင်တယ်။ Karl Popper ရဲ့ အဆိုအမိန့် အဆုံးအဖြတ်တွေကို စံပြုပြီးတဲ့နောက် သိပ္ပံသုတေသန လုပ်အပ်တဲ့ သဘောအထိ ရည်ညွှန်းလာတယ်။ ဒီလိုပဲ သိပ္ပံပညာရှင် တစ်ချို့ဟာ သိပ္ပံဒဿန ပညာရှင်တွေကို အမွှန်းတင်လေ့ ရှိပါတယ်။ သူတို့ဟာ ဒဿနပညာကို ပစ်ပယ်မထားဘူးဆိုတာ သေချာတယ်။ နောက်ပိုင်းမှာ Max Born တို့ အကြောင်းကိုလည်း တင်ပြပါဦးမယ်။ အဲဒီအခါမှာ … Continue reading

Posted in Philosophy of Science | Tagged , , , | Leave a comment

သိပ္ပံဒဿနပညာ – ၀၂

သိပ္ပံဒဿနပညာ – ၀၂ သိပ္ပံပညာရှင် ဟော့ကင်းသည် ဒဿနပညာရှင် Karl Popper ၏အဆိုအမိန့်ကို အကိုးအကားပြု၍ သိပ္ပံပညာ သီအိုရီအကြောင်း အောက်ပါအတိုင်း ပြောပြခဲ့ဖူးသည်။ “Any physical theory is always provisional, .. ..” ရူပဗေဒ သီအိုရီတွေဟာ အမြဲအားဖြင့်တော့ ယာယီပဲ ဖြစ်ကြပါတယ်။ ” .. in the sense that it is only a hypothesis: .. ” … Continue reading

Posted in Philosophy of Science | Tagged , , , | Leave a comment

သိပ္ပံဒဿနပညာ – ၀၁

သိပ္ပံဒဿနပညာ – ၀၁ သိပ္ပံပညာရပ်ဟာ နေ့တိုင်းစူးစမ်း ရှာဖွေ စမ်းသပ်လေ့လာနေကြတယ်။ တစ်ခါတစ်ခါ အသစ်အဆန်းတွေ့ရင် အဲဒီ အသစ်အဆန်း တွေ့ရှိချက်နဲ့ သီအိုရီ အဟောင်းများကို ဆက်စပ်ပေးရတယ်။ ဒီကိစ္စကို သိပ္ပံပညာရှင်များ သုတေသန လေ့လာခန်းထဲက ပညာရှင်များက သိပ်လုပ်ချိန် မရဘူး။ ဒီတော့ ဒီကိစ္စကို ဒဿနပညာရှင်များက လုပ်ခဲ့ကြရတယ်။ ဤနည်းအားဖြင့် ဒဿနပညာရှင်များရဲ့ အခန်းကဏ္ဍဟာ သိပ္ပံနဲ့ ဆက်သွယ်ရင်းနဲ့ သိပ္ပံဒဿနပညာရပ်ဟာ ထင်ရှားကျော်ကြား လူသိများလာတဲ့ အဖြစ်ကို ရောက်လာပါတယ်။ (ဆက်လက်ဖော်ပြပါမည်) ဗုဒ္ဓစာပေဆုရ ဒေါက်တာချစ်ငယ်(ဒဿန) Tags: … Continue reading

Posted in Philosophy of Science | Tagged , , , | Leave a comment