ပါရမီပါလာလို့လေလား
ကျွန်တော့ ဘ၀မှာ ကျွန်တော် မသိပဲနဲ့ မှန်ပြီး ကံကောင်းတဲ့ လုပ်ငန်းတွေ လုပ်ခဲ့မိတယ်၊ ဒါဟာ ပါရမီက တွန်းပို့ တာလားတော့ မသိဘူးပေါ့ ဘ၀တဆစ်ချိုးတွေမှာ ကျွန်တော်ဟာ ကံကောင်းစေမယ့် လုပ်ငန်းတွေ လုပ်လိုက်မိတယ်။ အဲဒါက ဒီဆရာမြတ်ကြီးထံမှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးပေါ့ ဘ၀ပေး နှစ်မြုပ်လိုက်ရတဲ့ သတ္တိပါပဲ။
ဒီတုန်းကတော့ ကျွန်တော်ဟာ ပညာရှိဆန်ဆန် လုပ်လိုက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က အဲဒီ ဆရာမြတ်ကြီး အဆိုအဆုံးမတွေကို ရချင်တယ်။ နောက်ပိုင်းတော့ ကျွန်တော်မှန်တာပေါ့။ ဘာကြောင့်တုန်း ဆိုတော့ ဆရာမြတ်ကြီးဟာ ရဟန္တာတော်တော်များများနဲ့ အဆက်အသွယ်ရှိတာကိုး .. .. ရဟန္တာတော်တော်များများနဲ့ အဆက်အသွယ်ရှိတာ နောက်ပိုင်းကျ သိရတော့ ကျွန်တော့် ဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာ နောက်ပိုင်းကျမှ သိတာပါ။
ကျွန်တော် စောစောပိုင်းက မသိပါဘူး Continue reading
Tags: Buddhism, Myanmar Posts, ဆရာမြတ်ကြီး, န၀လောကုတ္တရ ဓမ္မေ, ပါရမီ, ရဟန္တာ, ဟဒယ, လောကုတ္တရာ
