ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ
အပိုင်း(၁၁)
အခုအကျင့်ပိုင်းမှာ ထက်ထက်သန်သန် မှန်မှန်ကန်ကန် လေ့ကျင့်နေကြတော့ အထူးဝမ်းသာဖွယ်ရာ ကောင်းတယ်၊ သာဓုခေါ်စရာလည်းကောင်းပါတယ်။
— ကျင့်ခြင်းမှာ အစစ အရာရာတည်တာပါ — လေ့ကျင့်ရင် စွမ်းတာပဲ — အထူးသဖြင့် လမ်းစဉ်မှန်မှန်နဲ့ လေ့ကျင့်တဲ့အတွက် ပိုပြီးတန်ဖိုးရှိတယ် လမ်းစဉ်ကတော့ အမှန်အကန်ပါပဲ။ ဒီလမ်းစဉ်နဲ့ တရားရှင် ဖြစ်ကြရတာပါပဲ။ တရားရှင်ဖြစ်တော့ ဘာထူးခြားလည်းဆိုတော့ လောကကြီးကိုနားလည်တာ ထူးခြားပါတယ်။ နောက်လောကကြီးမှာ ခွာပြီးတော့လည်း နေတတ်တာပေါ့လေ . . .
လောကကြီးကပူတိုင်း ကိုယ်မပူဘူးပေါ့ . . . အေးရာအေးကြောင်း နေတတ်တယ် – အေးရာအေးကြောင်း နေတတ်တာဟာ ပြင်းရိဖင့်နွှဲတာ မဟုတ်သလို ထွက်ပြေးအဘိဓမ္မာလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာဟာ ထွက်ပြေးအဘိဓမ္မာ မဟုတ်ပါဘူး။ သစ္စာကိုရှာဖွေတဲ့ ရဲရဲရင့်ရင့် လုပ်ငန်းတွေပါ။ တစ်ချို့က လောကီက ထွက်ပြေးချင်လို့ လောကုတ္တရာ ရှာတယ်လို့ – ဒိဋ္ဌိတွေက ဒီလိုစွပ်စွဲကြတာ သူတို့မှားပါတယ်
တကယ်တော့ တရားကျင့်တဲ့ ပုဂ္ဂိုလ်တွေဟာ သူရဲကောင်းတွေပဲ . . . မြတ်စွာဘုရား ထားခဲ့တဲ့ အမွေကို ရအောင်လို့၊ အောင်ပန်းကို လှမ်းကိုင်နိုင်အောင်လို့ ကြိုးစားကြတာ တကယ့်အာဇာနည်တွေပဲ . . . အဓိပတိတွေ၊ သူရဲကောင်းတွေပဲ - ချီးကျူးစရာ အင်မတန်ကောင်းတာပဲ . . .
တရားဆိုတာ ရတော့ ချမ်းသာတယ်၊ လွတ်မြောက်တယ်၊ နောက် အေးငြိမ်းတယ်ပေါ့ . . . တရားရဲ့ ဂုဏ်ကျေးဇူးတွေက အများကြီးပါ . . . ဒါတွေကို ကျွန်တော်က အခါအခွင့်သင့်တဲ့ အခါ ပြောပေးတာက တရားသမားဆိုတာကို ပိုပြီး ဘ၀င်ကျစေချင်လို့ ပြောပေးတာပါ။ ကျွန်တော်က ငါသိ ငါတတ် ငါမြတ်ဆိုတာမျိုး ပြောလေ့မရှိဘူး – ဒါပေမယ့် ကျွန်တော်က အားပေးချင်တယ်လေ။
“ကျွန်တော်တော့ မသိဘူးဗျာ လုပ်ကြပါ” ဆိုတာမျိုး ဒီလိုပုံစံမျိုး ကျွန်တော့က မသွားချင်ဘူး။ Continue reading
Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်, သာသနာ, လောကုတ္တရာ, ၀ိပဿနာ
