အက်င့္ျဖင့္ပူေဇာ္ျခင္း

အက်င့္ျဖင့္ပူေဇာ္ျခင္း

SayaGyi Sancopyမမ်ိဳးက ဖြားစန္း အေၾကာင္းေရးေတာ့ ကၽြန္ေတာ္ကလည္း အျမြက္မွ် ေရးခ်င္လာပါတယ္။

ဖြားစန္းဟာ ေတာ္ေတာ္ ေတာ္တဲ့ ပုဂၢိဳလ္ပါ။ ခႏၶာမစြန္႔ခင္ (၃) (၄) ႏွစ္ ကတည္းက တရားမွ တရား ဆိုၿပီးေတာ့ အားထုတ္သြားတဲ့ ပုဂၢိဳလ္ျဖစ္ပါတယ္။ ဒါ ေတာ္ေတာ္ ထူးျခားတဲ့ အခ်က္အလက္ပါ။ (၃) (၄) ႏွစ္ ေတာ္ေတာ္ ျပင္ဆင္တဲ့အခါက်ေတာ့ ခႏၶာစြန္႕ကာနီးက် သူ႔မွာ အေၾကြးမရွိေတာ့တဲ့ သေဘာပါပဲ။ သူ႔မွာ ရွင္းေနတာေပါ့။ ဒီေတာ့ ဘာမွ မလိုဘူးေပါ့ – အသက္ကလည္း (၈၀) ေက်ာ္ၿပီဆိုေတာ့ တစ္ျခား ကိစၥ၀ိစၥေတြလည္း မလိုေတာ့ဘူး ဆိုၿပီးေတာ့ ခႏၶာနဲ႔ တရားနဲ႔ပဲ ႐ႈသတ္ရင္းနဲ႔ ေသျခင္းတရားကို ေအာင္ႏိုင္သြားတာ အံၾသစရာပါ။

အံၾသစရာပါပဲ – ဒါကေတာ့ ရွာမွရွားပဲ မရွိပါဘူး။ တရားကို အဲဒီေလာက္ ယံုၾကည္ေလးစားၿပီး ႏွလံုးသြင္း ေနႏိုင္ဖို႔ဆိုတာ မလြယ္ပါဘူး။ ကၽြန္ေတာ္တို႔ဆို ေနာက္ (၃) (၄) ႏွစ္ဆိုရင္ ခႏၶာစြန္႔ရမယ္ ဆိုၾကပါစို႔ အခုကတည္းက ျပင္သလားဆိုေတာ့ ဒါ စဥ္းစားစရာ ျဖစ္ေနပါတယ္။ က်န္တဲ့ ပုဂၢိဳလ္ေတြလည္း ႀကိဳႀကိဳတင္တင္ ျပင္ဆင္ဖို႔ဆိုတာ မလြယ္ပါဘူး။ ကၽြန္ေတာ့္အေနနဲ႔ သိပ္လည္း မတိုက္တြန္းပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ လိုက္လုပ္ဖို႔ ခက္ခဲတဲ့ ကိစၥေတြပါ။

ဖြားစန္းကေတာ့ ထူးျခားတဲ့ ပါရမီရွင္ဆိုေတာ့ သူက တရားမွတရားပဲ အကုန္ျဖတ္တယ္။ ေ၀ဒနာ ျဖစ္ေနတဲ့အခါလည္း သူကႏိုင္ေအာင္ ႐ႈသြားတာ၊ ႏိုင္တဲ့အခါက် ဆရာ၀န္ေတြ ဘာေတြေတာင္ အကူအညီ မယူေတာ့ဘူးေပါ့ေလ။ ဒါ သူက ပိုင္းျဖတ္ၿပီးသားပဲကိုး။ အသက္ (၈၀) လည္း ေက်ာ္ၿပီဆိုေတာ့ တရားကို သူ႐ႈသြားမယ္။ ေ၀ဒနာကို သူ႐ႈသြားမယ္ဆိုတာပါ။ တစ္ခ်ိဳ႕က ေ၀ဒနာကို တစ္ထိုင္တည္း ႏိုင္ၾကတာ။ ဖြားစန္းကေတာ့ တစ္သက္တာလံုး ႏိုင္သြားတဲ့ သေဘာပါပဲ။

ဒါ အႏွစ္ခ်ဳပ္ပါပဲ။ အံၾသစရာေကာင္းတဲ့ သီလရွင္ႀကီးပါပဲ။ ၾကည္ညိဳစရာ ေကာင္းပါတယ္။ ျမတ္စြာဘုရားရဲ႕ သာသနာကို သူကအက်င့္နဲ႔ ပူေဇာ္သြားတာ သာဓုေခၚေၾကာင္း သတင္းေကာင္းေပးပါတယ္။

ဗုဒၶစာေပဆုရ

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

အကျင့်ဖြင့်ပူဇော်ခြင်း
မမျိုးက ဖွားစန်း အကြောင်းရေးတော့ ကျွန်တော်ကလည်း အမြွက်မျှ ရေးချင်လာပါတယ်။
ဖွားစန်းဟာ တော်တော် တော်တဲ့ ပုဂ္ဂိုလ်ပါ။ ခန္ဓာမစွန့်ခင် (၃) (၄) နှစ် ကတည်းက တရားမှ တရား ဆိုပြီးတော့ အားထုတ်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါ တော်တော် ထူးခြားတဲ့ အချက်အလက်ပါ။ (၃) (၄) နှစ် တော်တော် ပြင်ဆင်တဲ့အခါကျတော့ ခန္ဓာစွန့်ကာနီးကျ သူ့မှာ အကြွေးမရှိတော့တဲ့ သဘောပါပဲ။ သူ့မှာ ရှင်းနေတာပေါ့။ ဒီတော့ ဘာမှ မလိုဘူးပေါ့ – အသက်ကလည်း (၈၀) ကျော်ပြီဆိုတော့ တစ်ခြား ကိစ္စဝိစ္စတွေလည်း မလိုတော့ဘူး ဆိုပြီးတော့ ခန္ဓာနဲ့ တရားနဲ့ပဲ ရှုသတ်ရင်းနဲ့ သေခြင်းတရားကို အောင်နိုင်သွားတာ အံသြစရာပါ။
အံသြစရာပါပဲ – ဒါကတော့ ရှာမှရှားပဲ မရှိပါဘူး။ တရားကို အဲဒီလောက် ယုံကြည်လေးစားပြီး နှလုံးသွင်း နေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော်တို့ဆို နောက် (၃) (၄) နှစ်ဆိုရင် ခန္ဓာစွန့်ရမယ် ဆိုကြပါစို့ အခုကတည်းက ပြင်သလားဆိုတော့ ဒါ စဉ်းစားစရာ ဖြစ်နေပါတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေလည်း ကြိုကြိုတင်တင် ပြင်ဆင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော့်အနေနဲ့ သိပ်လည်း မတိုက်တွန်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ လိုက်လုပ်ဖို့ ခက်ခဲတဲ့ ကိစ္စတွေပါ။
ဖွားစန်းကတော့ ထူးခြားတဲ့ ပါရမီရှင်ဆိုတော့ သူက တရားမှတရားပဲ အကုန်ဖြတ်တယ်။ ဝေဒနာ ဖြစ်နေတဲ့အခါလည်း သူကနိုင်အောင် ရှုသွားတာ၊ နိုင်တဲ့အခါကျ ဆရာဝန်တွေ ဘာတွေတောင် အကူအညီ မယူတော့ဘူးပေါ့လေ။ ဒါ သူက ပိုင်းဖြတ်ပြီးသားပဲကိုး။ အသက် (၈၀) လည်း ကျော်ပြီဆိုတော့ တရားကို သူရှုသွားမယ်။ ဝေဒနာကို သူရှုသွားမယ်ဆိုတာပါ။ တစ်ချို့က ဝေဒနာကို တစ်ထိုင်တည်း နိုင်ကြတာ။ ဖွားစန်းကတော့ တစ်သက်တာလုံး နိုင်သွားတဲ့ သဘောပါပဲ။
ဒါ အနှစ်ချုပ်ပါပဲ။ အံသြစရာကောင်းတဲ့ သီလရှင်ကြီးပါပဲ။ ကြည်ညိုစရာ ကောင်းပါတယ်။ မြတ်စွာဘုရားရဲ့ သာသနာကို သူကအကျင့်နဲ့ ပူဇော်သွားတာ သာဓုခေါ်ကြောင်း သတင်းကောင်းပေးပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *