စိတ်ရင်းစိတ်ထားအရေးကြီးပါတယ်

စိတ်ရင်းစိတ်ထားအရေးကြီးပါတယ်

9cp7g54Kiပုဂ္ဂိုလ်တော်တော်များရဲ့ စိတ်ရင်းစိတ်ထားဟာ တော်တော်အရေးကြီးကြောင်း သိရတယ်။

အခု အသက်အရွယ် ကြီးသွားတဲ့ အခါကျ ပလ္လင်ပေါ်ကနေပြီးတော့ တစ်ပါးသူရဲ့ မကောင်းကြောင်းလည်း သိပ်မပြောနိုင်တော့ဘူးပေါ့။ ကိုယ့်တပည့် သားသမီးတွေနဲ့ တစ်ပါးသူရဲ့ လှောင်ကွက်တွေကို လှောင်ရယ်ရင်းနဲ့ တရားဟော ပလ္လင်ပေါ်ကနေ လုပ်တာမျိုးလည်း မလုပ်နိုင်တော့ဘူးပေါ့။ တော်တော်လေးတော့ မလုပ်နိုင်တော့ပါဘူး။

တကယ်တော့ တော်တော် မှားယွင်းတဲ့ ကိစ္စတွေကို လုပ်ဆောင်ခဲ့ကြတာပဲ။ တစ်ပါးသူကို မနာလို ၀န်တိုဖြစ်ပြီးတဲ့နောက် – မနာလိုဝန်တို ဖြစ်တယ်သာ ပြောတာ သူတို့ကိုယ်တိုင်လည်း ကြီးကျယ်ခမ်းနား နေတာပါပဲ။ ဒါပေမယ့် မရဘူး တစ်ပါးသူရဲ့ မကောင်းကြောင်းကို တော်တော်ပြောချင်တာ။ လုပ်ကြံပြီးတော့ကို ပယ်ပယ်နယ်နယ် ပြောချင်တာ။

ကိုယ်တိုင်ပြောလို့မက ကိုယ့်တပည့်တွေလည်း အဲဒီလိုလိုက်ပြီးတော့ ယုံအောင်လို့ စည်းရုံးထားတာ။ တော်တော်လည်း စွမ်းဆောင်နိုင်ပါတယ်။ ဒါပေမယ့် တော်တော်လည်း ယုတ်မာပါတယ်။ တစ်ပါးသူရဲ့ အောင်မြင်မှုတွေကို လာဘ်ပိတ်အောင်လို့ အမျိုးမျိုး ပိတ်ပင်ခဲ့တာ။ အခု အသက်ကြီးသွားတော့ သိပ်မလုပ်နိုင်တော့ဘူးပေါ့။

လုပ်ချင်လို့ လုပ်သေးရင်လည်း ချိုတွေပေါက်လာမှာပဲ။ ဒီအကျိုးအမြတ်ပဲ ထွက်လာမှာပါ။ တော်တော်လေးတော့ သိဖို့ကောင်းပါတယ်။ ဒီဘ၀ ဒီခန္ဓာ မသေခင်မှာ မဟုတ်တာတွေကို အရမ်းလုပ်ခဲ့တာ – တပည့် သားသမီးတွေကပါ ဓာတ်ကူးပြီးတော့ တပည့် သားသမီးတွေပါ မဂ်တား ဖိုလ်တားနဲ့ အပယ်ငရဲကျအောင် လုပ်ခဲ့တာတွေကတော့ တော်တော် မကောင်းပါဘူး။ မကောင်းတာတွေကတော့ အများကြီးပါပဲ။

မြတ်စွာဘုရားရဲ့ တရားတော်ကို သူတော်ကောင်းတွေနဲ့ ဆန့်ကျင်ပြီးတဲ့နောက်

(တရားရှာ ထောင်မှာတွေ့တယ်) တို့ ဘာတို့ လုပ်ခဲ့တာတွေ။ တာဝန်မဲ့စွာနဲ့လည်း

(ဘာသာတွေဟာ အတူတူ) လို့ ပြောခဲ့ တာတွေဟာ အင်မတန် တာဝန်ကြီးတဲ့ ကိစ္စတွေကို မှားယွင်းခဲ့တာပဲ ဖြစ်တယ်။

ဒါတွေ နောင်တ သံဝေဂ ရရင်တော့ တော်သေးတာပေါ့။ မရရင်တော့လည်း ဒီထက်ဆိုးတဲ့ ကံကြမ္မာက နောက်က လိုက်လာလိမ့်မည်သာ ဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Articles and tagged . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *