ဗုဒ္ဓဘာသာဟာ (Religion) မဟုတ်ပါ

Share

ဗုဒ္ဓဘာသာဟာ () မဟုတ်ပါ

ကမ္ဘာ့အဓိပ္ပာယ် ဖွင့်ဆိုချက်အတိုင်းဆိုရင် ဗုဒ္ဓဘာသာဟာ (Religion) မဟုတ်ဘူး။ (Religion) ကို ကမ္ဘာက လက်တွေ့မပါတဲ့ စိတ်ကူးယဉ်ပုံပြင်တွေပဲ အသိပညာ အမှန်အကန်လည်း မပေးနိုင်ဘူးလို့ ဒီလိုသတ်မှတ် ထားတာ … အဲဒီလိုသာ အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဟာ (Religion) မဟုတ်တာ သေချာတယ်။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓဘာသာက လက်တွေ့လည်းပါတယ်၊ အသိပညာလည်းပေးတယ်။

လက်တွေ့ပါတယ်ဆိုတာ ပဋိယတ္တိ၊ ၊ ပဋိဝေဒ ဆိုပြီး သဘောတရားရေးရာအသိနဲ့၊ လက်တွေ့ကျင့်စဉ်နဲ့၊ ထို့နောက်မှ အမြတ်အစွန်း အကျိုးကျေးဇူးအကြောင်း သုံးလွန်းတင်မှကြိုး ဆိုတဲ့သဘောနဲ့ တည်ဆောက် ထားတာ ဖြစ်တယ်။

ဒီတော့ (Religion) ကို ကမ္ဘာ့ရဲ့ထုံးစံအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဟာ (Religion) မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဟာ ဘာဖြစ်နိုင်သလဲဆိုရင် ကိရိယာ တန်ဆာပလာမသုံးတဲ့ ထူးခြားတဲ့ သိပ္ပံပညာရပ် တစ်မျိုးလို့ပဲ ကောက်ချက်ချလို့ ရနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သိပ္ပံက ကိရိယာသုံးပေမယ့် ဗုဒ္ဓဘာသာက ကိရိယာမသုံးဘူး။ ဒါပေမယ့် လက်တွေ့ကျင့်စဉ်ပါတယ်၊ လက်တွေ့ကျင့်လို့ရတဲ့ အမြတ် အစွန်းနဲ့ အသိပညာတွေပါတယ်။

ဒီအသိပညာက အရမ်းတန်ဖိုးရှိတာ တကယ်တန်းကျတော့ သိပ္ပံပညာရှင်တွေ မတွေ့ဖူးသေးတဲ့ နိဗ္ဗာနဓာတ် မြတ်သောတရားအထိ သိနိုင်လောက်တဲ့ ကျင့်စဉ်မျိုးဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ နိဗ္ဗာနဓာတ် မြတ်သောတရား ရှိတယ်ဆိုတာ အတိအလင်း ဟောတော်မူခဲ့တယ်။ သိပ္ပံပညာရှင်တွေက ဒါကိုတော့ မလေ့လာ ပါဘူး။ ဗုဒ္ဓဘာသာမှာ သံသရာစက်ရဟတ်ကို ဖြတ်နိုင်တဲ့ အရဟတ္တ ရှိတယ်။ ဒီ အကြောင်းကိုတော့ သိပ္ပံက မလေ့လာပါဘူး။

သိပ္ပံက တဏှာကိလေသာကိုတောင် မလေ့လာဘူး၊ လေ့လာကြည့်စေချင်တယ်။ လေ့လာကြည့် စေချင်တယ် ဆိုတာ ၀င်စားပြီး လေ့လာကြည့်တာ မဟုတ်ဘူး၊ သူစိမ်းလို သဘောထားပြီး လေ့လာကြည့် စေချင်တာ။ တကယ်တော့ ရဟန္တာတို့ရဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်၊ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ၊ အနုတ္တရဓာတ်၊ အသင်္ခတဓာတ်၊ နိဗ္ဗာနဓာတ်တွေဟာ ဗုဒ္ဓဘာသာမှာ အတိအကျ ဖွင့်ဆိုပြီးသား ဖြစ်တယ်။ ဒါကိုတော့ သိပ္ပံပညာရှင်တွေက မလေ့လာပါဘူး။ ဒါကတော့ အကြောင်းအမျိုးမျိုးကြောင့်ပဲ ဆိုရမယ်၊ မလေ့လာတာ ကတော့ မလေ့လာတာပါပဲ။

မလေ့လာတာကိုတော့ ထားပါတော့ ဒါပေမယ့် ဗုဒ္ဓဘာသာကို (Religion) ထဲ သွတ်သွင်းတာကိုတော့ ကမ္ဘာက ဘာအဓိပ္ပာယ်လဲ မသိဘူး။ တကယ်တော့ ဗုဒ္ဓဘာသာကို နှိမ်တဲ့သဘော သက်ရောက်တယ်။ ဗုဒ္ဓဘာသာမှာရှိတဲ့ အရည်အချင်းတွေကျတော့ အသိအမှတ်မပြုဘူး၊ မရှိတဲ့ဂုဏ်ရည်တွေကျတော့ စွတ်ထည့် ပေးနေတယ် ဆိုတော့ ဒါ ဗုဒ္ဓဘာသာကို နှိမ်တာပါ။

ဒါက ပီပီသသ မပြန့်နှံ့တဲ့ အခါကျတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရပိုင်းတွေဟာ မပါဘူး ဖြစ်နေတယ်။ ဒါကြောင့် (Religion) ကို ယခုကမ္ဘာက အဓိပ္ပာယ်ဖွင့်သလိုသာ ဖွင့်ဆိုမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဟာ (Religion) မဟုတ်ကြောင်း ပြောကြားရမှာပဲ။ (Religion) မဟုတ်ရင် ဘာနဲ့နီးစပ်သလဲ ဆိုရင်တော့ အဖြေပေးလို့ရပါတယ်။ အဲဒီအဖြေဟာ ဘာလဲဆိုတော့ ကိရိယာမသုံးတဲ့ ထူးခြားတဲ့ သိပ္ပံပညာရပ်တစ်ခုပါပဲ။

ဒီအဆိုဖွင့်ချက်ဟာ မှန်ကန်ကြောင်းကို တကယ်ဗုဒ္ဓဘာသာကို လေ့လာတဲ့အခါကျတော့ လေ့လာသူတိုင်း သိကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အခုလေ့လာလိုက လေ့လာနိုင်အောင် ဗုဒ္ဓဘာသာအကြောင်းကို ဖွင့်အံလို့ ပြောပြလိုက်ပါတယ်။ ဗုဒ္ဓဘာသာဟာ လက်တွေ့လည်းပါတယ်၊ မှန်ကန်တဲ့ အသိပညာကို ပေးတာလည်း ပါတယ်၊ သိပ္ပံပညာရှင်တွေအပါအ၀င် ပုထုဇာဉ်တွေ မတွေ့ဖူးသေးတဲ့ နိဗ္ဗာနဓာတ် မြတ်သောတရားကိုလည်း ဖော်ညွှန်းတယ်၊ အမှန်အကန်ရှိကြောင်းကို ဖွင့်ဟ မိန့်ဆိုခဲ့တယ်ဆိုတာ သတင်းကောင်းပေးလိုပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

 

This entry was posted in Buddhism & Science and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *