သိပ္ပံပညာရှင်တွေရဲ့သိပ္ပံနည်းမကျတဲ့ခံယူချက်

Share

သိပ္ပံပညာရှင်တွေရဲ့သိပ္ပံနည်းမကျတဲ့ခံယူချက်

Bism and Sciနိဗ္ဗာန်ကြီးဟာ ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်အဆုံးပါပဲ။ အဆုံးရောက်တော့ ဒုက္ခငြိမ်းတာပေါ့။ ဒီနေရာမှာ စကားမစပ် ပြောရဦးမယ်၊ သိပ္ပံက အဆုံးမရှိချင်ဘူး။ သိပ္ပံက ဆုံးသွားမှာကို စိုးတယ်။ သူတို့ခံယူထားက  —

“—- it is better to travel hopefully than to arrive..”

“—- we reached the end of the line, the human spirit would shrivel and die.”

လို့ ဒီလိုခံယူထားတာကိုး။ မျှော်လင့်ချက်နဲ့ သွားနေရတာပဲ သဘောကျတယ်။ ရောက်ရင်သူတို့က ရပ်တန့်သွားမယ်။ လူသားတွေဟာလည်း ရှုံ့တွပြီးတော့ သေဆုံးသွားမယ် အဲဒီလို သူတို့က ခံယူကြတယ်။

ဒါဟာ သိပ္ပံပညာရှင်တွေရဲ့ လွဲနေတဲ့ ခံယူချက်ပဲ။ တကယ်တော့ သူတို့က အဆုံးလည်း မရောက်ဘူးဘဲနဲ့ အဆုံးကို သွားနေရတာလောက် မကြိုက်ဘူး ဆိုတော့ ဒါဟာ သိပ္ပံနည်းတော့ မကျဘူး။ သိပ္ပံပညာရှင်တွေရဲ့ သိပ္ပံနည်းမကျတဲ့ ခံယူချက်တစ်ခုဟာ ဒါပဲ။ သူတို့ဟာ အဆုံးကို ကြောက်တယ်။ တစ်ချို့ကဆို ရည်မှန်းချက်ကို မထားဘူး၊ ရည်မှန်းလို့ ရောက်သွားရင် ရပ်တန့်သွားမှာကို စိုးလို့ ရည်မှန်းချက်မရှိဘူး။ သူတို့မှာ သွားနေခြင်းပဲရှိတယ် – ဒီလို အခိုင်အမာ ယူကြတယ်။

တကယ့် နာမည်ကြီး ပညာရှင်တွေကို အဲဒီလိုပဲ ယူကြတယ်။ ဒါ သူတို့ မှားနေတာပေါ့နော်။ တကယ်တော့ နိဗ္ဗာန်ရောက်တဲ့အခါ ချမ်းသာတာ သူတို့ မသိကြဘူး။ ရုပ်နာမ်ကို ခွာချခဲ့ပြီးပြီပဲ၊ (၃၁) ဘုံကို ထားခဲ့ပြီးပြီပဲ ဟိုမှာရုပ်နာမ်ရှုံ့တွစရာ ဘာမှမရှိဘူး။ ဉာဏ်ပညာနဲ့ တည်ငြိမ်၊ လွတ်လပ်၊ ငြိမ်းချမ်းစွာ၊ ဒုက္ခက လွန်မြောက်နေတာပဲရှိတယ်။ သူတို့ ဒါကို မသိကြဘူး။ ဒီတော့ သိပ္ပံပညာရှင်ကြီးတွေ ဒီနေရာမှာတော့ အရမ်းကို လွဲသွားပြီ၊ လမ်းလည်းလွဲသွားပြီ။ သနားစရာကောင်းတယ်။

သူတို့ဟာ လောကီပဲ ရတာကိုး လောကတ္တရာမှ နားမှမလည်ဘဲ။ လောကုတ္တရာမှ မမှန်းဆတတ်ပဲ။ ဒီတော့ သူတို့ဟာ ပန်းတိုင်အဆုံး နိဂုံးဆိုတာကို ကြောက်ကြတာ – သူတို့ဟာ လမ်းလွဲနေကြတာပေါ့။ တကယ်တော့ နိဂုံးရောက်တဲ့အခါ အင်မတန်မှ ချမ်းသာတဲ့ အကြောင်း တွေ ဥဒါန်းကျူးတော် မူကြတာကို သူတို့မသိကြဘူး။ ဒီတော့ သိပ္ပံဟာ ဒီတစ်ခုတော့ တော်တော်လေး ခေတ်နောက်ကျနေကြောင်း သတင်းကောင်း ပေးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism & Science and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *