အောင်မြင်သူ

Share

အောင်မြင်သူ

lotus2  အောင်မြင်သူဆိုတာကတော့ ကိုယ့်ကိုယ်ကို ကျေနပ်နေမှာ အမှန်ပဲ။

သူအောင်မြင်ကြောင်း သူဖာသာသိတော့ သူကျေနပ်နေမှာပဲ။ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့ ပုဂ္ဂိုလ်ဟာ ပတ်ဝန်းကျင်ကို ရန်ရှာဖို့ကနည်းနည်းခက်တယ်။ ပတ်ဝန်းကျင်ကို သိပ်လည်း စိတ်မ၀င်စားနိုင်ဘူး။ သူကသူ့အောင်မြင်ခြင်းနဲ့သူပဲ နှလုံးပိုက်နေဖို့များတယ်။ ဒါကြောင့် အောင်မြင်သူ ဖြစ်ခြင်းဟာ အတော်လည်း အေးဆေးပြီးငြိမ်းချမ်းတဲ့ သဘောပါပဲ။ အောင်မြင်အောင်လည်း တော်တော်ဖြတ်သန်းပြီးတော့ စွမ်းဆောင်ခဲ့ရမှာပဲ။ လူဟာ အမြဲတမ်းအောင်မြင်သူ ဖြစ်နေတာမှ မဟုတ်တာ။

ဒီတော့ အောင်မြင်သူ ဖြစ်ဖို့ဆိုရင် သူလည်း ရင်းနှီးရမယ်၊ ကြိုးစားခဲ့ရမယ်၊ ရုန်းကန်ခဲ့ရမယ်၊ ဖြတ်သန်းခဲ့ရမယ် — အများကြီး ရှိမှာပါပဲ။ သို့သော် အောင်မြင်သူတစ်ယောက် ဖြစ်လာရင်တော့ ၀မ်းသာစရာ၊ ဂုဏ်ယူစရာ၊ အားတက်စရာ၊ အားရှိစရာ၊ အင်မတန်ကောင်းပါတယ်။ ချမ်းမြေ့စွာနဲ့ပဲသူဟာ အသက်ရှင်သန်နေမှာဖြစ်တယ်။ လူတိုင်းကို အောင်မြင်သူ ဖြစ်စေခချင်ပါတယ်။ သို့သော် ဖြစ်အောင်လုပ်မှ ဖြစ်မှာပဲဆိုတာတော့လည်း၊ အားလုံးသိကြပါတယ်။ ဖြစ်အောင်လုပ်လို့ ဖြစ်လာရင်တော့ အတိုင်းမသိကို ၀မ်းသာဖွယ်ရာ ကောင်းပါတယ်။ အောင်မြင်သူတစ်ယောက် ဒီလောကမှာရှိတယ်ဆိုရင် ဒါဟာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံမှုကို ဖြည့်စွက်လိုက်သလို ဖြစ်မှာပဲ။

အားလုံးလည်း အောင်မြင်ကြစေချင်ပါတယ်။ အောင်မြင်ဖို့တော့ သမားကောင်း ရှိရင်တော့ ဒါ အဆင်ပြေပါတယ်။ လိုက်နာ လေ့ကျင့်ပြီးတော့ ကျင့်သုံးဆောက်တည်ရင်တော့ အနှေးနဲ့အမြန် မြေကြီးလက်ခတ်မလွဲ အောင်မြင်ရမယ်ဆိုတာ ဖြစ်ပေါ်လာမှာပါ။ အောင်မြင်ခြင်းဟာတော့ လိုအပ်တယ်၊ အရေးပါ အရာရောက်တယ်၊ လူကိုနှစ်သိမ့်စေတယ်၊ ကြည်နူးစေတယ်၊ ငြိမ်းအေးစေတယ်လို့ပဲ ခံယူမိကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)  

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *