သိသူဖော်စား

Share

သိသူဖော်စား

wutnihto 01  မြတ်စွာဘုရားရဲ့ တရားတော်ဟာ လူတွေကို ငြိမ်းချမ်းစေနိုင်တယ်။

ဒါကိုသိတဲ့ ပုဂ္ဂိုလ်က ကျင့်သုံးဆောက်တည်ပြီး ငြိမ်းချမ်းမှုကို ရတယ်။

ဒါကို မသိတဲ့ပုဂ္ဂိုလ်ကတော့ မသိသူကျော်သွားပါပဲ။ သူတို့ တကယ့် ငြိမ်းချမ်းမှုကို အလိုတော်ကျ မရနိုင်ဘူး။

မြတ်စွာဘုရားမိန့်တော်မူတယ် “မြတ်စွာဘုရား ခိုင်းတဲ့အတိုင်း ကျင့်ရင်ဖြစ်မယ်၊ ခိုင်းတဲ့အတိုင်း မကျင့်ဘဲနဲ့ ဖြစ်တယ်ဆိုတာ မရှိဘူး” လို့  မိန့်တော်မူခဲ့တယ်။

ဒီတော့ မြတ်စွာဘုရား ခိုင်းတဲ့အတိုင်း ကျင့်ရင်ရမှာပဲ။ ဒါဟာ သိသူဖော်စားတာပါပဲ။ သိသူဆိုတာ တရားသိသူပါ။ တရားသိသူဆိုတာကတော့လည်း အားလုံးဟာ ပျက်တယ်လို့ နားလည်တာပါပဲ။ သိသူက ဖော်စားရတာပေါ့။ မသိသူကတော့ ကျော်သွားမှာပဲ။ သူကလောကီထဲမှာပဲ သံသရာလည်မှာပါပဲ။ အမှန်တရားနဲ့လည်းတွေ့မှာ မဟုတ်တော့ပါဘူး။ အပရိကနဲ့ပဲ တွေ့ပြီးတဲ့နောက် ဘ၀ကဆုံးသွားမှာပဲ။ ဒီတော့လည်း စိတ်မကောင်းစရာပေါ့နော်။ ဒါပေမယ့် မတတ်နိုင်ဘူး။ သတ္တ၀ါတွေက ဒီလိုပဲ ကျင်လည်ကြတာ – သိသူကဖော်စားရုံပဲ။

ယောဂီများကတော့ သိတဲ့အတွက် ဖော်သာစားတော့ — မမြဲဘူးရှု။ ဒါဟာ တဖြည်းဖြည်းနဲ့ ကောင်းမှာပဲ။ သဲကန္တာရကြီးဟာ တစ်ပွင့်ခြင်း တပွင့်ခြင်းနဲ့ ပေါင်းထားသလိုပဲ၊ ကိုယ်က တစ်ချက် တစ်ချက် ရှုရင်း ရှုရင်းနဲ့ တစ်ချိန်ကျတော့ နိဗ္ဗာန်ကြီးက ဘွားကနဲတွေ့တော့ အံ့သြသင့်ဖွယ်ရာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်နဲ့ သစ္စာတရားရဲ့ ဂုဏ်တော်ကို ကိုယ်က ပူဇော်ပြီးသား ဖြစ်နေမှာဖြစ်ကြောင်း သတင်းကောင်း ပေးပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)  

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *