ရှိခြင်းနှင့်သိခြင်း (Ontology & Epistemology)

Share

ရှိခြင်းနှင့်သိခြင်း (Ontology & Epistemology)

DSC_0304 copy1  ရှိခြင်းနဲ့သိခြင်းကို ဒဿနစကားလုံးနဲ့ သုံးနှုန်းရမယ် ဆိုရင်တော့ (Ontology) နဲ့ (Epistemology)  ပါပဲ။

(Epistemology)  ဆိုတာ (Knowledge) ပါပဲ။ ရှိတာက ရှိတယ်၊ သိတာက သိတယ်။

တစ်စုံတစ်ခု ပြောရမယ်ဆိုရင် စာရေးသူမှာ ဆရာမြတ်ရှိတယ် – ဒါ ရှိခြင်းပေါ့နော်၊ ရှိခဲ့တယ်။ ဆရာမြတ်က ဆုံးမသွန်သင် သြ၀ါဒချီးမြှင့်တယ် – ၀ိပဿနာ တရားအားထုတ်နည်း သင်တယ်၊ သင်ပေးတဲ့ အသိပညာကို စာရေးသူက လိုက်နိုင်တယ်၊ သိတယ်၊ နားလည်တယ်၊ ရတယ်၊ ကျင့်တယ်၊ အောင်သင့်သလောက် အောင်တယ်။ ဒီတော့ သိခြင်းကလည်း ရတယ်။ သိခြင်းကတော့ (Epistemology) ပေါ့။

ရှိခြင်းနဲ့သိခြင်း ပြည့်စုံတဲ့အခါကျ စာရေးသူက အောင်မြင်သော ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်လာတာပေါ့။ ၀ိပဿနာ နယ်ပယ်မှာ အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာတာပေါ့။ စာရေးသူဟာ ဆရာကောင်း ဆရာမြတ်ရဲ့ အဆုံးအမကို ကောင်းကောင်းသိတာကိုး— သိနားလည်တဲ့ အသိရှိတယ်လေ။ ဒါ (Epistemological problem) မှာ စာရေးသူက ဖြေရှင်းနိုင်တာပေါ့နော်။ တကယ်လက်ထိလက်ရောက် ပေါက်မြောက်ပြီးသား ဆရာကောင်း ဆရာမြတ်ရဲ့ အသွန်အသင်တွေကို ရလိုက်တော့ ကိုယ်လည်း ပေါက်မြောက်တန်သလောက် ပေါက်မြောက်တဲ့ သဘောပါပဲ။

ဒီတော့ လောကမှာ ရှိခြင်းနဲ့သိခြင်းက လေ့လာကြတာတွေရှိတယ်၊ လေ့လာကောင်းပါတယ်။ ရှိလည်း တကယ်ရှိမှ၊ သိလည်း တကယ်သိမှ – ရှိခြင်းနဲ့သိခြင်း ပြည့်စုံရင်တော့ ပြည့်စုံသူဟာ လက်ခမောင်း ခတ်ပေါ့လေ — လောကမှာ တကယ်ရှိတာကို တကယ်သိရင် ပွဲပြီးပါတယ်။ ရှိတာကို မသိလို့ ပွဲမပြီးကြတာပါ။

ရှိတာကတော့ သင်္ခတမှာ အပျက်တရားရှိတယ်၊ အပျက်တရား နားလည်ရင် ပွဲပြီးတာပါပဲ။ ဒါကြောင့် စာဖတ် ပရိသတ်များ ယောဂီများကို အနိစ္စရှုလို့ တွန်းအားပေးနေတာ၊ ကိုယ်တိုင်ရှုသတ် – ဆရာမြတ်ရဲ့ အဆိုအဆုံးအမကို ခံယူကျင့်သုံးပြီးတော့ နှလုံးသွင်း၊ သိနားလည်အောင်မြင် ပေါက်မြောက်တဲ့သဘောရမှ ပြန်ပြောတာဆိုတော့ ခိုင်မာပါတယ်။

ဒီတော့ ယောဂီများ ရှုသာရှုပါ။ အနိစ္စတစ်လုံး ပိုင်ဖို့ အရေးကြီးပါတယ်။ အချိန်ရသလောက် ပေးပါ။ ယောဂီများ လိမ္မာပါတယ် – ကျင့်သုံးဆောက်တည်လို့ သာဓုခေါ်နေပါတယ်။ ကျင့်နိုင်သလောက် တိုးတက်တယ် ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲ ဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)  

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *