တရားတော်သည်ငြိမ်းအေးသည်

Share

တရားတော်သည်ငြိမ်းအေးသည်
bism5 တရားတော်က ငြိမ်းအေးတော့ ယောဂီများလည်း တရားကို လိုက်ကြတာ အမှန်အကန်ပါပဲ။ တရားသာလိုက်ပါ – လုံးဝမှန်တယ်။ စာရေးသူက ရှေ့ကသွားနေတာပဲ။ စာရေးသူဆို တရားလိုက်လို့ ငြိမ်းအေးနေတာပဲ။

မြတ်စွာဘုရားရဲ့ တရားတော်ဟာ အင်မတန် ကျေးဇူးတင်စရာ ကောင်းတယ်။ ကျင့်သုံးဆောက်တည်သူကို ငြိမ်းအေးစေတယ်။ လောကီကတော့ ပူတာပေါ့လေ။ ကိုယ်က ခပ်ခွာခွာနေနိုင်မှ တော်ကာကျမယ်။ လောကုတ္တရာကတော့ ငြိမ်းအေးတယ်။ စာရေးသူကတော့ လောကုတ္တရာသမားဆိုတော့ ငြိမ်းအေးမှုနဲ့ ထာဝရ ရှင်သန်တယ်။ ငြိမ်းအေးရတာ ကောင်းပါတယ်။

မနာလို ၀န်တိုသူတွေကလည်း မဟုတ်မတရား လုပ်ဇာတ်တွေနဲ့ လျှောက်ပြောကြတာ ရှိတာပဲ။ ဒါပေမယ့် စာရေးသူက ငြိမ်းအေးတာပဲ။ မေတ္တာတံခွန်အဖွဲ့ဆိုရင် မဟုတ်တရုတ်တွေ ပြောတယ် – အစိုးရလိုလို ဘာလိုလိုနဲ့ အစိုးရလည်း မဟုတ်ဘူး။ အစိုးရက သူတို့ကို တရားစွဲဖို့ တောင်မှတိုက်တွန်းတာ။ သံဃာမဟာနာယကလည်း သူတို့ကို ခိုင်းတာမဟုတ်ဘူး။ သူတို့ဖာသာ အသားလွတ် အဖွဲ့အစည်း လုပ်ပြီးတဲ့နောက် မလိုတဲ့ပုဂ္ဂိုလ်တွေကို ဇွတ်စွဲပြီးတော့ သတင်းဖျက်တာ။ တော်တော်လည်း ယုတ်မာပါတယ်။ ဒီကောင်တွေဟာ ယုတ်မာသလို ယုတ်မာတဲ့လမ်း သွားမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ဖာသာကိုယ်လည်း မှန်မှန်ကန်ကန် မကြိုးစားဘူး၊ မှန်တာကန်တာ ကြိုးစားတဲ့ ပုဂ္ဂိုလ်ကိုလည်း ဒီလိုပဲဇွတ် မဟုတ်မတရား တိုက်ခိုက်ပြီးတော့ သတင်းလွှင့်တယ်။

မြန်မာနိုင်ငံမှာ ဒါမျိုးလေးတွေ သင်္ကေတအဖြစ်နဲ့ ရှိလာတာတော့ စိတ်မကောင်းစရာပဲ။ ဒီကောင်တွေကတော့ အလကား ခွေးလေးဂျပိုး ကလေကချေ ကောင်တွေပါ။ အခုတော့လည်း ထင်းဆွေးမီးဆိုက်တွေ တဖြည်းဖြည်းနဲ့ ပျောက်ပျက် မျောမြုပ်သွားပါပြီ။ အတော့်ကို အသုံးမကျတဲ့ သတ္တ၀ါတွေ မြန်မာနိုင်ငံမှာရှိနေတာကတော့ စုန်းပြူးတွေပါပဲ။

မြန်မာနိုင်ငံဟာ အင်မတန် အေးချမ်းတယ်။ စာရေးသူတို့ဆို တရားနဲ့ အေးချမ်းနေတာပဲ၊ ချမ်းသာနေတာပဲ။ ကိုယ်က သမားကောင်းလည်းရှိတော့ လေ့လာလိုက်စားခဲ့ဖူးတဲ့ ကျွမ်းကျင်ရာကို တိုင်းပြည်ကိုလည်း ကျေးဇူးပြုပါတယ်။

နိဗ္ဗာန်အကြောင်းကို စာရေးသူ ကောင်းကောင်းမွန်မွန်ပြောပါတယ်။ နိဗ္ဗာန်ဆိုတာ ချမ်းသာတဲ့ ဓာတ်ပါပဲ။ ဒါတောင် တစ်ချို့က ရုပ်နာမ်နဲ့ သွားချင်သေးတယ်။ နိဗ္ဗာန်ကို ရုပ်နာမ်နဲ့သွားချင်တာ တော်တော်လေး စိတ်ကူး စိတ်သန်းညံ့တဲ့ အသိုင်းအ၀ိုင်းပဲ။ ရုပ်နာမ်ချုပ်မှ ရောက်တာ အံ့သြစရာကောင်းတယ် သူတို့ ဘာမှလည်း မသိဘူး။ ယောဂီများကတော့ တစ်အားသိတယ်။ ရုပ်နာမ်နဲ့ နိဗ္ဗာန်သွားချင်တယ်ဆိုတော့ – တော်တော့်ကို အခြေခံက နည်းတာပါပဲ၊ အနုတ်လက္ခဏာပါပဲ။ ရုပ်နာမ်က ဘယ် နိဗ္ဗာန်ကိုဝင်နိုင်မှာလည်း၊ နိဗ္ဗာန်ကြီးက အသင်္ခတဓာတ်၊ အနုတ္တရဓာတ်ဆိုတာ အမြတ်တကာ့ အမြတ်ဆုံးကြီးပဲ။ သူတို့ဘာမှလည်း နားမလည်ဘူး။ ဒါကလည်း ဆရာကောင်း မရှိလို့ပါ။

ဆရာကောင်းရှိတဲ့ စာရေးသူတို့လိုကျတော့ အမှန်အကန်ကို ကောင်းကောင်း မြင်တတ်တဲ့အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)  

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *