ဘ၀တန်ဖိုး

Share

ဘ၀တန်ဖိုး

bism4မြတ်စွာဘုရားရဲ့ သာသနာအတွင်းမှာ တန်ဖိုးရှိတဲ့ဘ၀ကို တည်ဆောက်နိုင်ခွင့် ရှိပါတယ်။ မှန်တာကန်တာကို ပြောဖို့ လုပ်ဖို့ပါပဲ။

တချို့ကလည်း မမှန်တာတွေ ပြောကြ၊ လုပ်ကြတယ်။ ဥပမာ သာသနာရေးက ကြေငြာတဲ့အနေနဲ့ သူတို့ဟာ သာသနာရေး အတုအယောင် လုပ်ပြီးတဲ့နောက် ဘယ်သူတွေဟာ အဓမ္မ၀ါဒလို့ ကြေငြာတယ်။ ရယ်စရာလည်း ကောင်းပါတယ်။ ဟာသပါပဲ။ နိုင်ငံတော် အစိုးရကလည်း မသိဘူး၊ သာသနာရေးကလည်း မသိဘဲနဲ့ သူတို့ဖာသာ လုပ်ကြံပြီး ၀ါဒဖြန့်နေတယ်။ ဒီလိုလူတွေ ရှိတယ်နော် အံ့တော့ အံ့သြစရာပဲ။ ရယ်စရာလည်း ကောင်းတယ်။ သူတို့ဟာ တော်တော်အနှစ်သာရ ကင်းမဲ့တဲ့ လူယုတ်မာတွေပဲ။

ဟုတ်မှမဟုတ်ဘဲ ဘာဖြစ်လို့ လုပ်ချင်ရတာလဲ။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီလိုလူစားတွေ ရှိတာတော့ တော်တော် နာတယ်။ မဟုတ်ဘဲ မမှန်ဘဲနဲ့ လျှောက်ပြီးတော့ သတင်းလွှင့်နေတယ်။ ဥပမာ မေတ္တာတံခွန်တို့ အဖွဲ့အစည်း လိုဟာမျိုးပေါ့။ မဟုတ်တာတွေ လျှောက်ပြီး လွှင့်တယ်။ ပိုက်ဆံရှိတော့ သူတို့က ကော်ပီတွေနဲ့ ဖြန့်တာပေါ့နော်။ ဘယ်လူယုတ်မာက ဦးစီးပြီးတော့ ခေါင်းဆောင်နေလဲ မသိပါဘူး။ တော်တော်ယုတ်ညံ့တဲ့ ကိစ္စပဲ။ မြန်မာပြည်အတွက်တော့ ရှက်စရာ အမဲကွက်တွေပဲ။

ဘာဖြစ်လို့ မဟုတ်ဘဲ လုပ်ချင်ရတာလဲ။ တကယ်တော့ သာသနာရေးက သူတို့ကို တရားစွဲစေချင်တယ်။ ဒါပေမယ့် သူတို့ဟာ ပုဆိုးခြုံထဲက လက်သီးပြတဲ့အခါကျတော့ ခက်တယ်။ ယောဂီတွေကို အားပေးတာပါ။ ဒီအကြောင်း တွေကို ပြောလည်းမပြောချင်ဘူး။ ပြောလည်း ပြောနေရတယ်။ ဘာလို့တုန်းဆိုတော့ ယုတ်မာတဲ့ပုဂ္ဂိုလ်တွေက အသံ ထွက်ထွက်လာလို့ပါ။

အမှန်အကန်လုပ်စမ်းပါ။ မှန်တာကန်တာ ပြောကြ ဟောကြရမှာပေါ့။ အခုတော့ မမှန်တာ မကန်တာတွေ လုပ်ကြံနေတယ်။ သာသနာရေးဌာနကို သွားပြီးတော့ စုံစမ်းတဲ့အခါ သာသနာရေးကလည်း အဲဒါဟာ သူတို့ကြေငြာတာ မဟုတ်ဘူးလို့ ပြောတယ်။ ဒီတော့ ဒါ လုပ်ကြံတာ သက်သက်ကြီးပဲ၊ ဟာသပဲ။ သူတို့ရဲ့ ယုတ်မာတဲ့ သဘောက တိုင်းပြည်ကို ကြေငြာရာကျတာပေါ့။

မသိသေးခင်တော့ တချို့ကလည်း အထင်လွဲချင် လွဲနိုင်တယ်။ နောက်တော့လဲ ပြီးသွားတာပါပဲ။ တကယ်တော့ မှန်မှ မမှန်ပဲ လေထဲပျောက်သွားတာပဲ၊ အံ့သြပါတယ်။ သတ္တိရှိရင်လဲ အမှန်အကန် ကောင်းကင်ပေါ်မှာ တက်ပြီးတော့ စီးချင်းထိုးချင်ပါတယ်။ ဒီလိုလည်း သတ္တိမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အမှန်အကန် လုပ်တာမှ မဟုတ်ဘဲနဲ့ ဟိတ်ကြီး ဟန်ကြီးနဲ့ ၀ါဒဖြန်နေတာပဲ။

ယောဂီများ ဒီအကြောင်းကို ပြောရတာ သိပ်တော့ မကောင်းဘူး အားနာတယ်။ ဒါပေမယ့် ပေါ်နေလို့ ပြောတာပါ။ မပူပါနဲ့ ကိုယ့်အနိစ္စသာ ကိုယ်ရှုပါ။ ယောဂီများ မှန်နေတယ်။ မှန်သောလမ်းမှာ ဆက်လျှောက် အနိစ္စရှု ပြီးတာပဲ။ ဝေဒနာဆိုတာ ချုပ်တယ်။ ချုပ်အောင်ရှုရင် ချုပ်တာပဲ။ ဝေဒနာနိရောဓော နိဗ္ဗာနံ ဆိုတာရှိတာပဲ။ ဝေဒနာချုပ်တာ ကိုလည်း မသိဘူး။ ခက်တယ်။ ဗုဒ္ဓဘာသာလိုက်တယ်ဆိုပြီး ဗုဒ္ဓဘာသာကို တကယ်တော့ အမှန်အကန်လဲ မသိဘဲနဲ့ နာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုပဲ လိုက်ပြီးတော့ ဂုဏ်သိက္ခာ ဖျက်ဆီးနေကြတယ်။ တကယ်တော့ မစွန်ပါဘူး။ တော်တော်လေး အဆင့်အတန်းနိမ့်တဲ့ အသိုင်းအ၀ိုင်းပါပဲ။ ယောဂီများ နားမယောင်နဲ့ ကိုယ်ရဲ့ ဖြစ်ပျက်ကိုသာရှု ဝေဒနာဆုံးရင် နိဗ္ဗာန်ပဲ။ စိတ္တာနုပဿနာ ရှုပြီးရင်လည်း ဓမ္မနုပဿနာ တက်မှာပဲ။ ဒီတော့ အောင်မြင်မှာပါ။ ယောဂီများ မြေကြီးလက်ခတ်မလွဲ အောင်မြင်မယ် ဖြစ်ကြောင်း သတင်းကောင်း ပေးပါတယ်။

သာဓုခေါ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *