ကိုယ်လုပ်တာတွေလည်းပြန်ကြည့်ပါဦး —

ကိုယ်လုပ်တာတွေလည်းပြန်ကြည့်ပါဦး —

lotus-flower-32  ကိုယ်ဘာတွေလုပ်ခဲ့လည်း – သူများ သားသမီးကို မှိုချိုး မျှစ်ချိုးနဲ့ မြောင်းထဲတွန်းပို့ခဲ့တာ – ဒါဟာ မသင့်တော်ဘူးပေါ့။ အများနဲ့ ပတ်သက်မယ်လို့ ထင်မှာစိုးလို့ မပြောခဲ့တာ — သီးခံနေတာ၊ ဘာဖြစ်လို့ ဒီလောက် စိတ်ရင်းပုပ်ရတာလည်း။

တစ်ဖက်သားကို နှိမ်လိုက်၊ ချိုးလိုက်၊ မြောင်းထဲပို့လိုက်၊ လူမကြည်ညိုအောင် လုပ်လိုက်၊ နာမည်ဖျက်လိုက် လုပ်နေတာ – တကယ်တမ်းကျတော့ ဒါဟာ အပယ်သွားဖို့အတွက် တော်တော် လုံလောက်တဲ့ အကုသိုလ်တွေပါပဲ။

ဘာဖြစ်လို့ ဒီလိုလုပ်ခဲ့တာလည်း ကိုယ့်ဘ၀ကို ပြန်ကြည့်ပါဦး။ သူများ သားသမီးကို အဲ့ဒီလောက် ဘာလို့မှိုချိုး မျှစ်ချိုး ပြောရတာလည်း — မိမိက ဒဿနိကပါ။ ဒါကို မိမိကိုပြောရင်းနဲ့ ဒဿနိကကိုပါ ချိုးနှိမ်နေတာကတော့ တော်တော်လွန်ရာကျတယ်။ ဘာဖြစ်လို့ ပလ္လင်ပေါ်ကနေ တစ်ပါးသူကို ချိုးနှိမ်နေရတာလည်း — တော်တော် မကောင်းတဲ့ အလွဲသုံးစားမှုတွေပဲ။ ဒီအကုသိုလ်တွေဟာ အပယ်ငရဲကျဖို့အတွက် တော်တော် လုံလောက်ပါတယ်။ ဒါတွေကို မဖြေရှင်းနိုင်ရင် အပယ်ငရဲကျဖို့ ပြင်ထားပေတော့။ တော်တော်ဆိုးတဲ့ စိတ်ရင်းတွေပဲ။ တော်တော်လေးလည်း ယုတ်မာတဲ့ စိတ်ရင်းပဲ။

သိပ်ယုတ်မာဖို့တော့ မကြံနဲ့နော် – ဒီက တကယ်လက်တွေ့ ကျင့်ကြံ အားထုတ်ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ခက်တာက နလပိန်းတုံးလိုပဲ ဘာမှလည်း နားမလည်ဘူး။ ဒီက တကယ်ကျင့်လာတာ နှစ် (၅၀) ရှိပြီ။ ဘာဖြစ်လို့ ဒီလို သူများသားသမီးကို လျှောက်ပြောနေရတာလည်း။ ပြောခဲ့တာလည်း တော်တော်ကြာပြီ၊ နေရာတကာမှာ ပြောနေတာ။ တပည့်သား သမီးတွေကိုလည်း အတင်းပြောထားတာ – တပည့်သားသမီးတွေကလည်း ခက်တာက ယုံတာပဲ — (တပည့် သားသမီးတွေတော့ ရှိပါစေတော့) ဆရာလုပ်သူက စိတ်ရင်းယုတ်နေတော့ သူတို့ မှာလည်း ဂွကျတာပေါ့။ နောက်ဒီလို မယုတ်ပါနဲ့။

ဘာသာကြီး လေးဘာသာ တူတယ်ပြောတုန်းကလည်း မိမိက အထိုက်အလျောက် သီးခံခွင့်လွှတ်ခဲ့တယ်။ တကယ်တော့ ဒါက ပြောစရာမလိုပါဘူး – ကိုယ့်ဘာသာနဲ့ကိုယ် သူ့ဘာသာနဲ့သူ၊ ဘာမှ နှိုင်းယှဉ်စရာ မလိုဘူး။ ကိုယ်က ဆရာကြီး လုပ်ပြီးတော့ ပြောချင်တယ်၊ နေရာတကာ ဆရာကြီးလုပ်ချင်တယ်၊ ဆရာကြီးလုပ်နိုင်လောက်တဲ့ အရည်အချင်းကလည်း နေရာတကာ ရှိတာလည်း မဟုတ်ဘဲနဲ့ — အထူးသဖြင့် ၀ိပဿနာ နယ်ပယ်မှာ အောင်မြင်ပေါက်မြောက်အောင် ကျင့်ဖူးတာ မဟုတ်ဘဲနဲ့ ၀ိပဿနာ တကယ်ကျင့်နေတဲ့ ပုဂ္ဂိုလ်ကို ဘာဖြစ်လို့ မှိုချိုး မျှစ်ချိုး ပြောချင်ရတာလည်း — တော်တော် မကောင်းတဲ့ မတရားတဲ့ ကိစ္စတွေပဲ – တစ်နေ့ ဒဏ်ထိမယ်နော်။ ဒဏ်ထိတော့မှ အရုပ်ဆိုးသွားမယ်။ ဒီဘ၀မှာ ဖြေနိုင်မှာလည်း မဟုတ်ပါဘူး။ မဖြေနိုင်တော့ ဒီအကုသိုလ်နဲ့အတူ ဇောက်ထိုးကျဖို့ကတော့ တော်တော် လုံလောက်နေတဲ့ ကိစ္စပဲ။

တစ်ပါးသူက သူဖာသာသူ တရားကျင့်နေတာ၊ တရားပြောဟော နေတာကို တော်တော့်ကို မလိုမစ္ဆရိယ ချိုးချိုးနှိမ်နှိမ်ပြောခဲ့တာ – အခုတော့ ကိုယ်က ဘေးတွေ့ဖို့အတွက် ကြမ္မာငင်ပြီလို့ပဲ ကြွေးကြော်လိုက်ပါတယ်။

သစ္စာဝါဒီများ မကောင်းတဲ့ ပုဂ္ဂိုလ်ဟာ မကောင်းသလို ဖြစ်မှာပါ။ ဖြစ်သွားလည်း သနားစရာ မလိုပါဘူး။ သွားပေါ့ ကိုယ့်ကံနဲ့ကိုယ်ပဲ။ တစ်ဖက်သားကို တော်တော်လေး နစ်နာအောင်လုပ်ခဲ့တာ သူတို့ အသိုင်းအ၀ိုင်းကြီးပေါ့။ ဒီတော့ ခေါင်းဆောင်လုပ်တဲ့သူကတော့ အကျနာမယ်၊ အထိနာမယ်လို့ မြင်နေတဲ့အကြောင်း သတင်းကောင်း ပေးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism, Frontpage and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *