ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 23

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၂၃)

ဒဿနအမွေပေးရန်အခက်အခဲရှိနေခြင်း

eac04a6a93d9c11fed5acb118e89e598စာရေးသူသည် စာရေးသူ သိသမျှ တတ်သမျှ တပည့်လက်သားများအား အမွေပေးသည်၊ တရားအမွေ၊ ဗဟုသုတအမွေများကို ပေးသည်။ ထိုအထဲတွင် ဒဿနအမွေပေးရန် ခက်ခဲနေကြောင်းကို တွေ့ရသည်။

အကြောင်းမှာ ဒဿနစကားလုံးများကလည်း နေ့စဉ်သုံး စကားလုံးများနှင့် မတူသောကြောင့် ဖြစ်ဟန်တူသည်။ တပည့်များက များစွာစိတ်မ၀င်စားချေ —

ဥပမာ — ဒဿနပညာရပ်ထဲမှ Representationalism, Falsifiability, Postdictability, Absurdity, Arbitrary, Cosmological problem, —

စသည်ဖြင့် ဒီစကားလုံးများဟာ သူတို့ရဲ့ နေ့စဉ်သုံး စကားလုံးများ မဟုတ်လို့လားမသိဘူး။ တပည့်လက်သားတွေက သိပ်စိတ်မ၀င်စားကြဘူး။ ဒီအခါကျ အမွေပေးဖို့ နည်းနည်းခက်တယ်။ စာရေးသူကလည်း ကိုယ်တတ်တာလေးတွေ အမွေထားခဲ့ချင်တာ၊ တစ်ခြားအရာတွေ သူတို့က ကိုယ့်ထက်တောင် တော်နိုင်သေးတယ်။ ဒါပေမယ့် ဒဿနအမွေကျတော့ သူတို့က လုံလောက်တဲ့ စိတ်ဝင်စားမှု မရှိတာကို တွေ့ရတယ်။ မိမိလည်း မတတ်နိုင်ဘူး။

ဘာသာရပ်ရဲ့ အခြေအနေကိုက ဒီလိုဝေါဟာရတွေပါနေတော့ ပါနေတဲ့အတိုင်း အနည်းနဲ့အများတော့ အမွေပေးရတာပဲ။ သူတို့က ကောင်းကောင်းတော့ မခံယူကြပါဘူး။ ရှိသလို ဖြစ်သလိုနဲ့ပဲ အလိုက်အထိုက်နဲ့ တစ်ခြားအရာတွေကိုသာ စိတ်ဝင်စားကြောင်းကို တွေ့ရတယ်။ ဒါတော့လည်း ကံပဲပေါ့လေ — သူတို့မှ စိတ်မ၀င်စားတော့လည်း မတတ်နိုင်ဘူးပေါ့။

အခု ကိုယ့်ဘက်ကတော့ ကိုယ်တတ်တဲ့ဟာတွေ အမွေပေးဖို့အတွက် ပြည့်ပြည့်စုံစုံ ကြိုးစားခဲ့ဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်()

This entry was posted in Frontpage and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *