ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 22

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၂၂)

ထူးခြားချက်တစ်ချက်

424d3dd86eb49c4d19a3a4d97b94dad1ထူးခြားတယ်လို့ ဆိုမယ်ဆို ဆိုလို့ရတဲ့သဘောပါပဲ။ တော်တော်များများကတော့ ကိုယ့်ဖာသာကိုယ် ချမ်းသာရင် ချမ်းသာတယ်လို့ မဖော်ကျူးကြဘူးပေါ့နော် — ကျွန်တော်ကတော့ ဖော်ကျူးတယ်။ ကျွန်တော် ချမ်းချမ်းသာသာ နေရတယ်။

စောစောက အစီရင်ခံခဲ့သလို ကျွန်တော်က ဆင်းရဲအောင် မလုပ်ဘူးပေါ့ —

ဆင်းရဲခြင်းကို ဖြစ်စေတဲ့အရာတွေကို မလုပ်ဘူးလို့ သီလစောင့်တယ်။ ဒီသီလနဲ့ ဖြူစင်တဲ့အတွက် အကျိုးပေးအနေနဲ့ ကျွန်တော် ချမ်းသာတယ်။ ဒါကြောင့် ကျွန်တော် ချမ်းသာခြင်းကို ကြေငြာတယ်။

ဒီလို ချမ်းသာတာဟာ မြတ်စွာဘုရားရဲ့ သာသနာအရိပ်ကို ခိုလို့ပဲ — ဒီလိုချမ်းသာတာဟာ ဆရာမြတ်ရဲ့ အဆိုအဆုံးအမ နာခံလို့ပဲ။ ဒါကြောင့် ကျွန်တော် ချမ်းသာအောင် မြတ်စွာဘုရားသာသာနာက ဆောင်ကျဉ်းတော်မူတယ်၊ ဆရာ့အဆုံးအမက လမ်းညွှန်တော်မူတယ်။

ဒီလိုခံယူချက်နဲ့ ကျွန်တော် ချမ်းသာကြောင်းကို ပြောတဲ့သဘောပါ။ မာန်မာနနဲ့ ငါချမ်းသာတယ်ဆိုတဲ့   သဘောတော့ မဟုတ်ပါဘူး။ သာသနာ့အရိပ်ကို ခိုကိုးရင်း ချမ်းသာတယ်ဆိုတာ ကျွန်တော် ဘ၀နဲ့ ယှဉ်ပြီးတော့ နမူနာလည်း ပြပေးပါတယ်။  နောက်နှောင်းသူငါတွေ လိုက်ချင်ရင်လည်း လိုက်လို့ရအောင်လို့ မြတ်စွာဘုရားရဲ့ အရိပ်ကိုခိုရင် ချမ်းသာတာကိုး — ကျွန်တော် လက်တွေ့ချမ်းသာနေပြီ။

ဆရာကောင်း ဆရာမြတ်ရဲ့ အဆိုအဆုံးအမကို နာခံရင် ချမ်းသာတယ်။ ကျွန်တော်က လက်တွေ့ချမ်းသာနေပြီ။ ကျွန်တော်က ချမ်းသာပါတယ်။ ချမ်းသာအောင်လည်း နှလုံးသွင်းနိုင်တယ် – ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် တော်တော်လေး သီလ၊ သမာဓိ၊ ပညာ ရနေတာကိုး – ဒါကလည်း ဆရာကောင်း သမားကောင်းရဲ့ အဆိုအဆုံးအမကြောင့်ပါ။

ဒီတော့ မြတ်စွာဘုရားရဲ့ သာသနာကို ဦးတိုက်ပါတယ်။ ဆရာကောင်း ဆရာမြတ်ကို ကြည်ညိုလေးစားစွာ ဦးညွှတ်ပါတယ် ဆိုတဲ့အကြောင်း သတင်းကောင်း ပါးလိုပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *