ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 21

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၂၁)

imagesသာသနာတော် မြတ်ကြီးကတော့ အင်မတန် နက်ရှိုင်းပါတယ်။

ဂေါတမ သာသနာမှာတော့​ ဉာဏ်ပညာကြီးတဲ့ ပုဂ္ဂိုလ်က တပည့်သားသမီးကို ပညာပေးရတာ သွန်သင်ပေးရတာ အစဉ်အလာ ရှိပါတယ် – ထေရ၀ါဒလို့လည်း အမည်တပ်ကြပါတယ်။

ဉာဏ်ပညာ ကြီးတဲ့ပုဂ္ဂိုလ်က မိမိရဲ့တပည့်သားသမီးကို ဉာဏ်ပညာ ပေးတဲ့အခါကျတော့ တပည့်သားသမီး လုပ်သူက အချိန်သိပ်မကုန်ဘဲနဲ့ ပညာတွေ ရတတ်ပါတယ်။ ပညာရတော့ သူ့အတွက် ကံကောင်းတာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက ကျေးဇူးကန်းလို့ မရဘူး။ ဒီသာသနာမှာ ကျေးဇူးကန်းရင်တော့ ပေးတဲ့ပညာတွေက ကန်းသွားပြီး၊ တုံးသွားပြီး၊ ခန်းသွားတာပါပဲ။ အဲဒီပုဂ္ဂိုလ်တော့ လူညွှန့်တုံးမှာပေါ့လေ —

ဒီတော့ ကျေးဇူးတရားဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာမှာ ကျေးဇူးတရားက အင်မတန်မှ အရေးကြီးပါတယ်။ အင်မတန်မှ သိတတ်ရပါတယ်။ ဒီတစ်ချက်မှာတော့ ကွန်မြူနစ်နဲ့ တစ်ခြားစီပါပဲ – ကွန်မြူနစ်ကတော့ မိဘတွေတောင် အခန့်မသင့်ရင် ပြန်သတ်မယ့် သဘောရှိနေတော့ ၀ါဒက ဗုဒ္ဓ၀ါဒကို တော်တော်လေး ဆန့်ကျင်ပါတယ်။

ထွန်းကားတဲ့တိုင်းပြည်မှာ ကွန်မြူနစ်ဝါဒ ကြီးစိုးလွှမ်းမိုး ထိုးဖောက်လို့တော့ မသင့်တော်ဘူးပေါ့ — ဘာဖြစ်လို့လည်းဆိုတော့ ကွန်မြူနစ်ဆိုတာက သိတဲ့တိုင်းပဲ မိဘတောင် ပြန်သတ်ချင် သတ်တာ၊ ဘုရားရွှေတောင် ခွာချင်ခွာချင်တာ ဆိုတော့ သူတို့တစ်တွေက လူဆိုးလူမိုက်တွေပဲ။ မြန်မာပြည်နဲ့တော့ လားလားမှ မထိုက်ပါဘူး။ ဗုဒ္ဓဘာသာနဲ့လည်း အင်မတန်မှ ဆန့်ကျင်ပါတယ်။

ဒါကြောင့် မိမိသားသမီးတွေ ကွန်မြူနစ်အတွေးအခေါ်တွေ မရောက်ဖို့အတွက် မိဘများကလည်း ထိန်းသိမ်းစောင့်ရှောက်ရင်တော့ ကောင်းပါတယ်။ မြန်မာပြည်နဲ့ ကွန်မြူနစ်နဲ့ ဘယ်လိုမှမအပ်စပ်ပါဘူး။ ကမ္ဘာမှာတော့ မပြောလိုပါဘူး။

ကမ္ဘာကိုတော့ ဘုရား (God) ကို တိုက်တာဆိုတော့ မပြောလိုပါဘူး- ကိုယ်က နေသာပါတယ်။ ဗုဒ္ဓဘာသာ တိုင်းပြည်မှာတော့ မနေသာပါဘူး။ မြတ်စွာဘုရားနဲ့ ပတ်သက်လို့ ရတနာမြတ် သုံးပါးနဲ့ ပတ်သက်လို့ တိုက်လာရင်တော့ ဒါဟာ မသင့်တော်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *