ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 20

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၂၀)

3fc5318ee7cc785872d153db529360f8စာရေးသူရဲ့ ဘ၀ကို ပြန်လည်ပြီးတော့ သုံးသပ်တဲ့အခါ ကောင်းတာတွေလည်းပါတယ်၊ ဆိုးတာတွေလည်းပါတယ်။ စာရေးသူ ညံ့တာတွေလည်းပါတယ် တော်တာတွေလည်း ပါတယ်ပေါ့လေ —

ဒါကတော့လည်း ယေဘုယျအားဖြင့်တော့ ဒီလိုင်းမျိုးပါပဲ။ စာရေးသူ ထူးခြားတာကတော့ ဆရာကောင်း ဆရာမြတ်နဲ့တွေ့ရခြင်းပါပဲ။ တပည့်အဖြစ် ခံယူခွင့် ရခြင်းပါပဲ။

အဲဒီတစ်ခုက စာရေးသူကို

အမည်းကနေ အဖြူကိုပြောင်းသွားတဲ့ သဘောပါပဲ။

အနောက်ကနေ အကြည်ကို ပြောင်းသွားတဲ့ သဘောပါပဲ။

ညစ်ထေးမှုကနေ သန့်စင်တဲ့ဘက်ကို ပြောင်းသွားတဲ့သဘောပါပဲ။

အဆိုးကနေ အကောင်းကို ပြောင်းသွားတဲ့သဘောပါပဲ။

ဘ၀တစ်ခုလုံး ခြုံလိုက်ရင် ဆရာကောင်း ဆရာမြတ်ကို ဖူးတွေ့ရတယ်၊ တပည့်ခံရတယ် အဆိုအဆုံးအမ ခံရတယ်ဆိုတဲ့အချက်က စာရေးသူရဲ့ ဘ၀ကို ကြိုးကိုင်သွားတာ ဖြစ်ပါတယ် – ဒီလိုပဲ နားလည်ထားပါတယ်။

စာရေးသူ အခုဆို တော်တော် တတ်နေတာပဲ။ ဒါဟာ အသွန်သင်ခံရလို့ တတ်တာပါ။ စာရေးသူ တတ်တာကတော့ တတ်ပါတယ် – လောကုတ္တရာပိုင်းလည်း တော်တော်လေးကို တတ်ပါတယ်။ ဘယ်လောက်ထိ တတ်လည်းဆို အနုပါဒိသေသ နိဗ္ဗာန်အကြောင်းတောင် ကောင်းကောင်း နားလည်မိတယ်။ ဒါ ဆရာ့ရဲ့ ကျေးဇူးတော်ပါပဲ။

မိမိဖာသာကတော့ နားမလည်နိုင်တဲ့ ကိစ္စတွေပါ – အရမ်းနက်နဲ ခက်ခဲပါတယ်။ ဗုဒ္ဓဘာသာ တရားတော်ဟာ အတော့်ကို နက်နဲ ခက်ခဲပါတယ်။ ဒါကတော့ သတင်းပေးပါတယ်။ အားလုံးလည်း သိကြပါတယ်။ မလိုက်ဖြစ်ကြတာတွေ ရှိချင်ရှိမယ်ပေါ့လေ —

စာရေးသူကတော့ လိုက်ဖြစ်သွားတယ် ဒီတော့လည်း လိုက်သမားတစ်ယောက် အနေနဲ့ တွေ့ကြုံသိမြင်တာတွေကို ရေးပြနေတာပါပဲ။

ခြုံငုံဆင်ခြင်ရင်တော့ ကိုယ်သန်ရာမှ ဤလောကကို အလှဆင်ကြတာပါပဲ။ စာရေးသူကတော့ ၀ိပဿနာဘက်က လိုက်စားမိလေတော့ ၀ိပဿနာနဲ့ ဗဟုသုတ ဖြန့်ဖြူးရေး အလှဆင်တာပါ။ တနည်းအားဖြင့်တော့လည်း လောကုတ္တရာဘက်က အလှဆင်ခြင်းဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *