ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 19

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၁၉)

9cp7g54Kiဤအချင်းအရာမှာ စာရေးသူအတွက်ဖြစ်ပါတယ်။ စာရေးသူအတွက် ဆိုတာတောင် စာရေးသူ ယခုလောလောဆယ် အခြေအနေအရ ဖြစ်ပါတယ်။

စာရေးသူ သစ္စာလေးပါးကို ၀င်စားကြည့်တာ ဒုက္ခသစ္စာကို ၀င်စားရတာ လျောလျောလျုလျူ အဖြစ်ဆုံးပဲလို့ လောလောဆယ် ခံစားနေရပါတယ်။ ဒါ တစ်ချို့ကလည်း သစ္စာလေးပါးပဲဗျာ ဘယ်သစ္စာဖြစ်ဖြစ် အတူတူပေါ့လို့ ယူဆချင် ယူဆကြမှာပါ – ယူဆပါ ဒါကတော့ တူမှာမဟုတ်ဘူး။ စာရေးသူကိုယ်တိုင်ကို တစ်ချိန်နဲ့ တစ်ချိန်တူချင်မှ တူမှာ။

အခုတစ်လောတော့ ဒုက္ခသစ္စာကို ၀င်စားရတာ အကောင်းဆုံးလို ဖြစ်နေပါတယ် – ဒါ လက်တွေ့ပါပဲ။ စာရေးသူ နိရောဓါအတွက် “ဟေတုနိရောဓါ ဖလနိရောဓေါတိ” ကိုလည်း ၀င်စားကြည့်ပါတယ်။ သိပ်မလွယ်ဘူး။

“အတ္တကာရကဿ ပစ္စက္ခ ဒဿနတော” ကိုလည်း ၀င်တော့ ၀င်စားကြည့်ပါတယ်။ ဒါပေမယ့်လည်း မလွယ်ဘူး။

“ဟေတုဖလ သမ္ဗန္ဓ” ကိုလည်း ၀င်စားကြည့်တယ်။ ဒါပေမယ့် မရှင်းဘူး၊ မလွယ်ဘူး။

“သုဒ္ဓ သင်္ခါရ ပုဉ္ဇ” ကျတော့ ၀င်စားလို့ ကောင်းတယ်ပေါ့။ ဒါ စာရေးသူအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံလေး တစ်ခုပေါ့နော်။ တရားကြိုးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ တစ်ချိန် အတွေ့အကြုံလေးတစ်ခုကို တင်ပြခြင်းပါ။

“သုဒ္ဓ သင်္ခါရ ပုဉ္ဇ” ဆိုတာနဲ့ စာရေးသူဟာ တော်တော့်ကို ၀င်စားလို့လည်း ကောင်းလိုက်တာ –

“သြော် တကယ်တော့ ငါ့ရုပ် ငါ့နာမ် မဟုတ်ပါလား၊ ဒါဟာ သင်္ခါရ အစုအပုံကြီး” ဆိုပြီးဝင်စားလိုက်တာ တော်တော် အဆင်ပြေတယ်။

“အတ္တကာရကဿ ပစ္စက္ခ ဒဿန” ဆို ပစ္စုပ္ပန်ရှုတယ်ဆို – ခက်တာက မကုန်ဘူး။

“ဟေတုနိရောဓါ ဖလနိရောဓေါတိ” အကြောင်းမရှိရင် အကျိုးလည်း ရှိမှာမဟုတ်ဘူးလို့ – အဲဒါလည်း မလွယ်ဘူး။

” ဟေတုဖလ သမ္ဗန္ဓ” ဆိုလည်း – အကြောင်းရှိရင် အကျိုးရှိမှာပဲ ဆိုတာကလည်း –

ဒါကကျန်နေတယ်။

“သုဒ္ဓ သင်္ခါရ ပုဉ္ဇ” ဆိုတာ့ – ၀င်စားလို့ သိပ်ကောင်းတာပဲ။

ဒါ စာရေးသူရဲ့ အတွေ့အကြုံပါ။ မှန်ကန်သော အတွေ့အကြုံ ဖြစ်ရပ်မှန် ဖြစ်လို့လည်း တင်ပြခြင်း ဖြစ်ပါတယ်။ တစ်ပါးသူတွေ ဒီလို ဖြစ်ရမယ်လို့ ဘယ်လို့မှကို မရည်ညွှန်းလိုပါဘူး။ ရည်ညွှန်းစရာလည်း မလိုပါဘူး။ ဒါ ကိုယ့်အခြေအနေ ကိုယ့်ဖြစ်ရပ်၊ ကိုယ့်ခံစားချက်၊ ကိုယ့်အတိုင်းအတာနဲ့ကိုယ်ပဲဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

“သုဒ္ဓ သင်္ခါရ ပုဉ္ဇ” သုံးသပ်ရင်းနဲ့ သက္ကာယဒိဋ္ဌိက ဆုတ်နစ်တဲ့သဘောဟာ အထင်အရှား ဖြစ်ကြောင်း သတင်းကောင်း ပေးပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *