ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 18

Share

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၁၈)

စာရေးသူနှင့်ပတ်သက်လို့

25e603096397030886759c8e692e9f5dစာရေးသူမှာ အတွေ့အကြုံ အထူးအဆန်းတွေ တော်တော်များများရှိပါတယ်။ တစ်ချို့တော့ ရေးဖြစ်တယ်၊ တစ်ချို့လည်း မရေးဖြစ်ပါဘူး။ ယုံဖို့ကတော့ ခက်နိုင်ပါတယ်။ ဒါပေမယ့် အမှန်အကန် ဖြစ်ရပ်မို့ ရေးလိုက်ပါသေးတယ် –

တစ်နေ့သောအခါမှာ (နားနဲ့မနာ) ကျွန်တော် အိမ်သာတက်နေတာ အိမ်သာတက်တိုင်းတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီတစ်ခါ အိမ်သာတက်တော့ ကျွန်တော် ရုပ်နာမ်ကို “သုဒ္ဓ သင်္ခါရ ပုဉ္ဇ” ဆိုပြီးတော့ ၀င်စားကြည့်လိုက်တယ်။ သဘောကတော့ ဖြစ်ပျက်နေတဲ့ အစုအဝေးကြီးလို့ စင်စင်ကြယ်ကြယ် မြင်လိုက်တဲ့သဘော ပေါ့နော် – ငါ့ရုပ်၊ ငါ့နာမ်လို့ မသိမ်းပိုက်တဲ့ သဘောပါပဲ။ အဲဒီလို “သုဒ္ဓ သင်္ခါရ ပုဉ္ဇ” လို့ နှလုံးသွင်းလိုက်တဲ့ အခါကျ၊ ရင်ထဲမှာ ၀င်းကနဲဖြစ်ပြီးတဲ့နောက် ခေါင်းပေါ်ရောက်သွားတယ်။ အဲဒီတော့ အကြည်ဓာတ် ရှိတာပေါ့။

ဒီတော့ ကျွန်တော်က အကြည်ဓာတ်ပိုင်ရှင် ဖြစ်နေပြီပေါ့ — ကိုယ့်ဖာသာကိုယ် အမြဲတမ်း မြင်နေတာ မဟုတ်လို့သာပဲ။ အကြည်ဓာတ်ရတော့ ကျွန်တော်လည်း ၀င်စားကြည့်လိုက်တော့ တော်တော် ပေါ့ပေါ့ပါးပါးပဲ – တော်တော်ကောင်းတာပဲ။ ဒါပေမယ့် ကျွန်တော်က ကြည့်တိုင်တော့ အဲဒီအကြည်ဓာတ်ကို မတွေ့ပါဘူး။ အကြည်ဓာတ်ရှိသူ အဖြစ်နဲ့တော့ ကိုယ့်ဖာသာကိုယ် နားလည်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တိုင်တွေ့တာကိုး။ ဒါဟာ ရောင်ခြည်တစ်မျိုးပဲ နေမှာပါပဲ။ လောကုတ္တရာဉာဏ်လို့လည်း ပြောလို့ရချင်ရမယ်ထင်တယ်။ အဲဒီဉာဏ် အကြည်ကိုရတာ တော်တော်လည်း ကောင်းပါတယ်။ အံလည်း အံသြသွားတယ်လေ၊ ကျွန်တော် ၀မ်းလည်းသာတယ်။ ဂုဏ်လည်း ယူတယ်ပေါ့နော် —

ဒါက ကျင့်ရင်ဖြစ်နိုင်တယ်ဆိုတဲ့ မှတ်တမ်းလေး တင်ပြတာပါ။ ယုံဖို့ခက်တယ် ဒါပေမယ့် တကယ့်ဖြစ်ရပ်ပဲ ကျွန်တော့်အဖို့။ ထင်တာမဟုတ်ဘူး၊ တကယ့်ရောင်ခြည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ရ ခံစားရ သဘောပေါက်လိုက်ရ၊ ထိုးထွင်းသိမြင်ပြီးတဲ့နောက် – တော်တော် အဆင်ပြေသွားတယ်။ ကျွန်တော်လည်း အမြဲတမ်းတော့ မဟုတ်ဘူး၊ ဒါပေမယ့် အဲဒီတစ်ကြိမ်မှာ ကျွန်တော်လည်း စိတ်ဝင်စားပြီးတော့ “သုဒ္ဓ သင်္ခါရ ပုဉ္ဇ” ဆိုတာကို ကျွန်တော် အပြန်အလှန် ၀င်စားလိုက်တာပေါ့နော် – တကယ်တော့ – ငါ့ရုပ်၊ ငါ့နာမ် ရယ်လို့ မဟုတ်ဘူး။ ဒါဟာ ရုပ်တရားရဲ့ အစုအပုံကြီးပဲ။ ဒါဟာ သင်္ခါရ တရားတွေရဲ့ အစုအပုံကြီးပဲလို့ စင်စင်ကြယ်ကြယ် မြင်လိုက်တဲ့အခါမှာ ဖြစ်လာတဲ့ ခံစားချက်ပါ။ ဉာဏ်ပညာကတော့ ပေါ့ပါးသွားတယ်၊ ကြည်လင်သွားတယ်၊ တော်တော့်ကို တန်ဖိုးရှိတဲ့အရာပဲလို့လည်း နားလည်လိုက်ပါတယ်။

ဒါဟာ စာဖတ်သူကို ဖြစ်ရပ်မှန်လေး တင်ပြတာပါ။ ကျင့်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဖြစ်တတ်တဲ့ သဘောလေးတွေလည်း သိရအောင် တင်ပြခြင်း ဖြစ်ပါတယ်။ အမှန်အကန်ပါပဲ။ ကျွန်တော် ခဏခဏ မဖြစ်ပေမယ့် မကြာခဏတော့ ဖြစ်တဲ့အခါ ဖြစ်ပါတယ်။ အကြည်ဓာတ်လေးကို မြင်ရတဲ့အခါကျ ကိုယ့်ဖာသာကိုယ်လည်း ဂုဏ်ယူမိကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *