ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 14

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၁၄)

မသေချာခြင်း

pink-lotus-mdသိပ္ပံရဲ့ ဥပဒေသတစ်ခုမှာ မသေချာခြင်းနိယာမဆိုတာ ရှိပါတယ်။ တော်တော်များများလည်း သိရှိလက်ခံထားကြတာပါ။ (Principle of Indeterminacy) လို့ သူတို့သုံးကြတယ်။ သိပ္ပံပညာရှင် ဟိုက်ဇင်ဘတ်က ဖော်ခဲ့တာပါ။

မသေချာခြင်းဆိုတာ အသေးစိပ်မသေချာခြင်းကို ပြောတာပါ။ တော်အသင့်တော့ သေချာပါတယ်။ သိပ်အသေးစပ်လာရင် မသေချာဘူး ဆိုတဲ့သဘောပါပဲ။ သူတို့ စကားနဲ့ပြောရရင် –

(The most fundamental particle) အခြေခံအကျဆုံးသော အမှုန်တွေနဲ့ ပတ်သက်တဲ့ ကြိုတင်ပြော ဟောကိန်းထုတ်တဲ့ ကိစ္စတွေမှာ မသေချာဘူး၊ မရေရာဘူးပေါ့။ တိုင်းတာလို့လည်း မရဘူး။ တိုင်းတာရင် သူတို့က ထွက်ပြေးတဲ့သဘောပါပဲ။

(Whenever one tries to make observation by using the instruments then the instruments they use in the observation will affect the natural phenomena. Consequently, the natural phenomenon is already affected and cannot be as it is. .. . )

ဒီဘက်မှာ သိပ္ပံဟာ မရေရာခြင်းမှာ အဆုံးသတ်တယ်လို့ပြောရမှာပဲ။ မရေရာခြင်းကို အဆုံးသတ်တယ်ဆိုတော့ ဗုဒ္ဓဘာသာကျတော့ ရေရာတာတွေ ပြန်ရှာတယ်လေ။ အဲဒါကွာသွားတာပါပဲ။

သိပ္ပံက မရေရာဘူးမှာပဲ တစ်နေတာပေါ့နော်။ ဗုဒ္ဓဘာသာက ရေရာတဲ့ဘက်ကို လိုက်တဲ့သဘောပါပဲ။ ဒါ အသိပညာလိုင်းကို ပြောတာပါ။ ယေဘုယျအားဖြင့်တော့ သိပ္ပံသမားတွေဟာ ကမ္ဘာမှာ အောင်မြင်ပါတယ်။

ဗုဒ္ဓဘာသာနည်းနဲ့ကတော့ အသိပညာ အထွတ်အထိပ်ပိုင်းမှာပဲ ကိုယ်က ရှေ့ရောက်တာပါ။ ဗုဒ္ဓဘာသာမှာ မရေရာဘူး ဆိုတာထက် ရေရာအောင်လုပ်မယ်ဆိုတဲ့ သဘောဘက်ကို ညွှတ်တယ်လို့ လေ့လာရပါတယ်။

ဒီတော့ ဖြစ်နေ ရှိနေတဲ့ အခြေအနေမှာ မရေရာဘူးဆိုတဲ့ သိပ္ပံလည်း မဆိုးပါဘူး၊ အသုံးကျပါတယ်။ အသုံးချရမှာပဲ ဖြစ်ပါတယ်။ ဒီထက် တစ်ဆင့်တက်တဲ့ ရေရာတဲ့ဆီကို သွားမယ်ဆိုတဲ့ ဗုဒ္ဓဘာသာကိုလည်း လေးစားကြည်ညို အားပေးမြှောက်စားဖို့ လိုကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism & Science and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *