ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 13

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၁၃)

သိပ္ပံပညာ

Bism-and-Sci-1024x693သိပ္ပံပညာက အားလုံးသိပါတယ် တော်တော်ကောင်းပါတယ်။

သိပ္ပံပညာက စနစ်ရှိပါတယ် – (Systematization) ပေါ့။

နောက်ပြီး သိပ္ပံပညာက သူတို့ ကြိုတင်ပြော ဟောကိန်းထုတ်နိုင်တယ် – (Predictability) ဆိုတာ ရှိပါတယ်။

သိပ္ပံပညာက ဓမ္မဓိဌာန်ကျဖို့ ကြိုးစားတယ် – အဲဒါ (Objectivity) ဆိုတာရှိပါတယ်။

နောက် သိပ္ပံက အမှားအမှန်ကို အစစ်ဆေးခံရတယ်ဆိုတဲ့ သဘောရှိပါတယ် – (Verifiability) ပေါ့။

သိပ္ပံက ကြောင်းကျိုးဆက်သွယ်မှုကို အခြေခံမှုလည်းရှိတယ် – ဒါကတော့ (Causality) ပါ။

တစ်ချို့နေရာတွေမှာ သိပ္ပံက မမှားဘူးလို့ သက်သေပြဖို့ ကြိုးစားတယ် – (Falsifiability) ပေါ့။

ဒါကြောင့် သိပ္ပံက တော်တော်လေးကောင်းမွန်အောင် တည်ဆောက်ထားတာပေါ့။ ဒါပေမယ့် သူက အဆုံးမရှိတာခက်တယ်၊ အဆုံးမရှိဘူး။ သိပ္ပံပညာရှင်တွေက အဆုံးဆိုတာကို မကြိုက်ဘူး။ ဆုံးသွားရင် လုပ်စရာ မရှိမှာစိုးလို့ – သူတို့က အလုပ်လုပ်ချင်တာကိုး။ ဒီတော့ မဆုံးချင်ဘူး၊ အဆုံးကို စိတ်လည်း မ၀င်စားဘူး၊ ရောက်လည်း မရောက်ချင်ဘူး၊ ဘယ်မှာဆုံးမှာလည်း မသိဘူး။ သူတို့က ကြိုးစားဖို့ပဲသိတယ်။ သူတို့ ဒီလိုပဲ ခံယူထားကြတယ်။

(It is better to travel hopefully than to arrive.) လို့ သူတို့ ခံယူကြတာပေါ့။

သူတို့ဟာ (.. .. It is an ongoing journey still and the end is not yet in sight.) လို့ ဒီလိုပဲ

ပြောကြဆိုကြတာပေါ့။

သူတို့က အဆုံးမရှိဘူးဆိုတော့ ဒါကျတော့လည်း လောကုတ္တရာအဆင့်ကျ မရောက်ဘူးပေါ့။ လောကုတ္တရာကတော့ အဆုံးရှိတယ်လေ။ နိဗ္ဗာန်က အဆုံးနိဂုံးပဲ။ သူတို့ကတော့ လောကီပဲ ကောင်းတော့ကောင်းပါတယ်၊ ဒါပေမယ့် လောကီပဲ။ လောကုတ္တရာအဆုံးကို မရောက်ဘူးဆိုတော့ ဆုံးတော့မှပဲ ချမ်းသာတာကိုး။ မြတ်စွာဘုရား မိန့်ဖူးတယ် ရောဟိတဿနတ်သားကို

“မင်း ရုပ်နာမ်နဲ့သွားရင် လောကအဆုံး မရောက်ဘူး” တဲ့ —

“လောကအဆုံး မရောက်ရင်လည်း မင်း ဆင်းရဲက မလွတ်ဘူး၊ မချမ်းသာဘူး” ဆိုတော့ ရောဟိတဿ နတ်သား ထိခိုက်သွားတာပေါ့နော်။

အဲဒီတော့ အဆုံးရောက်မှလည်း ချမ်းသာတာကိုး – ဒါကိုတော့ သိပ္ပံပညာရှင်များလည်း မသိဘူးပေါ့နော် – သူတို့ကတော့ လောကီသမားတွေကိုး။ လောကီအတွက်တော့ အပြစ်တင်စရာ မရှိဘူးလို့ ပြောရင်ရပါတယ်။ သို့သော် လောကုတ္တရာအထိ မရောက်တော့လည်း ဘ၀ရည်မှန်းချက်က မပြီးဆုံးဘူးလို့ပဲ သုံးသပ်ရမယ်ဖြစ်ကြောင်း သတင်းကောင်း ပေးပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *