ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 12

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၁၂)

စာဖတ်ပရိသတ်အံသြစေနိုင်သောအချက်တစ်ချက်

KcjeK6pMiစာရေးသူ၌ စာဖတ်ပရိသတ် အံသြစေနိုင်တဲ့ အချက်ပေါင်းမြောက်မြားစွာ ရှိပါတယ်။ ဒါပေမယ့် မပြောဖြစ် မရေးဖြစ်ပါဘူး။ အခု ဒီတစ်ချက်ကိုတော့ ပြောဖြစ်ရေးဖြစ်ပြီ —

အရိယာတွေက စိတ်ကိုသိပ်ဂရုမစိုက်ဘူး၊ ဉာဏ်ကိုပဲ ဂရုစိုက်တယ်။

အရိယာတွေအဖို့ စိတ်ကို ခေါက်ထားတဲ့ သဘောပါပဲ။ ဉာဏ်နဲ့ပဲ ထိုးထွင်းပြီးတော့ လုပ်ကိုင် ဆောင်ရွက်ကြတယ်။

ဒီအခါမှာ တစ်ချို့က သိတယ်ဆိုရင် စိတ်ပဲလို့ထင်တယ်။ ဒါကတော့ မှားပါတယ်။ သိတဲ့အခါ စိတ်လည်းသိပါတယ်၊ ဉာဏ်လည်း သိပါတယ်။ အသိမှာ စိတ်လည်းသိတယ်၊ ဉာဏ်လည်းသိတယ်။ အဲဒီလို ခွဲခြားနိုင်မှ — ဉာဏ်သိကတော့ ပိုပြီးတော့ ခိုင်လုံတာပေါ့။ (Reliable) ဖြစ်တာပေါ့၊ (Significant) ဖြစ်တာပေါ့။ သူက အားကိုးရတယ်လေ။

သူက အကြောင်းအကျိုး မြော်မြင်ဆင်ခြင်မှုနဲ့လည်း ယှဉ်တယ်။ စိတ်ဆိုတာ တစ်ခါတစ်ခါ ပရမ်းပတာပါ။ စိတ်က ထင်မိထင်ရာတွေ တအားဖြစ်တတ်ပါတယ်။

ဒီတော့ စိတ်ကို အရိယာတွေက ခေါက်ထားတာများတယ်။ ဉာဏ်နဲ့ပဲ အလုပ်လုပ်တော် မူကြတာပဲ။ ဉာဏ်ကို ထိုးထွင်းပြီးတော့ ၀င်စားပြီး လုပ်ကိုင်ဆောင်ရွက်ကြတာ။ အရိယာတွေကတော့ အရမ်းချီးကျူးစရာလည်း ကောင်းပါတယ်။

စိတ်ကို ပိုင်းခြားနိုင်တာ အရိယာပဲ။ စိတ်အသိကို ပိုင်းခြားနိုင်တယ်။ အကြောင်းမပြုဘူး၊ ဉာဏ်သိနဲ့ပဲ ထိုးထွင်း ဆင်ခြင်ပြီးတော့  နိဗ္ဗာန်ဆီ မျက်မှောက်ပြုတော် မူကြတာပါ။ အရိယာတွေက ကြည်ညိုစရာလည်း ကောင်းပါတယ်။

အရိယာတို့ရဲ့ ဓမ္မဓိဌာန်ကျတဲ့ အရိယာဉာဏ် အမြင်ဆိုတာက အင်မတန်မှကို တန်ဖိုးထား လေးစားကြည်ညို ဦးခိုက်ထိုက်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *