ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 07

Share

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၇)

အရိယာဖြစ်လျှင်ကိုယ်တိုင်သိသလား???

isဒီမေးခွန်းက မကြာခဏတော့ ပေါ်တတ်ပါတယ်။ ကျွန်တော့်အဖို့ကတော့ ရှင်းတယ်၊ ပြဿနာ မရှိဘူး။

တစ်ချို့ကတော့လည်း ကိုယ်တိုင်ဗဟုသုတ မရှိတော့ ယုန်ထင်ကြောင်ထင် ထင်တတ်တာပေါ့လေ။ ထင်တာကိုလည်း ထင်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်ချို့က တကယ်မဖြစ်ဘဲနဲ့ ဖြစ်တယ်ထင်နေကြတာလည်း ရှိတာကိုး။ ကျွန်တော်ကိုယ်တိုင် တွေ့ဖူးပါတယ်။ ကျွန်တော်ကတော့ မထောက်ခံလိုက်ပါဘူး။ သူတို့က ထောက်ခံပေးပါ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော် ငြင်းပယ်လိုက်တယ် – အရိယာမဖြစ်ဘဲနဲ့ ဖြစ်တယ်လို့ မပြောနိုင်ဘူးလို့ —

အရိယာ  ဆိုတာကတော့ အမှန်ဖြစ်ရင်တော့ ရှင်းပါတယ်။ အရိယာ မဖြစ်ခင်ကတည်းက တိဟိတ်ဖြစ်ခဲ့ရတာ၊ ပြတ်သာားပေါ့။ အရိယာဖြစ်တော့ ပိုပြတ်သားတာပေါ့။ အမှားအမှန် ပိုင်းခြားဝေဖန် နိုင်ပါတယ်။ အရိယာဆိုတာတော့ သေးတာမှမဟုတ်ဘဲ သူတို့ အရိယာဉာဏ် ရှိတာကိုး မဂ်ဉာဏ် ဖိုလ်ဉာဏ် ရှိတာကိုး။

ဒါတွေကတော့ ကိုယ်တိုင် ကျင့်ပြီးမှ သိနိုင်တဲ့ ကိစ္စတွေပါ။ မိမိအနေနဲ့က ဗဟုသုတရှိအောင်လို့ တွေ့ကြုံဖူးတာတွေကို တင်ပြခြင်း ဖြစ်ပါတယ်။ အရိယာဆိုတာ သာမညမှ မဟုတ်ဘဲ – အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရှိတယ်လေ။ အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ် အားကောင်းလေ အဆင့်မြင့်လေပါပဲ။ ဉာဏ်ပညာ ဆိုတာလည်းရှိတယ်။

ဒီသာသနာကြီးက အံသြစရာ သိပ်ကောင်းပါတယ်။ တကယ်တမ်းကျတော့ မကျင့်နိုင်ကြလို့ပါ။ ဒါလည်း ခက်ပါတယ် – ပါရမီအရပဲ နေမှာပါ။ စာရေးသူတို့ကတော့ ဆရာကောင်း သမားကောင်းကို ဖူးတွေ့ခဲ့ရတော့ တပည့်ခံခဲ့ရတော့ ဒီကိစ္စမှာ တိတိကျကျ အောင်အောင်မြင်မြင် သိခဲ့ရလို့ မှန်ရာ ကန်ရာကို သတင်းပေးဖြစ်အောင် ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *