ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ -02

DSC_0417copy12

အပိုင်း (၂)

ကျွန်တော်က ကံကောင်းတယ်လို့ ပြောလို့ရပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ရတနာမြတ်သုံးပါးကို ကျွန်တော်က ကြည်ညိုတယ်၊ ကြည်ညိုတဲ့အခါကျ ကြည်ညိုတဲ့ အကျိုးအမြတ်တွေကို တစ်ဝကြီးရတယ်။ ကျွန်တော်က တစ်ဝကြီးကိုရတဲ့သဘောပါပဲ၊ အရမ်းကံကောင်းပါတယ်။

ကျွန်တော်အခုဆိုရင် ကျန်းမာရေးကလည်း အဆိုးပါဘူး၊ အသက်ကလည်း (၇၈) နှစ်။ နောက်အစစအရာရာကလည်း ရှင်သန်ဖို့ရာအတွက် ကျွန်တော်အဆင်ပြေပါတယ်။ ငွေရေးကြေးရေးလည်း ပြည့်စုံတယ်လို့ ၀န်ခံရမှာဖြစ်ပါတယ်။ တွေကလည်း စောင့်ရှောက်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီတော့ ကျွန်တော့် ကံကတော်တော်လေး ကောင်းတယ်လို့ ပြောရမယ်ဖြစ်ပါတယ်။

ကျွန်တော်က ကံကောင်းတဲ့အကြောင်း ဖော်ပြနေတာကတော့ အမှန်ကို စာဖတ်ပရိသတ်ကိုလည်း သိစေချင်လို့ပါ။ ကျွန်တော်က ဘာကိုမဆို တရားသဘောနဲ့ ဆင်ခြင်ပြီးတဲ့နောက် နှလုံးသွင်းတဲ့အခါမှာရရှိတဲ့ အမြတ်အစွန်း အကျိုးတရားကို သိနေပါတယ်။ ဒါကြောင့် တရားကိုလည်း ကျွန်တော်သိပ်အားကိုးတာပဲ။ မြတ်စွာဘုရားနဲ့ ကျွန်တော့်ကို ပေးတဲ့ ဆရာမြတ်ကြီးကိုလည်း သိပ်အားကိုးတာပဲ။ ဒါကိုက ကျွန်တော်က ကံကောင်းနေတာပဲ။ ကျွန်တော်က သူများနဲ့မတူ တစ်မူထူးခြားပြီးတော့ ထူးထူးကဲကဲကို အားကိုးပါတယ်၊ ရတနာမြတ်သုံးပါးကို အထူး ဦးထိပ်မှာထားပါတယ်။

ကျွန်တော်ဘာလုပ်လုပ် ရတနာမြတ်သုံးပါးကို ဦးထိပ်ထားပြီးတော့မှ ၀င်စားလုပ်တာ ဖြစ်ပါတယ်။ အခုချိန်မှာ ကျွန်တော်က တက္ကသိုလ်ကျောင်းဆရာ ပင်စင်စားတစ်ဦးပါပဲ။ ဒါပေမယ့် အစစ အရာရာဟာ အဆင်ပြေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

ကျွန်တော့်မှာ ယောဂီရဲ့သားသမီး အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က (Tiger Dance Group) ဆိုပြီးတော့ ပုဂံဟိုတယ်တစ်ခုမှာ ကပြတယ်။ အဲဒီရဲ့ ၀င်ငွေကိုလည်း ကျွန်တော်က တော်တော်လေးကို ရပါတယ်။ ကျွန်တော်တစ်ယောက်တည်းကိုက တစ်ဝက်ကျော်ကျော် ရပါတယ်။ ဒါကတော့ ထူးခြားတဲ့သဘောပါပဲ။ ဒီတော့ ငွေးရေးကြေးရေးက ပူပင်စရာ မရှိကြောင်း သတင်းကောင်း ပါးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Frontpage and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *