Author Archives: chitnge

ဒါတွေလေ့လာသိရှိခဲ့ရတယ် —

ဒါတွေလေ့လာသိရှိခဲ့ရတယ် — လေ့လာသိရှိ တွေ့သိခဲ့ရသလောက်တော့ အနော်ရထာ လက်ထက်က ဘုရားတွေ တအားတည်တာပဲ။ ဘုရားတည်ပုံရတယ်။ အနော်ရထာ တည်တဲ့ဘုရား မရှိတဲ့ဒေသကတော့ တော်တော့်ကို ရှားတာကို တွေ့ရတယ်။ ဘုရားတည် တော်တော်ဝါသနာပါတဲ့ ပုဂ္ဂိုလ်ကြီးပဲ။ ဘုရင့်နောင် လက်ထက်မှာ အတော်ပြတ်သား ပိုင်းခြားတာပဲ။ အကုန်လုံး ဖြတ်တောက်ပစ်တဲ့ သဘောပဲ။ ဖြတ်တောက်ခြင်းကတော့ စံနမူနာ တင်လောက်အောင် သမိုင်းဝင်ပါပဲ။ အလောင်းဘုရား လက်ထက်မှာတော့ စစ်တိုက်တော်တော် ၀ါသနာပါပုံရတယ်။ စစ်ရေးတွေပဲ တိုက်နေတာပဲ။ တိုက်ရေးခိုက်ရေးကို တော်တော့်ကို ၀ါသနာပါပုံရတယ်။ ဇွတ်နှစ်ပြီးတော့ တိုက်တဲ့သဘောပဲ။ … Continue reading

Posted in Buddhism | Tagged | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၉)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၉) မေး။   ။ဆရာကြီး ကျွန်တော်လာပြီ ဖြေ။   ။အေး ကောင်းတယ်။ မေး။   ။ကျွန်တော်တော့ တရားတော်ရဲ့ ဂုဏ်ကျေးဇူးကြောင့် ထင်တယ်ဆရာကြီးရယ် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ စိတ်လက်ပေါ့ပါးပြီးတော့ ပျော်နေတယ်။ ဆရာကြီး ဒါ တရားတော်ရဲ့ ဂုဏ်ကျေးဇူးပေါ့နော်။ ဖြေ။   ။တရားတော်ရဲ့ ဂုဏ်ကျေးဇူးကတော့ Tags: ၀ိပဿနာ, Buddhism, Myanmar Posts

Posted in Buddhism | Tagged , , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၈)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၈) မေး။   ။ဆရာကြီး ကျွန်တော်လာပြီ။ ဖြေ။   ။အေး လာ။ မေး။   ။ ကျွန်တော် အရင်က ပေါ်တဲ့စိတ်ကို ကြောက်ကြောက်နေတာ ဆရာကြီးရယ်၊ ပြီးခဲ့တဲ့ အခေါက်က ဒါတွေက ပျက်ဆို့ဖြစ်လာတာဆိုတော့ ကျွန်တော် တော်တော်ခံသာ သွားတယ်။ ဖြေ။   ။ပေါ်တဲ့စိတ်က ကြောက်စရာ မလိုပါဘူး။ သူက (Natural Given) ခေါ်တယ်။ ပေါ်တာတော့ ပေါ်မှာပဲ။ သူ့ကို ဟန့်တားလို့ မရဘူး။ ကိုယ်က ရှုလိုက်ဖြစ်ဖို့ အရေးကြီးတယ် – ဒါ … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၇)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၇) ပျက်ဖို့ဖြစ်လာတာ မေး။   ။ဆရာကြီးခင်ဗျာ ကျွန်တော်ရောက်လာပါပြီ။ ဖြေ။   ။ကောင်းသော ရောက်ခြင်းပါပဲ။ မေး။   ။ဆရာကြီးကို သတိရတဲ့အခါ ကျွန်တော်က ဖြစ်ပျက် ရှုပါတယ်။ ဖြေ။   ။ဖြစ်ပျက် ရှုတာတော့ အမှန်အကန်ပဲလေ၊ အကျိုးလည်း ရှိတာပဲ။ ဖြစ်တာတွေက ပျက်ဖို့ပဲ — မေး။   ။ခင်ဗျာ ဆရာကြီး။ ဖြေ။   ။အော် ဖြစ်တာတွေက ပျက်ဖို့ပဲ။ ပျက်ဖို့ ဖြစ်လာတာ – No tags for this post.

Posted in Buddhism | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၆)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၆) မေး    ။ဆရာကြီးမင်္ဂလာပါ။ ဖြေ    ။မင်္ဂလာပါ။ မေး    ။ဆရာကြီး ကျွန်တော် တရားအားထုတ်လို့ကောင်းတယ်။ ဖြေ    ။ကောင်းပါတယ်။ မေး    ။တစ်ချို့လောကဓံတွေလည်း ပြေသွားပါပြီ။ ဖြေ    ။ကောင်းပါတယ်။ မေး    ။ဒါပေမယ့် ကျွန်တော့်ကို မေးကြတယ် ဆရာကြီးရယ် ကျွန်တော်က ၀ိပဿနာကျင့်တာ ဉာဏ်နဲ့ရှုတယ်ဆိုတော့ ဉာဏ်ဆိုတာ ဘယ်လိုဟာမျိုးလည်းလို့ မေးတယ်။ ဖြေ    ။ဉာဏ်ဆိုတာ စိတ်ကိုအောင်နိုင်ခဲ့တဲ့ ဒြပ်မဲ့အသိပညာပေါ့။ မေး    ။အော် – စိတ်ကိုအောင်နိုင်ခဲ့တဲ့ ဒြပ်မဲ့အသိပညာ – Tags: ၀ိပဿနာ, … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၅)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၅) မေး ။ဆရာကြီး မင်္ဂလာပါ ကျွန်တော်လာပြီ။ ဖြေ ။အေးလာ။ မေး ။ဆရာကြီး ကျွန်တော် အစစအရာရာ ပြေလည်သွားပြီ။ ဖြေ ။ကောင်းတာပေါ့။ မေး ။ဆရာကြီးရယ် တစ်ချိန်ကျတော့လည်း ပြေလည်တာပဲ။ ဖြေ ။အေးပေါ့ – အတည်အမြဲတော့လည်း ဘယ်ဟုတ်ပါ့မလဲ။ မေး ။ဆရာကြီး ကျွန်တော်တရားရှုတာ တရားက တော်တော်လေးကို အဆင်ပြေနေတယ်။ ဖြေ ။ကောင်းတာပေါ့ တရားက အကောင်းဆုံးပဲ။ မေး ။အကောင်းဆုံးပဲနော် ဆရာကြီး၊ ဒါပေမယ့် တစ်ချို့က ကောင်းတယ်ဆိုတာကို … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၄)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၄) မေး ။ မင်္ဂလာပါ ဆရာကြီး။ ဖြေ ။ မင်္ဂလာပါ။ မေး ။ ကျွန်တော့် လောကဓံက အရှိန်သေသွားပြီ။ ဖြေ ။ အေး အရှိန်သေသွားလည်း ကောင်းတယ်၊ ပြီးတယ်။ လောကဓံဆိုတာ အရှိန်တက်လာလိုက်၊ အရှိန်သေသွားလိုက် ဒီလိုပါပဲ။ ဒီအပေါ်မှာ မမှီခိုနဲ့။ မေး ။ ဟုတ်ကဲ့ ဆရာကြီး ကျွန်တော် မမှီခိုဘူး၊ ဥပက္ခာပြုပါမယ်။ ကျွန်တော် ကြိုးစားပါတယ် ဆရာကြီး။ ကြိုးစားတဲ့အခါ ကျွန်တော့်ဉာဏ်ဟာ ခန္ဓာထဲ စူးဝင်သွားသလိုပဲ။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ပဋိပတ္တိသာသနာမှာ

ပဋိပတ္တိသာသနာမှာ စာရေးသူ ပဋိပတ္တိသာသနာပြုစဉ်က ရဟန်းသံဃာများ၊ သီလရှင်များနှင့် ယောဂီများ တော်တော်ရခဲ့ပါတယ်။ ဒါ စာရေးသူရဲ့ ကုသိုလ်ပဲ ဖြစ်ပါတယ်။ ပဋိပတ္တိသာသနာမှာ တစ်ခေတ်ဆန်း သကဲ့သို့ပဲ ဖြစ်ခဲ့ပါတယ်။ စာရေးသူလည်း ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသလို – ဆရာကောင်း သမားကောင်းရဲ့ အဆိုအဆုံးအမတည်ပြီး – Tags: Buddhism, Myanmar Posts

Posted in Buddhism | Tagged , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၃)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၃) မေး ။ ဆရာကြီး မင်္ဂလာပါ။ ဖြေ ။ မင်္ဂလာပါ။ မေး ။ ကျွန်တော် လောကဓံတွေ တွေ့နေလို့ ဆရာကြီးရယ် နည်းနည်းကြန့်ကြာ သွားတယ်။ ဖြေ ။ ရုပ်နာမ်ရှိရင် လောကဓံ ရှိမှာပေါ့။ မေး ။ ဆရာကြီး ကျွန်တော် တရားအားထုတ် နေရဲ့သားနဲ့ကို လောကဓံရှိတယ်။ ဖြေ။ ဟာ တရားအားထုတ်တာက တရားရဖို့ပဲလေ။ ရုပ်နာမ်ရှိတာကတော့ လောကဓံကို ဖြစ်စေမှာပဲ။ တရားရှိတော့ ခံသာတာပေါ့။ ရုပ်နာမ်ရှိနေသမျှ လောကဓံရှိမယ်လို့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ယုံကြည်မှု

ယုံကြည်မှု ယုံကြည်မှုဆိုတာ ရာနှုန်းအနည်းအများတော့ ရှိတာပါပဲ။ တိုင်းတာတဲ့ ပေတံကတော့ ကိုယ်ယုံကြည်တဲ့ဟာ လုပ်ဖို့နဲ့၊ ကျန်တဲ့ ကိုယ်လုပ်ချင်တာကို လုပ်ဖို့ ယှဉ်လာရင် ကိုယ်ယုံကြည်တဲ့ဘက်ကို လိုက်ရင် – ဒါ ယုံကြည်တာပေါ့။ ယုံကြည်ပေမယ့် ဖြစ်ချင်တာဘက်ကို လိုက်သွားတော့လည်း ယုံကြည်မှု အားနည်းတာပေါ့။ ယုံကြည်ခြင်းကတော့ လျော့နည်းတိုးဆုတ် ရှိကြမှာပါ။ ကျွန်တော် တရားလိုက်တယ်၊ ဆရာကောင်းကို ဖူးတွေ့ရတယ်၊ နည်းနိသျှတွေ Tags: Buddhism, Myanmar Posts

Posted in Buddhism | Tagged , | Leave a comment

အကျင့်ဖြင့်ပူဇော်ခြင်း(၃)

အကျင့်ဖြင့်ပူဇော်ခြင်း(၃) ဖွားစန်းက စီမံကိန်း အောင်မြင်သွားတဲ့သဘောပါပဲ။ လွန်ခဲ့တဲ့ (၃) (၄) (၅) နှစ် ကတည်းက တရားကို အကြိတ်အနယ် ရှုနေတာ၊ တရားမှ တရားပဲ။ စားတာသောက်တာလေး အချိန်ပေးပြီး တရားမှ တရားပဲလုပ်တာ။ တစ်ချိန်ကျတော့ သူတော်တော် ရှုနိုင်သွားပြီး အောင်မြင်သွားပုံရတယ်၊ အောင်မြင်လည်း အောင်မြင်ရော သူက ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး။ အကြောင်းကို မပြုတော့ဘူး၊ ထည့်လည်း မတွက်တော့ဘူး၊ စဉ်းလည်း မစဉ်းစားတော့ဘူး၊ ဝေလည်း မဝေဖန်ဘူး။ ဘာကောက်ချက်မှလည်း မပေးဘူး။ သူ့ခန္ဓာကို စောင့်ရှောက်ရင်းနဲ့ပဲ။ … Continue reading

Posted in Buddhism | Tagged , | Leave a comment

အကျင့်ဖြင့်ပူဇော်ခြင်း(၂)

အကျင့်ဖြင့်ပူဇော်ခြင်း(၂) စာရေးသူတို့အဖွဲ့ အခုတစ်လောတော့ ဖွားစန်းအကြောင်းကိုပဲ ပြောပြနေဖြစ်တယ်။ ဖွားစန်း အောင်မြင်တယ်ဆိုတော့ အဖွဲ့က ၀ိုင်းပြီးသာဓုခေါ်ကြတာပေါ့။ ဒါပေမယ့် အပြင် ပရိသတ်အတွက်ပါ အနည်းငယ် ပြောပြနိုင်ပါတယ်။ ဖွားစန်း အောင်မြင်တယ် ဆိုတာက ဒီခေတ်မှာ ပဋိပတ္တိအောင်မြင်တဲ့ ပုဂ္ဂိုလ်ကရှားတယ် ဒါကြောင့် တစ်ချို့ နားလည်နိုင်ဖို့ မလွယ်ဘူး။ နားလည်နိုင်အောင် ရှင်းပြရမယ်ဆိုရင် – (၁) ပဋိပတ္တိကို မလုပ်ကြဘူး၊ လုပ်ကိုမလုပ်ကြဘူး၊ မကျင့်ဘူး (၂) ကျင့်တယ် ဇွဲမရှိဘူး၊ စနစ်မရှိဘူး၊ ဆရာကောင်း မရှိဘူး။ ဒီအခါမှာ မရကြဘူးပေါ့။ … Continue reading

Posted in Buddhism | Tagged , | Leave a comment

အကျင့်ဖြင့်ပူဇော်ခြင်း

အကျင့်ဖြင့်ပူဇော်ခြင်း မမျိုးက ဖွားစန်း အကြောင်းရေးတော့ ကျွန်တော်ကလည်း အမြွက်မျှ ရေးချင်လာပါတယ်။ ဖွားစန်းဟာ တော်တော် တော်တဲ့ ပုဂ္ဂိုလ်ပါ။ ခန္ဓာမစွန့်ခင် (၃) (၄) နှစ် ကတည်းက တရားမှ တရား ဆိုပြီးတော့ အားထုတ်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါ တော်တော် ထူးခြားတဲ့ အချက်အလက်ပါ။ (၃) (၄) နှစ် တော်တော် ပြင်ဆင်တဲ့အခါကျတော့ ခန္ဓာစွန့်ကာနီးကျ သူ့မှာ အကြွေးမရှိတော့တဲ့ သဘောပါပဲ။ သူ့မှာ ရှင်းနေတာပေါ့။ ဒီတော့ ဘာမှ မလိုဘူးပေါ့ – … Continue reading

Posted in Buddhism | Tagged , | Leave a comment

သစ္စာရှင်

သစ္စာရှင် ကျွန်တော်က “တရားအားထုတ်ခြင်းနဲ့    သာသနာ့ကိစ္စ၀ိစ္စ ဆောင်ရွက်ခြင်းမှာ (၇၅) ရာခိုင်နှုန်းပဲ ဒီထက် မပိုဘူး” လို့ပြောတော့ ပိုတဲ့ဟာကတော့ ရှိပါတယ်။ အဲဒါဘာလည်း ဆိုတော့ မေတ္တာ ဘာဝနာပါ။ ကျွန်တော် မန္တလေးရှိတဲ့ သင်္ချိုင်းကုန်းတွေ အကုန်လုံးမှာ မေတ္တာပို့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အသျှင်နန္ဒ၀ံသ ဘ၀ပါ။ ထူးခြားတာက Tags: ၀ိပဿနာ, Buddhism, Myanmar Posts

Posted in Buddhism | Tagged , , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၂)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၂) မေး ။ ဆရာကြီး မင်္ဂလာပါ။ ဖြေ ။ မင်္ဂလာပါ။ မေး ။ ဆရာကြီး အခု ကျွန်တော် တရားထိုင်တာ တော်တော်ကြာကြာ ထိုင်နိုင်လာတယ် ဆရာကြီး။ ကျွန်တော့ကို ကျွန်တော် ကျေနပ်နေတယ်။ ဖြေ ။ ကောင်းပါတယ်။ မေး ။ ဒါနဲ့ ဆရာကြီး ကျွန်တော် တစ်ခုမေးပါရစေ တရားထိုင်တာ ဘယ်လောက်ကြာကြာ ထိုင်ရမှာလဲ၊ ဘယ်နှစ်နာရီ ထိုင်ရမှာလဲ ဆိုတဲ့သဘောပေါ့ ဆရာကြီးရယ် တစ်နာရီလား၊ နှစ်နာရီလား။ ဖြေ … Continue reading

Posted in Buddhism | Tagged , , | Leave a comment