ပဋိစ္စသမုပ္ပာဒ်တရားနှင့် ဗိုလ်ချုပ်အောင်ဆန်း

ပဋိစ္စသမုပ္ပာဒ်တရားနှင့် ဗိုလ်ချုပ်အောင်ဆန်း။               ။ပဋိစ္စသမုပ္ပါဒ်တရား ဆိုသည်မှာ အကြောင်းအကျိုး တရားပင်ဖြစ်သည်။ အကြောင်းခံလျှင် အကျိုးရသည်၊ ဗုဒ္ဓဘာသာ၏ 
သစ္စာလေးပါးသည်လည်း အကြောင်းအကျိုးပင် ဖြစ်သည်။ သမုဒယ အကြောင်းခံလျှင် ဒုက္ခ အကျိုးပေးသည်။ မဂ္ဂအကြောင်းခံလျှင် နိရောဓ အကျိုးပေးသည်၊ အကြောင်းအကျိုး ဝါဒပင် ဖြစ်သည်။

အကြောင်းအကျိုးဝါဒကို ယေဘုယျအားဖြင့် ကြည့်လျှင် အကြောင်းခံသောအခါ အကျိုးဖြစ်ရသည် ဖြစ်၍ အကြောင်းကို သတ်လျှင် အကျိုးချုပ်ဆုံးသွားရသည်။ ဤကား Continue reading

No tags for this post.

ဖအေတူသမီးဟုရည်ညွှန်းလိုသည် .. ..

ဖအေတူသမီးဟုရည်ညွှန်းလိုသည် .. ..

 

စာရေးသူသည် ဗိုလ်ချုပ်အောင်ဆန်းအား လွန်စွာလေးစားသည် ဤသို့လေးစားရခြင်းမှာ အကြောင်းရှိသည်။ အဘယ်အကြောင်းကြောင့်ဆိုသော် ဗိုလ်ချုပ်အောင်ဆန်းသည် အကြောင်းအကျိုးဆိုင်ရာအမြင် နက်ရှိုင်း ရှင်သန်သောကြောင့် ဖြစ်သည်။ အကြောင်းအကျိုး အမြင်သည် မှန်ကန်သော အမြင်ပင်ဖြစ်၍ ဗုဒ္ဓဘာသာကလည်း လက်ခံသည်၊ သိပ္ပံပညာရှင်များကလည်း လက်ခံသည်၊ ဒဿနပညာရှင်များကလည်း လက်ခံသည်။

ဗုဒ္ဓဘာသာ၌ အကြောင်းအကျိုး ဝါဒသည် ဗုဒ္ဓဝါဒပင်ဖြစ်ကြောင်း အစဉ်အလာ အဆုံးအမ ရှိသည်။ “ယေဓမ္မာ ဟေတုပ္ပဘဝါ” ဟူသော စကားက အထောက်အထား ဖော်ပြလျှက်ရှိသည်။ Off things that proceeds from a cause. Their causes Tahtagata has told And also their cessation Thus preached the great Ascetic” ဟူ၍ အနောက်တိုင်းသားများ ဂုဏ်ယူစွာ သင်ယူကြသည်။ ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်သည် အကြောင်းအကျိုးဝါဒ Continue reading

No tags for this post.

ဗိုလ်ချုပ်အောင်ဆန်း ဘာ့ကြောင့် အာဇာနည် ဖြစ်ရသနည်း?

ဗိုလ်ချုပ်အောင်ဆန်း ဘာ့ကြောင့် အာဇာနည် ဖြစ်ရသနည်း?

ဗိုလ်ချုပ်အောင်ဆန်းသည် အာဇာနည် ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် အတ္တကိုယ်ကျိုးကို မငဲ့ကွက်ဘဲ အများအကျိုးကို စွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။  ထို့ထက်ပို၍ အတ္တကိုယ်ကျိုးကို မငဲ့ကာ အများအကျိုးအတွက် စွမ်းဆောင်ရပါသည်။ ထိုသို့ စွမ်းဆောင်ရသဖြင့် မိမိဘဝမှာ နစ်နာသွားပါပြီ။ နစ်နာသဖြင့် မိမိအား ဝိုင်း၍ ကယ်ကြပါဦး စသောသဘော တောင်းခံခြင်းမျိုး လုံးဝမပြုမူ၍ တိုင်းပြည် လူမျိုး ဘာသာ သာသနာ အကျိုးကို စွမ်းဆောင်ခြင်း သက်သက်သာလျှင် ဆောင်ရွက်ခဲ့သည်။

ထိုအခါ အင်္ဂလိပ်ဘာသာဖြင့် Intrinsic Value ကို တန်ဖိုးထားရာကျသည်။ တစ်နည်းအားဖြင့် အနှစ်သာရကို တန်ဖိုးထားရာကျသည်။ တိုင်းပြည်နှင့် လူမျိုး တိုးတက်ရန်သာ ကြံဆောင်ကြသည်။ Instrumental Value ကို မရည်ညွန်းချေ။ Continue reading

No tags for this post.

မြတ်စွာဘုရား၏ဝါဒသည်အကြောင်းအကျိုးဝါဒ

မြတ်စွာဘုရား၏ဝါဒသည်အကြောင်းအကျိုးဝါဒ

မြတ်စွာဘုရား၏ဝါဒသည် အကြောင်းအကျိုးဝါဒဖြစ်သည် .. .. “ယေဓမ္မာ ဟေတုပ္ပဘဝါ” ဟူသော စကားသည် ထင်ရှားကျော်ကြားသည်။ အဓိပ္ပာယ်မှာ – အကြင်ဖြစ်ရပ်၌ အကြောင်းရှိသည် – ဟူသော သဘောပင် ဖြစ်သည်။ မြတ်စွာဘုရား၏ ဝါဒကို အကြောင်းအကျိုးဝါဒဟု သရုပ်ဖေါ်ရသည်။ အကြောင်းခံလျှင် အကျိုးဖြစ်မည်။  ကောင်းကြောင်း ခံလျှင် ကောင်းကျိုးဖြစ်မည်။ ဆိုးကြောင်းခံလျှင် ဆိုးကျိုးဖြစ်မည်။ သို့သော် ချိန်ဆရသော အခြေအနေများနှင့် ကြုံရတတ်သည်။ ကောင်းကြောင်း ခံပြီးပြီးချင်း  ကောင်းကျိုးဖြစ်ရမည်ဟူ၍တော့ တသမတ်တည်း မျှော်လင့်၍တော့ မရချေ။ အချိန်အခါ အခွင့်အရေး ကြုံကြိုက်တိုက်ဆိုင်မှု စောင့်ရသည်ဟု ခံယူနားလည် ထားရလေသည်။ သို့သော် ယေဘုယျအားဖြင့် Continue reading

No tags for this post.

အဘယ့်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ရသနည်း ???

အဘယ့်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ရသနည်း ???

 

  • ဗိုလ်ချုပ်အောင်ဆန်းသည် အတ္တဒိဋ္ဌိ နည်းသောကြောင့်၊ အကြောင်းအကျိုးပညာ ရှိသောကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ရသည် .. ..
  • ငါသူ ပုဂ္ဂလိက အတ္တမယူ အကြောင်းအကျိုးအမြင်ကို အခြေခံယူသောကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ရသည် .. ..
  • တိုင်းသူ ပြည်သားများအား အမှန်တကယ် စေတနာရှိသောကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ရသည် .. ..
  • ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းသူပြည်သားများအား တိုးတက်ကြီးပွား ချမ်းသာကြွယ်ဝစေရန် အမှန်တကယ် လက်တွေ့လမ်းညွှန် တိုက်တွန်းနိုင်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ရသည် .. ..

 

ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအကျိုး အမြင်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနှင့်ပင် အလွန်ပင် နက်ရှိုင်းကြောင်း သိမြင်ရသည် .. ..

ကြောင်းကျိုးပညာကို မြင်တတ်သော ဗိုလ်ချုပ်အောင်ဆန်းသည် အတ္တလျှော့နည်းသည်မှာ သေချာသည်။ ထို့ကြောင့်လည်း အများအကျိုးကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံပညာ၌ ကြောင်းကျိုးပညာကို သဘောတရားရေးရာ ဆိုင်ရာ  ဤသို့ အနက်ဖွင့်လေ့ ရှိသည် – သဘာဝတရားရင်ပြင်တွင် တစ်စုံတစ်ရာသည် ပြောင်းလဲစေသည် ဖြစ်အံ့၊ ပြောင်းလဲစေနိုင်စွမ်းသော အရာသည် Continue reading

No tags for this post.

For youths who take interest in Higher Knowledge

For youths who take interest in Higher Knowledge

Most of the advanced young students, they study and appreciate scientific knowledge, scientific method or Science. I agree with them and even I had studied about scientific knowledge. Scientific knowledge means to express such as systematization, Generalization, Universality, Predictability, Causality, Objectivity and Verifiability.

Most of the learned people appreciate these qualifications. However, when I studied science closely and deeply I found that scientists first of all had no aim or no goal. I can explain and give explanation with reference from their writings.  E.g. Max Born Continue reading

Tags: , , ,

ဗုဒ္ဓဘာသာ၏ မှန်ရာကန်ရာ အကျိုးရှိရာ

ဗုဒ္ဓဘာသာ၏ မှန်ရာကန်ရာ အကျိုးရှိရာ

 

ဗုဒ္ဓဘာသာသည် အမှန်အကန်ကို ဖော်ဆောင်သည်၊ ထို့ကြောင့် လက်တွေ့မပါသော ညာလှိုင်းမှုများကို လက်မခံပါ။ ဗုဒ္ဓဘာသာသည် ဟုတ်ရာမှန်ရာ အကျိုးရှိရာကို ဖော်ဆောင်သော ဘာသာဖြစ်သည်။ ထို့ကြောင့် သစ္စာဘာသာ ဖြစ်သည်။ သစ္စာဘာသာ၌ ဟုတ်ရာမှန်ရာ အကျိုးရှိရာကို ဖော်ဆောင်ရသည်။ မမှန်မကန် ညာလှိုင်း ဖြီးဖြန်းခြင်း၊ ညစ်လုံးထ ညာသံပေးခြင်းများကို ဗုဒ္ဓဘာသာက လက်မခံချေ .. .. အမှန်ကို အမှန်အတိုင်း ရိုးသားစွာ ဖွင့်ဆိုတင်ပြရန်သာရှိသည်။

ဗုဒ္ဓဘာသာသည် သစ္စာ၊ မေတ္တာ၊ ဘာဝနာကို အခြေခံသည် ဖြစ်ရာ မတူသော ဘာသာများအား မတူဟုသာ ဖွင့်ဆိုသည်။ မေတ္တာပျက်ရန် ရန်လုပ်ရန် မဟုတ်ဟူသည်။ သို့သော် မတူသော ဘာသာများအား မတူပါဟု ပြောခြင်းသည် ရိုးသားစွာ မှန်ကန်စွာ ပြောခြင်းဖြစ်သည်။ ကျန်သော ဘာသာများကလည်း Continue reading

Tags: ,