ပန်းတိုင်အမျိုးမျိုး အောင်မြင်ခြင်းအမျိုးမျိုး

Share

(၇)

ပန်းတိုင်အမျိုးမျိုး အောင်မြင်ခြင်းအမျိုးမျိုး

bism sciလူ့လောကမှာ ပန်းတိုင်အမျိုးမျိုးရှိပါတယ်၊ အောင်မြင်ခြင်း အမျိုးမျိုးလည်း ရှိပါတယ်။ ပန်းတိုင်ရောက်သူများလည်း ရောက်ပါတယ်၊ အောင်မြင်ခြင်း ရရှိသူများလည်း ရရှိပါတယ်။ ဒါပေမယ့် မတူကြဘူးပေါ့။

ပန်းတိုင်နဲ့ ပတ်သက်လို့ကတော့ သိပ္ပံပညာရှင်တွေက စိတ်ကူးလွဲတာတွေရှိတယ်။

ဥပမာ-နာမည်ကြီး သိပ္ပံပညာရှင်တွေက ပန်းတိုင်ဆိုတာကို လန့်နေကြတယ်။ ဒါကတော့ အိုင်းစတိုင်ရဲ့ လွှမ်းမိုးမှုလည်း ရှိလို့နဲ့ တူပါတယ်။ အိုင်းစတိုင်ကတော့ ဘယ်သီအိုရီမှ မပြည့်စုံဘူးလို့ ပြောခဲ့ဖူးတာကိုး။ ဒီတော့ တခြား သိပ္ပံပညာရှင်တွေကလည်း ပန်းတိုင်ဆိုပေမယ့် ပန်းတိုင်ရောက်ရင် ပျင်းနေလိမ့်မယ်လို့ အောက်မေ့ကြတယ်။ အဲဒါကတော့ သူတို့မှားတာပဲ။ ပန်းတိုင်ရောက်လို့ ပျင်းတယ်ဆိုတာ ပျင်းအပ်တဲ့ ပန်းတိုင်ရှိတယ်လေ၊ မပျင်းအပ်တဲ့ ပန်းတိုင်ရှိတယ်။

ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်က နိဗ္ဗာန်ဆိုတော့ နိဗ္ဗာန်ကိုစံရတဲ့အခါ မပျင်းဘူး။

ဘယ်ရဟန္တာကမှလည်း ပျင်းတယ်လို့ မမိန့်ဘူး။ မပျင်းပါဘူး ဒါကတော့ နိဗ္ဗာန်ဆိုတာ ချမ်းသာအစစ်ပဲလေ လွတ်မြောက်ခြင်း အစစ်ပဲ။ ဆင်းရဲခြင်းက ကင်းတာ အစစ်ပဲ။ ဆင်းရဲခြင်းတွေ ချုပ်ငြိမ်းတာ အစစ်ပဲ။ တဏှာကျွန်ဘ၀မှ လွတ်မြောက်တာ အစစ်ပဲလေ။ ဒီတော့ ဗုဒ္ဓဘာသာကတော့ ပန်းတိုင်ရောက်ရင် လွတ်မြောက်တယ်၊ ချမ်းသာတယ်။ နိဗ္ဗာနံ ပရမံ သုခံလို့ အဆို ရှိတာပဲ။ သမုဒ္ဒရာရေဟာ ငန်တဲ့အရသာ ရှိသလို နိဗ္ဗာန်မှာ လွတ်မြောက်ခြင်းအရသာရှိတယ်လို့ ဓမ္မဒိန္ဒာက ဟောဖူးပါတယ်။

ဒီတော့ ဗုဒ္ဓဘာသာအရကတော့ ပန်းတိုင်ရောက်ရင် လွတ်မြောက်တာပဲ၊ အောင်မြင်တာပဲ။ သိပ္ပံဘာသာအနေနဲ့ ကတော့ ပန်းတိုင်ရောက်ရင် ပျင်းသွားမယ်၊ လူကရှုံ့တွသွားမယ်၊ ဘာမှမလုပ်ဘဲနဲ့ ငြိမ်နေရမယ်လို့ အဲဒီလို သူတို့က စိတ်ကူးယဉ်ကြတယ်။ ဒီတော့ သိပ္ပံပညာရှင်တွေက ချီးကျူးစရာကောင်းတဲ့ အရည်အချင်းတွေ အများကြီးရှိပေမယ့် ပန်းတိုင်နဲ့ ပတ်သက်လို့တော့ သူတို့က မှားနေတယ်။ သူတို့လည်း မရောက်ဖူးဘူး၊ ဒါသူတို့လည်း ၀န်ခံပါတယ်။ သူတို့ဟာ ပန်းတိုင် မရောက်ဘူး။

တစ်ချို့ကတော့ ရောက်တောင် မရောက်ချင်ဘူးလို့တောင် ပြောကြတယ်။ ပန်းတိုင်ရောက်ရင် ရှုံ့တွပြီးတော့ ပျင်းပြီးသေမှာ စိုးလို့တဲ့။ သူတို့က အလုပ်လုပ်ချင်တယ်တဲ့။ ဒါတော့ တော်တော်ခက်တာပဲ သိပ္ပံပညာရှင်တွေ ဒီကိစ္စတော့ မှားသွားပြီ။ သူတို့ အခုထက်ထိလည်း မှားနေဦးမယ်နဲ့ တူပါရဲ့။

ပန်းတိုင်ရောက်ရင် ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ရောက်ရင် ချမ်းသာသွားတာ သူတို့က အဲဒါကို ဘယ်လိုမှ နားမလည် ဘူး။ ခက်တယ် ဒီက လောကုတ္တရာချမ်းသာကိုး သူတို့ကလည်း လောကီလောက်ပဲ သိတာကိုး ဒီတော့လည်း ကျဉ်းတယ်လို့ တိမ်တယ်လို့ ကောက်ချက်ချရမလို ဖြစ်ကြောင်း သတင်းကောင်းပေလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *