ခိုင်ခိုင်မာမာအောင်မြင်မှု

Share

(၆)

ခိုင်ခိုင်မာမာအောင်မြင်မှု

Bism2ဒီလောကမှာ ခိုင်ခိုင်မာမာ အောင်မြင်မှုဆိုတာကတော့ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ရှားတယ်လို့ ပြောရမှာပေါ့။ တော်တော် များများကလည်း အောင်မြင်မှုကို အမြန်ဆုံးရယူပြီးတဲ့နောက် မစောင့်နိုင်ကြတာလည်း ရှိမှာပေါ့။

လူ့လောက လောကဓံကများတော့ အောင်မြင်ခြင်းကို တစ်ခါတစ်ခါ အမြီးကျက်ရင် အမြီးစား၊ ခေါင်းကျက်ရင် ခေါင်စားဆိုသလို အောင်မြင်တာလေးတွေ ကောက်စားရတာလည်း ရှိမှာပါပဲ။ ဒါကတော့ (၃၁)ဘုံ သံသရာ့ ခရီးသွားတွေ လောကဓံအမျိုးမျိုးကို တွေ့ကြုံတတ်ကြရတာပေါ့။

တကယ်တမ်းတော့လည်း စိတ်ရှည်လက်ရှည် အောင်မြင်မှုကို အကြောင်းခံတရား ပြုလုပ်ဖို့တော့ လိုအပ်တယ်။ အဲဒါကတော့ ခိုင်မာသော အောင်မြင်ခြင်းအတွက် အထောက်အပံ့ဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ခိုင်မာတဲ့အောင်မြင်ခြင်းကို ရဖို့ဟာတော့ မလွယ်ဘူး။ ဒါပေမယ်လို့ ဆယ်ရေးတရေး ကိုရေးတရာတော့ အောင်မြင် နေကြမှာပါပဲ။ အောင်မြင်ခြင်း ဆိုတာလည်း အဖြေတစ်ခုပဲလေ။ ကျရှုံးခြင်းဆိုတာလည်း အဖြေတစ်ခုပဲဆိုတော့ အဖြေတွေ အများကြီးထဲက အောင်မြင်ခြင်း အဖြေကတော့ ရတဲ့အခါ ရပါတယ်။ ဒါပေမယ့် မခိုင်မာ မခိုင်လုံတဲ့ သဘောသာ ရှိချင် ရှိမယ်။

ဒီတော့လည်း ခိုင်မာတဲ့ အောင်မြင်ခြင်းကို တည်ဆောက်ရင်းနဲ့ တစ်ခါတစ်ခါမှာ မမျှော်လင့်တဲ့ တိုက်ဆိုင်လို့ အောင်မြင်ခြင်း လေးတွေလည်း ရယူဖို့တော့ လိုအပ်တာပေါ့လေ။ ဒါဟာ လူ့ဘ၀ရဲ့ ပြယုဒ် အဓိပ္ပါယ်ပါပဲ။ လူ့လောကမှာတော့ စိတ်ကူးယဉ်လို့တော့ မရဘူး။ အမျိုးမျိုးသော သဘာဝဘေးရန် အန္တာရယ်တွေနဲ့ ကြုံကြိုက် နိုင်တယ်ဆိုတော့ မျှော်လင့်မထားတဲ့ အခက်အခဲကလည်း ဖြစ်တတ်တယ်။ ဒီတော့ အောင်မြင်မှုအတွက် အကြောင်းခံတရား ပြုလုပ်တာဟာ အကောင်းဆုံးပါပဲ။

စာဖတ်သူများလည်း အကြောင်းခံတရား လုပ်နေတော့ ၀မ်းသာတယ်။ အနိစ္စသာရှုပါ ဒါဟာ အားလုံးအတွက် အဆင်ပြေပါတယ်။ ဒါဟာ လိုရင်းပါပဲ။ ဒါ ကိုယ်ကိုယ်ကို ချစ်တဲ့အချိန်ပဲလို့ သတ်မှတ်နိုင်တယ်။ ကိုယ့်ကိုယ်ကို ချစ်တဲ့အချိန်ဟာ ရှုတဲ့ အချိန်ပါပဲ။ ဘာလို့တုန်းဆိုတော့ ဒါကမှ နောက်ဆုံးကြ တကယ်ကောင်းစားပြီးတော့ တကယ် ခိုင်မာတဲ့ အောင်မြင်ခြင်းအတွက် ကြီးစွာ အထောက်အပံ့ဖြစ်ကြောင်း အားပေးစကား ပြောကြားလိုပါ တယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *