နိဗ္ဗာန်သို့ချဉ်းကပ်ကြစို့

နိဗ္ဗာန်သို့ချဉ်းကပ်ကြစို့

Morning Lotus Flower Wallpaper 24နိဗ္ဗာန်သို့ ချဉ်းကပ်ကြစို့ဆိုတဲ့ အဓိပ္ပာယ်ကတော့ နိဗ္ဗာန်အကြောင်း တစ်စေ့တစ်စောင်းတော့ သိရပြီပေါ့။ နိဗ္ဗာန်အကြောင်း သတင်းကောင်းတွေ သိရပြီပေါ့။ ၀မ်းသာစရာပါပဲ။

နိဗ္ဗာန်ဆိုတာ ဗုဒ္ဓဘာသာ သူတော်ကောင်းတွေရဲ့ ရည်မှန်းချက် ပန်းတိုင်ပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင် တစ်ချို့ကတော့ ပန်းတိုင်မရှိဘူးလို့ ကြွေးကြော်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပန်းတိုင်ရောက်ပြီး အဆုံးသတ်သွားတယ်ဆိုတာ မကြိုက်လို့၊ သူတို့က ဆက်ပြီးတော့ ကြိုးစားချင်လို့၊ အသိပညာအတွက် ရှာဖွေချင်တဲ့ သဘောကြောင့်ပါ။ ထူးဆန်းတဲ့ စိတ်ကူးလေးတွေပါ။ သူတို့က သဘာဝတရားကိုတော့ သဘာဝတရားအတိုင်း သိချင်တာပါပဲ။ သိချင်တဲ့နေရာမှာတော့ သိပ်ပြီးတော့ ထက်သန်တယ်။ ဒါကြောင့်လည်း သူတို့က ပန်းတိုင်မရှိဘူးလို့ ကြွေးကြော်တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာ သူတော်ကောင်းတွေကတော့ ဗုဒ္ဓဘာသာမှာ ပန်းတိုင်ရှိတယ်လို့ ကြွေးကြော်ပြီးသားပါ။

နိဗ္ဗာန်ပတ်သက်လို့ ချဉ်းကပ်မှုကို သရုပ်ဖော်လို့ ရပါတယ်။ နိဗ္ဗာန်ဆိုတာကတော့ (၃၁) ဘုံ ကမ္ဘာကြီးရဲ့ ဟိုမှာဘက်မှာ ရှိတဲ့သဘောပဲ။ အဓိပ္ပာယ်ကတော့ ဒီကမ္ဘာကြီးကို စွဲလမ်းတပ်မက် ကပ်ငြိနေတာတွေ အကုန်လုံးတော့ ငြင်းဖျက်ဖို့ လိုတယ်။ ဒါဟာ နိဗ္ဗာန်သွားဖို့အတွက် သွားရာလမ်း နည်းနိဿယျပါပဲ။ (နိရောဓေါ အတ္ထိ-ဆိုတာ) နိဗ္ဗာန်က တကယ်ရှိတာပါ၊ နိဗ္ဗာန်ရှိကြောင်း သိနိုင်ပါတယ်။ ဒါပေမယ့် နိဗ္ဗာန်ကို မချဉ်းကပ်ချင်ကြဘူး။  ဘာဖြစ်လို့လည်းဆိုတော့ သူတို့အတ္တနဲ့ စွဲလမ်းမှုတွေကို သူတို့က မချေဖျက်ချင်လို့ပါပဲ။ အတ္တနဲ့ စွဲလမ်းမှုတွေကို ချေဖျက်နိုင်မှ အဲဒီစွမ်းရည်က နိဗ္ဗာန်သွားမှာကိုး။

ဒီတော့ တစ်သီးပုဂ္ဂလ ဆန္ဒစွဲတွေနဲ့ စွဲလမ်းနေတဲ့ အရာတွေကို စွန့်လွှတ်နိုင်မှ နိဗ္ဗာန်ကို ရရှိမယ်ဆိုတာ တော်တော်များများ ဗုဒ္ဓဘာသာတွေက သိပြီးသား နားလည်ပြီးသားပါ။ ဒါကြောင့် ဗုဒ္ဓဘာသာတွေဟာ နိဗ္ဗာန်ကို ရောက်အောင်လို့ ချဉ်းကပ်ကြတယ် ကြိုးစားကြတယ်။ ဗုဒ္ဓဘာသာတွေကတော့ နိဗ္ဗာန် ပန်းတိုင်ကြီးကိုတော့ ချဉ်းကပ်ပြီ ဘာကြောင့်လည်းဆိုတော့ နိဗ္ဗာန်အထဲဝင်ရောက်ပြီး သိနားလည် ချင်လို့ပါ။ သွားရမယ့် ခရီးကတော့ ရှည်ချင်ရှည်မှာပေါ့ ဒါပေမယ့် တစ်နေ့တစ်လှံ ပုဂံဘယ်ရွေ့မလဲ တစ်နေ့တော့ ရောက်ရမှာပါပဲ။ ဒါကို အလေးအနက် ထားပြီးတော့ ၀င်စားဖို့တော့ လိုလိမ့်မယ်။

နိဗ္ဗာန်ကို ဘယ်လိုချဉ်းကပ်မလဲ ဆိုတာကို စာရေးသူရှုထောင့်ကနေ ဒီဆောင်းပါးမှာ တင်ပြဖို့ ဖြစ်ကြောင်း သတင်းကောင်း ပေးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)  

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *