ဟော့ကင်း၏အယူအဆများ

Share

၏အယူအဆများ

အခြေခံအမှုန်လေးတွေဆိုတာထင်မိထင်ရာပါ

Sir Stephen Hawking makes a rare public appearanceအားလုံးသိကြပါတယ် အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီကြီးနဲ့ ကွမ်တမ်မက္ကင်းနစ်ပညာတို့ဟာ ရှုပဗေဒ သမိုင်းမှာ အရေးပါ အရာရောက်တဲ့ အခန်းကဏ္ဍက ရပ်တည်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ နှိုင်းရသီအိုရီ ဆိုတာကတော့ အကြောင်းအကျိုးဘက်ကို လှည့်တယ်လို့ ကောက်ချက်ချရမှာပေါ့။

ဆိုတာကတော့ မသေချာခြင်း၊ ပရမ်းပတာ ဖြစ်ခြင်းဘက်ကို လှည့်တယ်လို့ ကောက်ချက်ချရမှာပေါ့။ ပရမ်းပတာ ဖြစ်တယ် ဆိုပေမယ့် လုံးဝ ပရမ်းပတာတော့ မဟုတ်ပါဘူး။ မူအတွင်းက ပရမ်းပတာပါ။ ဒီစကားလေးက နည်းနည်းတော့ဆန်းတယ်။ အဓိကကတော့ အကြမ်းစားကြီးတွေဟာ မူထဲမှာနေပြီး၊ အသေးစားလေးတွေကတော့ မူထဲမှာ မနေဘဲ ထင်မိထင်ရာ လှုပ်ရှားကြတဲ့သဘောပါပဲ။

ဒါကြောင့် အမှုန်လေးတွေရဲ့ ထင်မိထင်ရာ သဘောကြောင့် အနာဂတ်ကြီးဟာ တိတိကျကျ ပြောလို့မရဘူးလို့ သိပ္ပံက ဝန်ခံရတာဖြစ်ပါတယ်။ သိပ္ပံဝန်ခံချက်တွေ ရှိပါတယ် –

၁) အနာဂတ်အကြောင်းကို ကြိုပြော ဟောကိန်းထုတ်ရင် တိတိကျကျ သေသေချာချာ အသေးစိပ်တော့ မရဘူးဆိုတာရယ်

၂) စကြဝဠာကြီး ဘယ်လိုဖြစ်လာတယ် ဆိုတာ အထိုက်အလျောက် ရှင်းနိုင်ပေမယ့်၊ ဘာကြောင့် ဒီလိုဖြစ်နေရတယ် ဆိုတာကိုတော့ ရှင်းဖို့ခက်တယ် ဆိုတာရယ် – ဒါသိပ္ပံရဲ့ ဝန်ခံချက်တွေပါ။

အခုအခါမှာ အမှုန်လေးတွေဟာ ပရမ်းပတာ ဖြစ်တယ်လို့ ပြောရမှာပဲ။ သိပ်အသေးစိပ် လေ့လာတိုင်း သူတို့က အလေ့လာမခံဘူး ရှောင်ပြေးနေကြတော့ ခက်တာပေါ့။ ဒီအခါမှာ သိပ္ပံကလည်း လိုအပ်တာထက် ပိုပြီးကြို မပြောနိုင်ဘူး၊ ဟောကိန်း မထုတ်နိုင်ဘူး၊ ဆိုတဲ့သဘောတွေ ဖြစ်ကုန်တယ်။ သိပ္ပံကြိုမပြောနိုင်တာ အများကြီး ရှိပါတယ်။

သိပ္ပံကြိုပြောနိုင်တာကတော့ ယေဘုယျသဘောလောက်ပါပဲ။ ဒီတော့ သိပ္ပံမှာ ကြိုပြောလို့ရတာ ရှိတယ်၊ ကြိုပြောလို့ မရတာရှိတယ်လို့ပဲ ဝန်ခံရမှာ ဖြစ်ပါတယ်။ (Prediction) ပေါ့နော်၊ (Predictability) ဆိုတာက အထိုက်အလျောက် ရာခိုင်နှုန်းတော့ ရှိပါတယ်။ ဒီလိုပဲ (Retrodictability) ဆိုတာလည်း အတိတ်ကို ပြန်ပြောင်း ဟောကိန်းထုတ်တာကလည်း အထိုက်အလျောက်တော့ ရပါတယ်။ သို့သော် အဆုံးအစမမြင် ဖြစ်ချင်ရာဖြစ်ခဲ့တဲ့ ပရမ်းပတာ လောကအတွက်တော့ သိပ္ပံဟာ အသေးစိပ် တိတိကျကျတော့ လက်လှမ်းမမီကြောင်း သတင်းကောင်း ပေးထားတာကို သိရပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Articles and tagged , , , , . Bookmark the permalink.