လောကီနှင့်လောကုတ္တရာ

Share

ဟော့ကင်း၏အယူအဆများ

နှင့်

images လောကီ၌ ဟော့ကင်းတို့သည် သိပ္ပံအသစ်အဆန်း တွေ့ရှိချက်များ၌ ရင်ခုန်ကြသည်။ စကြဝဠာကြီးသည် တဖြည်းဖြည်း ပြန့်ကားနေသည် ဆိုသဖြင့် အရမ်းစိတ်ဝင်စားကြသည်။ တချိန်က စကြဝဠာကြီးသည် တစ်စုံတစ်ခုသော အလုံးလေးတစ်ခုပင် ဖြစ်ပေလိမ့်မည်ဟု မှန်းဆကြသည်။ ထိုအလုံးလေးမှ သိပ်သည်းခြင်း လွန်ကဲသောအခါ ပေါက်ကွဲထွက်၍ တဖြည်းဖြည်း ပြန့်ကားသွားသည်ဟု ယူကြသည်။

သိပ္ပံ၏ တွေ့ရှိချက်များအား ၎င်းတို့သည် ဆွေးနွေးကြ တိုင်ပင်ကြ မေးမြန်းကြ ဖြေဆိုကြ စိတ်ဝင်စား၍ ရင်ခုန်ကြသည်။ ရင်ခုန်မှုကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကြသည်။ နောက်ထပ် သိစရာများကိုလည်း စိတ်ဝင်စားစွာ လိုက်စားကြသည်။ စကြဝဠာကြီးသည် သဘာဝဥပဒေသ သိပ္ပံဥပဒေသနှင့်အညီ ဖြစ်ပေါ်လာရသည်ဟု ကောက်ချက်ချသည်။ ဤသို့ ကောက်ချက်ချခြင်း၌ ၎င်းတို့သည် ပျော်ရွှင်ကြည်နူးကြရသည်။

တစ်နေ့တစ်ချိန်တွင် စကြဝဠာအကြောင်းကို ကောင်းကောင်း သိမည်ဟု ကြွေးကြော်ကြသည်။ ထိုအခါ စကြဝဠာကြီး၏ဆရာ (Master of the Universe) ဖြစ်ရမည်ဟု မြော်မှန်းကြသည်။ သိပ္ပံပညာ၏ မြော်မှန်းချက်သည် စကြဝဠာ၏ဆရာ ဖြစ်လိုသော သဘောပင်ဖြစ်သည်။ ယင်းသည် လူသားတို့၏ အသိပညာဆိုင်ရာ အထိတ်အထိပ်ပိုင်းဟု သတ်မှတ်ကြသည်။

အမှန်တော့မူ လူသားတို့၏ အသိပညာ အထွတ်ထိပ်ပိုင်းသည် စကြဝဠာ သိရုံနှင့် မလုံလောက်ချေ။ (၃၁) ဘုံကြီးကို အားလုံးသိ၍ (၃၁) ဘုံ ကိုခြေကန်ကာ နိဗ္ဗာန်ကိုသိမှသာလျှင် လူသားတို့၏ အသိပညာ အထွတ်အထိပ်ကို ရောက်နိုင်မည်ဖြစ်သည်။ ဤအထွတ်ထိပ်ကို မြန်မာဗုဒ္ဓဘာသာတို့ ရောက်ရှိပြီး ဖြစ်သည်။ ရောက်ရှိပြီးသော ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ နိဗ္ဗာန်သည် အံ့သြဖွယ်ရာ ကောင်းလွန်းသည်၊ အံသြခြင်းဂုဏ်သည် နိဗ္ဗာန်၌ရှိသည်။ နိဗ္ဗာန်သည် လွန်စွာ သိမ်မွေ့လေရာ လောကီအကြမ်းနှင့် နှိုင်းယှဉ်၍ မရချေ။ လောကီသည် တော်တော်ကြမ်းသေးသည်။ လောကုတ္တရာမှသာလျှင် အဆုံးနိဂုံး၌ လွန်စွာချမ်းသာခြင်း တည်ရှိကြောင်း ကောင်းစွာဖွင့်ဆိုနိုင်သည်။ သိပ္ပံပညာရှင်များသည် စကြဝဠာကြီး၏ ပြန့်ကားနေမှုကို တွေ့ရှိကာ တစ်ချိန်က သေးငယ်သော စကြဝဠာဥများ ရှိခဲ့လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ပြန့်ကားမှုများအား ပြန်၍ချုံ့လိုက်သော် စကြဝဠာဥ ဖြစ်သွားမည်၊ ၎င်းသည် အမှတ်ထူးတစ်ခုပင် ဖြစ်ပေလိမ့်မည်ဟု သူတို့သည် သတ်မှတ်ခဲ့ကြသည်။

ဟော့ကင်းကိုယ်တိုင် –

(My most important work in this period was on singularities. Observations of distant galaxies indicate that they are moving away from us. The universe is expanding. This implies that the galaxies must have been closer together in the past. The question then arises: Was there a time in the past when all the galaxies were on top of each other and the density of the universe was infinite? Or was there a previous contracting phase, in which the galaxies managed to avoid hitting each other? Maybe they flew past each other and started to away from each other. To answer this question required new mathematical techniques.) ဟူ၍ ဖော်ပြခဲ့ဖူးသည်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism & Science and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *