ပန်းတိုင်(၂)

Share

ပန်းတိုင်(၂)

ပန်းတိုင်အကြောင်းကို ရှုဒေါင့်မှ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်သည် ဖြစ်သည်။ နိဗ္ဗာန်ကို စံမြန်းသောအခါ ရုပ်နာမ်ချုပ်သွားသည်။ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်စံမြန်း၍ နောက်ဆုံး အနုပါဒိသေသ နိဗ္ဗာန်သို့ စံမြန်းသွားရသည်။ သံသရာ ပြန်လှည့် မလာတော့ချေ၊ ရုပ်နာမ်ထပ်မဖြစ်တော့ချေ၊ ယင်းကား အဆုံးနိဂုံးဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သည်။

သိပ္ပံပညာရှင်များမှာမူ ပန်းတိုင်နှင့် ပတ်သက်၍ အဆိုအမိန့်များ အချို့ကို ချန်ထားခဲ့ရာ လောကီလိုင်းအတွက် သက်သက်ကဲ့သို့ ဖြစ်နေသည်။ ဥပမာ – ၏ လွန်စွာမှ ထင်ရှားကျော်ကြားသော (The Universe in a Nutshell) စာအုပ်မှ အမှာစာတွင် ဤသို့ဖော်ပြခဲ့ဖူးသည် –

The ultimate Theory of Everything seemed to be just over the horizon. How has the situation changed since then? Are we any closer to our goal? As will be described in this book, we have advanced a long way since then. But it is an ongoing journey still and the end is not yet in sight. According to the old saying, it is better to travel hopefully than to arrive. Our quest for discovery fuels our creativity in all fields, not just science. If we reached the end of the line, the human spirit would shrivel and die. But I don’t think we will ever stand still. We shall increase in complexity if not in depth and shall always be the centre of an expanding horizon of possibilities.

ထိုသို့ ဟောကင်းရေးခဲ့သည်။

အဓိပ္ပာယ်မှာ သူတို့သည် ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရန်ဝေးသေးသည်ဟုလည်း ဝန်ခံသည်၊ တဖက်ကလည်း ရည်မှန်းချက် ပန်းတိုင်သို့ ရောက်သွားလျှင် ကျွန်တော်တို့သည် အဆုံးသို့ ရောက်သွားနိုင်သည်။ အဆုံးသို့ ရောက်သွားလျှင် လူဆိုသည်မှာ ရှုံ့တွ၍ သေဆုံးရန်သာ ရှိတော့သည်။ လှုပ်ရှားရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ရှေးအစဉ်အလာ အယူအဆ ပြောသကဲ့သို့ မျှော်လင့်ချက်နဲ့ သွားနေရတာက ရောက်တာထက် ပိုပြီးကောင်းပါလိမ့်မယ် ဆိုသော စကားကို လက်သုံးသုံးကြသည်။

ဤကား အိုင်းစတိုင်းပြီးသည့်နောက် အထူးထင်ရှားကျော်ကြားသော သိပ္ပံပညာရှင်ကြီး သက်ရှိ စတီဖင်ဟော့ကင်း၏ အယူအဆပင်ဖြစ်သည်။  သူတို့သည် –  

.. .. it is better to travel hopefully than to arrive.

ဟူသော စကားကို လွန်စွာ မှီးလိုကြသည်။ ဤကိစ္စမှာမူ လောကီအတွက်သက်သက်၊ လောကီ စဉ်းစားမှုဖြင့် စဉ်းစားခြင်းမျှသာ ဖြစ်ပေလိမ့်မည်ဟု သဘောရသည်။

စာရေးသူ သိသည်မှာ နိဗ္ဗာန်ရောက်လျှင် လွတ်မြောက်သွားသည်၊ ရုပ်နာမ်ချုပ်သွားသည်၊ ဉာဏ်ပညာဖြင့် သာလျှင် အပြီးအပိုင် နိဗ္ဗာန်စံသွားမည် ဖြစ်သည်။ ဆင်းရဲခြင်း အားလုံးမှ ကင်းသည်၊ ရုပ်နာမ်နှင့် ပတ်သက်သော ဆင်းရဲဟူသမျှ ကင်းသည်၊ လွှမ်းမိုးသော ရုပ်နာမ်လည်း ချုပ်ငြိမ်းမည်၊ ပေါ်စရာလည်း မရှိချေ။ တဏှာဓာတ်ကို ချုပ်ငြိမ်းသွားစေမည် ဖြစ်သည်။ ထို့ကြောင့် အောင်မြင်သူတို့၏ လွတ်မြောက်ခြင်းကို ရမည်ဖြစ်သည်။ ထိုအခါ ဗုဒ္ဓဘာသာ၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်၍ လွန်စွာ အဖိုးတန်သည်။

အများအားဖြင့် ရုပ်နာမ်ရှိလျှင် တဏှာကျွန်ခံရသည်။ ၄င်းမှာ လွန်စွာ နစ်နာသည်၊ တဏှာခိုင်းစေရာသို့ ရုပ်နာမ်များက လိုက်ရသည်၊ ယင်းမှာ လွန်စွာအဆင့် နိမ့်သည်။ တဏှာကို အောင်နိုင်မှ ကောင်းမည် ဆိုသည်ကို ဗုဒ္ဓဘာသာ သူတော်စင်များ ဆုံးမတော် မူကြသည်။ အောင်နိုင်သောအခါ အောင်နိုင်ခြင်းကြောင့် ဝမ်းသာရခြင်းသည် တဏှာကုန်ဆုံး၍ နှမြောစရာ ကောင်းသည်ဟု ယူဆရခြင်းထက် ပိုမိုအဖိုးတန်သည်။

ထပ်မံ၍ ဖော်ပြပါမည်၊ အောင်မြင်သောအခါ  ရှုံ့တွခြင်း မရှိမူ၍ ဓာတ်ပြောင်းသွားသည်ကို ဗုဒ္ဓဘာသာ မှသာလျှင် သိနိုင်သည်။ ဤရုပ်နာမ် ချုပ်ဆုံးသွားသော်လည်း  ဉာဏ်ပညာဖြင့် နိဗ္ဗာန်သို့ လွတ်မြောက်စွာ စံမြန်း၍ အပြီးအပိုင် အဆုံးစွန်သို့ ရောက်သွားသည်ကို ဗုဒ္ဓဘာသာ မဟုတ်သေးသူများ သိနားလည်ရန် လွန်စွာမှ ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ၏ ပန်းတိုင် နိဗ္ဗာန်သည်သာ မှန်ကန်သည်ဟု မိမိသဘောရကြောင်း ဖော်ပြလိုပါသည်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism & Science and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *